လိပ်ကျွန်းတွင် အသတ်ခံရသူ ဟန်နာ၏ အစ်မက ထိုင်းအာဏာပိုင်များ၏ ဆက်ဆံပုံများကို ဖွင့်ချ

လိပ်ကျွန်းတွင် အသတ်ခံရသူ ဟန်နာ၏ အစ်မက ထိုင်းအာဏာပိုင်များ၏ ဆက်ဆံပုံများကို ဖွင့်ချ
by -
မဇ္ဈိမ
ရဲရင့်သည့် လုပ်ဆောင်မှုတစ်ရပ်အဖြစ် လိပ်ကျွန်းတွင် အသတ်ခံရသူ ဗြိတိန်သူ ဟန်နာ၏ အစ်မ လော်ရာဝှစ်သာရိုက်က ထိုင်းအာဏာပိုင်များ၏ ကြောက်ဖွယ်ကောင်းသော ၎င်းတို့၏ မိသားစုအပေါ် ဆက်ဆံလိုက်ပုံများကို လူသိရှင်ကြား ဖွင့်ချလာသည်။ လော်ရာ၏ ဖွင့်ချလိုက်မှုက မီဒီယာများတွင် ပျံ့နှံ့နေသည်။ အမှုနှင့် ပတ်သက်ပြီး ကြံုတွေ့ခဲ့ရသည်များကို လော်ရာက ၎င်း၏ ဖေ့ဘုတ်စာမျက်နှာတွင် ဖော်ပြလိုက်ခြင်းဖြင့် သောသောညံအောင် ပျံ့နှံ့သွားခဲ့ပြီဖြစ်သည်။

"လိပ်ကျွန်းမှာ နောက်ထပ် ဗြိတိန်နိုင်ငံသားတွေ အသတ်ခံရတာမျိုးကို မြင်ရလာနိုင်တာပါပဲ။ ကျွန်မအနေနဲ့ ဖေ့ဘုတ်ပို့စ် ရေးတင်ဖို့ မရှိခဲ့ဘူး။ ဒါပေမယ့် သူငယ်ချင်းတစ်ယောက် ရှယ်ထားတဲ့ ပို့စ်ကို ဒီမနက်မှာ တွေ့ရတယ်။ ဒါကတော့ လိပ်ကျွန်းကို မသွားကြဖို့ သတိပေးထားတာပဲ။ ထိုင်းနိုင်ငံက ကမ္ဘာ့အလှဆုံး စာရင်းဝင် လိပ်ကျွန်းကတော့ ကျွန်မအတွက် စိတ်အနှောင့်အယှက် ကောင်းကောင်းပေးနေပါပြီ။ ဒီလှပတဲ့ နေရာက ရှင်တို့ကို အန္တရာယ်ရှိရာဆီကို ဆွဲဆောင်နေတဲ့ နေရာ တစ်နေရာပဲဖြစ်ပါတယ်။"ဟု လော်ရာက ဖေ့ဘုတ်ပေါ်တွင် ရေးသားထားသည်။

ဟန်နာ၏ အမှုဖြစ်ပြီးနောက် လူအများကို သတိပေးချင်ခဲ့ကြောင်း၊ သတိပေးခဲ့လျှင် တစ်စုံတစ်ဦး တစ်ယောက်ယောက်၏ အသက်ကို ကယ်တင်တာမျိုးဖြစ်လာနိုင်ကြောင်း၊ လိပ်ကျွန်းသည် လှပသော်လည်း မျက်ရည်များကို ဖန်တီးလာနိုင်သည့် အလှအပဖြင့် ဆွဲဆောင်နေသော နေရာတစ်ခုဖြစ်ကြောင်း လော်ရာက ရေးသားထားသည်။

ဟန်နာကိစ္စတွင် လော်ရာအနေဖြင့် ထိုင်းနိုင်ငံ၏ အန္တရာယ်ကြီးပုံကို ဖော်ပြရန် စဉ်းစားအကြံဉာဏ် တောင်းခဲ့ဖူးကြောင်းလည်း ၎င်းက ပြောသည်။ ထိုင်းနိုင်ငံက မုဒိမ်းမှုနှင့် လူသတ်မှုများထက် မူးယစ်ဆေးသံသရာတွင် လည်နေသည့် နိုင်ငံဖြစ်ကြောင်း ကို လော်ရာက ရေးသားသည်။ ထိုင်းရဲများ အများစုကလည်း အကျင့်ပျက်ခြစားနေကြသူများဖြစ်ကြောင်း ၎င်းက ပြောသည်။

ဟန်နာအသတ်ခံရမှုအတွက် ထိုင်းတော်ဝင် ရဲဌာနချုပ်သို့ ဖိတ်ခေါ်ခံရကြောင်း၊ သို့သော်လည်း ရောက်ရှိချိန်တွင် အခန်းကျယ်အတွင်း ငါးမိနစ်ခန့် စောင့်ဆိုင်းခဲ့ရသော်လည်း နောက်ဆုံး တွေ့ဆုံလိုက်ရသူများမှာ သတင်းထောက် ၂၀၀ ကျော်က ဝိုင်းအုံ ဓာတ်ပုံများ ရိုက်ခြင်းပင်ဖြစ်ကြောင်း၊ သတင်းများက ကျွန်မတို့၏ ပုံများကို ဖော်ပြနိုင်ရန်သာ ဖန်တီးလိုက်ပုံမျိုးပင်ဖြစ်ကြောင်း လော်ရာ က ရေးသားသည်။

"ထိုင်းရဲတပ်ဖွဲ့အကြီးအကဲ ကျွန်မတို့ကို အမှုနောက်ဆုံး တွေ့ရှိချက်များအကြောင်း တစ်စုံတစ်ရာမှ ပြောကြားခြင်းမရှိ" ဟု လော်ရာက ဆိုသည်။ "ကျွန်မတို့ကို ခေါ်ယူတွေ့ဆုံသည်က မီဒီယာများအတွက် သတင်းဖော်ပြဖြစ်အောင်ပဲ ဖြစ်သည်"ဟုလည်း ရေးသား ထားသည်။

လိပ်ကျွန်းတွင် ဟန်နာအသတ်ခံရမှုက သံသယဖြစ်စရာ အချက်များ များစွာရှိနေကြောင်း လော်ရာက ရေးသားထားသည်။

ညီမဖြစ်သူ ဟန်နာအသတ်ခံရပြီးနောက်ပိုင်း ထိုင်းနိုင်ငံမှ အသက်အန္တရာယ် ခြိမ်းခြောက်မှုများကိုလည်း ကြံုတွေ့ရကြောင်း၊ ကျွန်မ၏ ဓာတ်ပုံကို ဖျက်ဆီးထားပြီး လူသတ်သမားများက အလုပ်ကို တစ်ပိုင်းသာလုပ်ရသေးပြီး နောက်ထပ်လုပ်စရာ ကျန်နေသေးသည်ဟု ခြိမ်းခြောက်ကြောင်းများလည်း ရေးသားထားသည်။

လက်ရှိတွင် ကိုယ့်အရိပ်ကိုပင် ပြန်ကြောက်လန့်နေပြီဖြစ်ကြောင်း၊ အိပ်မက်ဆိုးများလည်း မက်နေရကြောင်း၊ စိတ်ပင်ပန်းလွန်းရကာ မောပန်းနေပြီဖြစ်ကြောင်း ရေးသားထားသည်။

Ref: change.org

April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...
April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...