ပထမအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ စတင်ပြီ

ပထမအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ စတင်ပြီ
by -
ခိုနုမ်းထုမ်
သမ္မတ ဦးသိန်းစိန်အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ (၈) ဖွဲ့အကြား သဘောတူ လက်မှတ်ရေးထိုးထားသည့် NCA လုပ်ငန်းစဉ်များအရ ပထမအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကို ယနေ့ ဇန္နဝါရီ ၁၂ ရက်နေ့ နံနက် ၉းဝဝ နာရီမှ စတင်ပြီး နေပြည်တော်တွင် ကျင်းပခဲ့ကြသည်။

ညီလာခံ ဖွင့်ပွဲ အခမ်းအနားသို့ နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော်ဥက္ကဌ၊ ပြည်ထောင်စု လွှတ်တော်နာယက သူရ ဦးရွှေမန်း၊ နိုင်ငံတော်ကာကွယ်ရေး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်တို့ တက်ရောက်ပြီး အမှာစကားများ ပြောကြားခဲ့ကြသည်။

ညီလာခံပထမနေ့တွင် (၅) ရက်အတွင်း ဆွေးနွေးမည့် ကဏ္ဍ (၅) ခုအတွက် အစုအဖွဲ့များ စုဖွဲ့ခြင်း၊ သဘာပတိနှင့် အကျိုးဆောင်များရွေးချယ်အတည်ပြုခြင်းများကို ပြုလုပ်ခဲ့ကြသည်။

(၅) ရက်တာ ညီလာခံတွင် အောက်ပါ ကဏ္ဍ (၅) ခုကို ဆွေးနွေးသွားကြမည်ဖြစ်သည်။

၁။ နိုင်ငံရေး- ဖက်ဒရေစနစ်တွင် အခြေခံသင့်သည့် မူများ

၂။ လူမှုရေး – ပြန်လည်နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ ကိစ္စရပ်များထဲမှ ပြည်တွင်းနေရပ် စွန့်ခွါ တိမ်းရှောင်သူများ ( IDPs)

၃။ စီးပွားရေး – အခွန်ကောက်ယူခြင်းနှင့် ပြန်လည်ခွဲဝေခြင်း ( Tax and Revenue Sharing)

၄။ လုံခြုံရေး – နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ အခြေခံသင့်သည့်မူများ

၅။ မြေယာနှင့် သဘာဝပတ်ဝန်းကျင် ဆိုင်ရာ မူဝါဒကိစ္စရပ်များ – သဘာဝသယံဇာတဆိုင်ရာ စီမံခန့်ခွဲခြင်းနှင့် ခွဲဝေခြင်းဆိုင်ရာ ကိစ္စရပ်များ ဖြစ်သည်။

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...