ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကျင်းပနိုင်ခြင်းသည် အားလုံး၏သမိုင်းဖြစ်သည်ဟု ဦးအောင်မင်း ပြော

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကျင်းပနိုင်ခြင်းသည် အားလုံး၏သမိုင်းဖြစ်သည်ဟု ဦးအောင်မင်း ပြော
by -
မဇ္ဈိမ
ဓာတ်ပုံ - MPC
ဓာတ်ပုံ - MPC
ပထမဆုံးအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကျင်းပနိုင်ခြင်းသည် အစိုးရ၏ သမိုင်းသာ မဟုတ်ဘဲ အားလုံး၏ သမိုင်းဖြစ်သည်ဟု သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ယနေ့ နေပြည်တော် Horizon Lake View ဟိုတယ်၌် ကျင်းပသော ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) စတုတ္တအကြိမ် အစည်းအဝေးတွင် ပြောကြားသည်။

''အခက်အခဲတွေ၊ အချိန်ရဲ့ စိန်ခေါ်မှုတွေ ကိုကျော်လွှားနိုင်ဖို့ ဝိုင်းဝန်းကျိုးပန်းခဲ့ကြတဲ့ UPDJC ခေါင်းဆောင်များနဲ့ Technical Team တွေကို ကျွန်တော့အနေနဲ့ အထူးဘဲကျေးဇူးတင်ပါတယ်။ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ကျင်းပနိုင်ခြင်းဟာ ကျွန်တော်တို့ အစိုးရရဲ့ သမိုင်းသာ မဟုတ်ဘဲ ခင်ဗျားတို့ ကျနော်တို့ အားလုံးရဲ့ သမိုင်းဖြစ်တယ်ဆိုတာကို ကျနော်ဒီနေရာကနေ ပြောချင်တယ်။'' ဟု ၄င်းက ဆိုသည်။

အစိုးရအနေဖြင့် ပထမဆုံး အကြိမ်ပြုလုပ်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံအား နောင် ကျင်းပမည့် ညီလာခံများ၏ အုတ်မြစ်အဖြစ် အခြေခံကောင်းများ ထားရှိရန် ဆောင်ရွက် မည်ဖြစ်ကြောင်း၊  NCA သဘောတူစာချုပ်၏ အချိန်ဇယားနှင့် ရည်မှန်းချက်များ အတိုင်း ဆောင်ရွက်မည် ဖြစ်ပြီး ငြိမ်းချမ်းရေး ညီလာခံကို ၂၀၁၆ ဇန်နဝါရီ ၁၂ မှ ၂၂ ရက်အထိ ဆောင်ရွက် လိုသော်လည်း  ဆွေးနွေးဖက်များ၊ Stakeholder များ၏ မေတ္တာရပ်ခံမှုကြောင့် ၅ ရက်ကျင်းပရန် ဆုံးဖြတ်ခဲ့ရသည် ဟု ဦးအောင်မင်းက ဆက်လက်ပြောကြားသည်။

ယနေ့ကျင်းပသော ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) စတုတ္တအကြိမ် အစည်းအဝေးတွင် (UPDJC) ဒုတိယဥက္ကဌများဖြစ်ကြသည့် အစိုးရအဖွဲ့ ကိုယ်စားလှယ်၊ ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်း၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အစုအဖွဲ့ ကိုယ်စားလှယ်၊ ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံး အထွေထွေအတွင်ရေးမှူး ပဒိုကွယ်ထူးဝင်းနှင့် နိုင်ငံရေးပါတီများ အစုအဖွဲ့ကိုယ်စားလှယ်၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ) ဥက္ကဌ ဦးသုဝေတို့ကလည်း အဖွင့်အမှာစကားများ အသီးသီး ပြောကြားခဲ့ကြသည်။

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ်မူကြမ်း (NCA) လက်မှတ်ရေးထိုးခြင်းမရှိသေးသော ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင်များက ဇန်နဝါရီ ၁၂ ရက် တွင် ကျင်းပတော့မည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံသို့ တက်ရောက်မည် မဟုတ်ကြောင်း ဇန်နဝါရီ ရ ရက်က အရေးပေါ် အစည်းအဝေး ပြုလုပ်၍ ဆုံးဖြတ်ထားသည်။

''ညီလာခံကို ကျွန်တော်တို့ တက်ရောက်မှာမဟုတ်ပါဘူး။ အဓိက အခြေအနေ ၃ ချက်အပေါ်မှာ ဦးတည်ပြီး အဲဒီသဘောထားကို ဆုံးဖြတ်တာ ဖြစ်ပါတယ်၊ တစ်ဖွဲ့ချင်းလည်း တက်ရောက်မှာ မဟုတ်ဘူး'' ဟု UNFC ၏ အထွေထွေတွဲဘက် အတွင်းရေးမှူး(၁) ဦးထွန်းဇော်က ပြောသည်။

အစိုးရနှင့် အပစ်ရပ်လက်မှတ်ရေးထိုးထားသည့်အဖွဲ့ (၈) ဖွဲ့တို့ပြုလုပ်မည့် ဆွေးနွေးပွဲ သို့ '၀'သွေးစည်းညီညွတ်ရေးတပ်မတော် UWSP/UWSA က တက်ရောက်မည်မဟုတ်ကြောင်း ပြည်ပ ဆက်ဆံရေးဌာနကြီးမှူး ဦးကျောက်ကော်အန်းက ဇန်နဝါရီ ၈ ရက်နေ့က မဇ္ဈိမသို့ပြောကြားသည်။

April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...
April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...