ကချင်လူထုမှ ဟူးကောင်းချိုင့်ဝှမ်းဒေသ ဘိန်းခင်းများကို စတင် ဖျက်ဆီးနေ

ကချင်လူထုမှ ဟူးကောင်းချိုင့်ဝှမ်းဒေသ ဘိန်းခင်းများကို စတင် ဖျက်ဆီးနေ
by -
ကေအဲန်ဂျီ
ဇန်နဝါရီ ၁၂ရက်နေ့မှစပြီး ကချင်ပြည်နယ်အနောက်ဘက် ဟူးကောင်းချိုင့်ဝှမ်းဒေသ၌ ဘိန်းခင်းများ ဖျက်ဆီးခြင်းကို အစိုးရမဟုတ်သော ပြည်သူလူထုဘက်မှ လုပ်ဆောင်နေကြသည်ဟု သတင်းရရှိသည်။

Hugawng Pa labu pan pat jasan 2016ယင်းလူထုဘိန်းခင်းဖျက်ဆီးရေးအဖွဲ့တွင် တနိုင်း၊ လီဒိုလမ်းမ တလျှောက်၊ မိုးကောင်း၊ ဟိုပင်၊ မိုးညှင်း၊ ဖားကန့်နှင့် မြစ်ကြီးနားမြို့ နယ်များမှ လူအင်အား ၅၀၀ ကျော်ပါ၀င်ပြီး အဖွဲ့ငယ်(၈)ဖွဲ့ခွဲကာ  ဘိန်းခင်းများကို ဖျက်ဆီးနေကြောင်း သိရသည်။

ဟူးကောင်း ချိုင့်ဝှမ်း ရွှေမှော်ကြီးနှင့် ပယင်းမှော်ကြီးများတွင် နိုင်ငံတစ်ဝှမ်းမှ လူဦးရေ သောင်းပေါင်းများစွာ လာရောက် တူးဖော်နေထိုင်ကြပြီး မူးယစ်ဆေးဝါး စျေးကွက်ကြီး တစ်ခုလည်းဖြစ်သည်။ ဟူးကောင်းချိုင့်ဝှမ်းသည် ကချင်ပြည်နယ်တွင် ဘိန်း ဒုတိယအများဆုံးစိုက်ပျိုးသောဒေသဖြစ်သည်။

ယခု ဘိန်းခင်းများ ဖူးပွင့်လာနေချိန် လူထု၏ဘိန်းဖျက်ဆီးရေးအစီအစဉ်ကို စတင်လိုက်ခြင်းဖြစ်သည်။

ကချင်ပြည်နယ်အတွင်း ယခင် ကချင်ဒီမိုကရေစီသစ်တပ်မတော် (NDAK) အစိုးရနယ်ကြားစောင့်တပ် ထိန်းချုပ်သော ၀ုိင်းမော်မြို့နယ်၊ ကန်ပိုင်တီဒေသသည် ဘိန်းအများဆုံးစိုက်ပျိုးသော ဒေသဖြစ်သည်။ ပြည်နယ်မြောက်ပိုင်း ပူတာအိုခရိုင်ဘက်တွင်လည်း ဘိန်းခင်းများ တစ်နှစ်ထက်တစ်နှစ် တိုးလာနေကြောင်းသိရသည်။

မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတွင် အစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့(KIO)တို့၌ အဓိက တာဝန်ရှိသော်လည်း ၄င်းတို့လုပ်ဆောင်နေမှုများ ထိရောက်မှု မရှိသောကြောင့်၊ ၂၀၁၄ မှစပြီး ကချင်လူထုက မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အစီအစဉ်များ ကို သီးခြား လုပ်ဆောင်လာခြင်းဖြစ်သည်။

May 19, 2026
လေယာဉ်လက်မှတ် အခက်အခဲကြောင့် မြစ်ကြီးနားမြို့ မှ ရန်ကုန်၊ မန္တလေးမြို့တွေမှာ ဆေးသွားကုသရမယ့်...
May 16, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် နမ့်ခမ်းမြို့နယ် ဆင်လီဘွမ် (SinliBum) တစ်ကြောကို...
May 15, 2026
ကချင်ပြည်နယ်၊ ပူတာအိုမြို့လယ်ခေါင်မှာ စစ်တပ် နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ရဲကင်းထိုင်ချထားပြီး...
အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ ပြင်နေချိန် ထီးချိုင့်-ကသာလမ်းပိုင်းမှာ တိုက်ပွဲဖြစ်
May 14, 2026
အမိုး — စစ်ကိုင်း–ကချင် ကားလမ်းပိုင်းကို စစ်တပ်က ထိန်းချုပ်ပြီး အုပ်ချုပ်ရေးယန္တရား...