လိပ်ကျွန်းအယူခံ မြန်မာအထူးကိုယ်စားလှယ် ထိုင်းနိုင်ငံရောက်ရှိနေ

လိပ်ကျွန်းအယူခံ မြန်မာအထူးကိုယ်စားလှယ် ထိုင်းနိုင်ငံရောက်ရှိနေ
by -
မဇ္ဈိမ
ဗြိတိန်နုုိင်ငံသားနှစ်ဦး အသတ်ခံရမှုဖြင့် သေဒဏ်ချမှတ်ခံရသူ မြန်မာနုုိင်ငံသား ဝင်းဇော်ထွန်းနှင့် ဇော်လင်းတုုိ့အမှု အယူခံဝင်ရန် အတွက် မြန်မာအစိုုးရမှ စေလွတ်ခဲ့သော အထူးကုုိယ်စားလှယ်အဖွဲ့နှင့် ထုုိင်းနုုိင်ငံဆုုိင်ရာ မြန်မာသံ အမတ်ကြီးတို့ တွေ့ဆုံုဆွေးနွေး ခဲ့သည်။

သမ္မတ ဦးသိန်းစိန်၏ ညွန်ကြားချက်ဖြင့် ပြည်ထောင်စုုရှေ့နေချုပ်ရုံုးမှ ဥပဒေပညာရှင် ဒုုတိယ ညွန်ကြားရေးမှူးချုပ် ဒေါ်ခင်ချိုအုုန်း၊ မြန်မာနုုိင်ငံ ရဲတပ်ဖွဲ့မှ မူခင်းဆေးပညာဆုုိင်ရာ ကျွမ်းကျင်သူ ရဲမှူးကြီး စုုိးနုုိင်ဦးနှင့် မြန်မာနုုိင်ငံ ရှေ့နေများကောင်စီမှ အယူခံမှုဆုုိင်ရာ ကျွမ်းကျင်သူ ဦးဖေခင်တုုိ့သည် ဇန်နဝါရီလ ၁၁ ရက်က ထုုိင်းနုုိင်ငံသုုိ့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။

“နုုိင်ငံတော်က ရောက်လာတဲ့ အဖွဲ့အစည်းတွေနဲ့ အယူခံတက်မဲ့ ကိစ္စလေးတွေကုုိဘဲ ဆွေးနွေးတာပါ။ ကလေးတွေရဲ့ အမှုနဲ့ ပတ်သက်လုုိ့ ကောင်းတဲ့ ရလာဒ်တွေရနုုိင်မဲ့အချက်တွေကုုိ တင်ပြဆွေးနွေး တယ်။” ဟုု အထူး စုံုစမ်းရေးကော်မတီမှ ရှေ့နေဦးအောင်မျိုးသန့်က ပြောသည်။

မြန်မာအထူးကုုိယ်စားလှယ်များသည် ထုုိင်းနုုိင်ငံဆုုိင်ရာ မြန်မာသံအမတ်ကြီး ဦးဝင်းမောင်နှင့် သံရုံုးမှ ဖွဲ့စည်းထားသော အထူးစုံုစမ်းရေးကော်မတီတုုိ့နှင့် တွေ့ဆုံုကာ အယူခံဝင်ရန် ရှေ့ဆက်ဆောင်ရွက် မည့် လုုပ်ငန်းစဉ်များကုုိ ဆွေးနွေးခဲ့သည်ဟုု သိရသည်။

အယူခံဝင်ရန် အသေးစိတ်ဆွေးနွေးရာတွင် DNA စစ်ဆေးထားချက်များသည် တရားလုုိများဘက်မှ မျက်မြင်သက်သေနှင့် အထောက်အထား မရှိသဖြင့် သေဒဏ်မှ လွတ်ကင်းလိမ့်မည်ဟုု မျော်လင့်ကြောင်း ရှေ့နေ ဦးအောင်မျိုးသန့်က ပြော ဆိုခဲ့သည်။

“ကျနော်တိုု့ အောက်ရုံုးမှာ သေဒဏ်မချခင်ကတည်း ပြောပြီးပြီ။ မျက်မြင်သက်သေမရှိတဲ့အမှု၊ ဒီအန်အေ လုံုးဝကွဲလွဲတဲ့ အမှုပါ။ အမှုတခုုရဲ့ အသက်ဖြစ်တဲ့ ဒီအန်အေဆုုိတာဟာ လုံုးဝ အထောက်အထား မရှိဘူး။ ဒီအန်အေ တူပါတယ်ဆုုိတဲ့ စစ်ဆေးချက်ကလည်း စဉ်ဆက်မပျက်စစ်ထားတာ မဟုုတ်ဘူး။ ပြောချင်တာက ဒီမှတ်တမ်းမှတ်ရာကုုိ ကျွမ်းကျင်တဲ့ မူခင်းပါရဂူဘက်က ကြည့်လိုု့ရှိရင် မှန်ကန်တယ်ဆုုိတဲ့ ထောက်ခံ ပြောဆုုိနုုိင်တဲ့အနေအထားမျိုး မရှိတဲ့အတွက်ကြောင့် ဒီအန်အေဟာ ကင်းလွတ်နေတယ်။ ကလေးတွေဟာ အပြစ်ပေးလုုိ့မရဘူးဆုုိတာ ရှင်းနေပါတယ်။” ဟုု သူက ပြောသည်။

အယူခံဝင်ရန်အတွက် အမှုနှင့် ပတ်သက်၍ သက်သေထွက်ဆုုိနုုိင်မည့် လူ ၈ ဦးစာရင်း ရရှိထားပြီး ဖြစ်ကြောင်း သူက ပြောသည်။

“ကျနော်တ်ိုု့ စာရင်းရထားတာ လူ ၈ ဦးရှိပါတယ်။ ဒါပေမဲ့ ခုုထိ ကျနော်တိုု့ကုုိ မဆက်သွယ်လာသေးပါဘူး။ ဆက်သွယ်လာရင်တော့ အဲဒီအတုုိင်း ထွက်ဆုုိနုုိင်တယ် ဆုုိရင်တော့ ရှေ့နေများကောင်စီနဲ့ တုုိင်ပင်ပြီး စဉ်စားမှာပါ။” ဟုု ရှေ့နေ အောင်မျိုးသန့်က ဆက်ပြောသည်။

မြန်မာနုုိင်ငံသား နှစ်ဦးအား သေဒဏ်ချမှတ်ပြီးနောက် တစ်လအတွင်း အယူခံဝင်ရန် လာမည့် ဇန်နဝါရီလ ၂၄ ရက်တွင် တစ်လပြည့်မည် ဖြစ်သော်လည်း လုုိအပ်ပါက ထပ်မံ ရက်တုုိးတောင်းဆုုိသွားမည်ဟုဆိုသည်။

လိပ်ကျွန်းလူသတ်မှုတွင် သေဆုံုးသူ ဟန်နာဝစ်သာရစ်၏ အစ်မ လော်ရာဝစ်သာရစ်က ထုုိင်းရဲတပ်ဖွဲ့၏ အကျင့်ပျက်မှုများနှင့် အသက်အန္တရယ်ကုုိပါ ခြိမ်းခြောက်ခံရကြောင်း သူမ၏ ဖေ့ဘုုတ် လူမှုကွန်ယက်တွင် ရေးသားမှုများ ရှိနေမှုနှင့် ပတ်သက်၍ သတင်းအရ သိရပြီး အယူခံအတွက် အသုံုးပြုနုုိင်သဖြင့် အမှုတွဲတွင် လေ့လာရန် သုံုးသပ် ဆွေးနွေးမှုများရှိသည်ဟုု ရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။

“ကျနော်တိုု့ တိကျတယ်လုုိ့ ပြောလုုိ့ မရသေးပါဘူး။ အယူခံအကြောင်းအရာမှာ သုံုးပုုိင်ခွင့်ရှိတာမုုိ့လုုိ့၊ ဖြစ်ပေါ်တဲ့ အကြောင်းအရာကုုိ အမှုတွဲမှာဘဲ လေ့လာဖုုိ့ သုံုးသပ်နေကြပါတယ်။” ဟုု သူက ပြောသည်။

မြန်မာနုုိင်ငံမှ စေလွှတ်ခဲ့သော ကျွမ်းကျင်ပညာရှင် အထူးကုုိယ်စားလှယ်အဖွဲ့သည် ဇန်နဝါရီလ ၁၃ ရက်က မြန်မာနုုိင်ငံသား ဝင်းဇော်ထွန်းနှင့် ဇော်လင်းတုုိ့ အကျဉ်းကျနေသော နခွန်စီထာမရပ်ထောင်သုုိ့ သွားရောက်ခဲ့ခြင်း ဖြစ်သည်။

၂၀၁၄ ခုုနှစ် စက်တင်ဘာလက ဗြိတိန်နုုိင်ငံသား အသက် ၂၃ နှစ် ဟန်နာနှင့် အသက် ၂၄ နှစ် ဒေးဗစ်မီလာတုုိ့ နှစ်ဦး လိပ်ကျွန်းတွင် အသတ်ခံရမှုတွင် မြန်မာနုုိင်ငံသား ဇော်လင်းနှင့် ဝင်းဇော်ထွန်းတုုိ့ကုုိ ပြီးခဲ့သည့် ၂၀၁၅ ဒီဇင်ဘာလ ၂၄ ရက်က သေဒဏ် ချမှတ်ခဲ့ခြင်း ဖြစ်သည်။

Most read this week

December 16, 2025
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်တွင် ဒီဇင်ဘာ ၁၀ ရက်နေ့၌ မြောက်ဦးဆေးရုံကို စစ်ကော်မရှင်မှ ပေါင်...
December 15, 2025
စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်အရှေ့ခြမ်း ဆွတ်နန်းကျေးရွာအနီးရှိ ရန်ကင်းတောင်စခန်း...
December 10, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့ကိုဦးတည် စစ်ကြောင်းထိုးနေသည့် စစ်ကော်မရှင်တပ်စစ်ကြောင်း က ဒေသခံ ၁၂...
December 9, 2025
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အနောက်မြောက်ခြမ်းတွင် စစ်ကြောင်းထိုးနေသည့် စစ်ကော် မရှင်တပ်က...