“ကလေးတွေက ပြစ်မှုကျူးလွန်သူ မဟုုတ်ဘူးဆုုိတာကုုိလည်း သူတိုု့ဘက်က စွပ်စွဲတဲ့ အချက်တွေ ကုုိလည်း ဖြေရှင်းခဲ့ပြီးပါပြီ။ အဓိက စစ်ဆေးချက်ဖြစ်တဲ့ ဒီအန်အေကုုိလည်း သူတိုု့နုုိင်ငံက ဒေါက်တာ ကုုိယ်တုုိင်ကလည်း စစ်ဆေးခံပြီးပါပြီ။ ဘယ်လုုိမှ အပြစ်ပေးလုုိ့ မရတဲ့ဟာကုုိ ပြစ်ဒဏ်အမြင့်ဆုံုး ပေးတယ်ဆုုိတော့ အနာဂတ်မှာ မြန်မာအလုုပ်သမားတွေအတွက် မကောင်းတဲ့ အလားအလာပဲ လုုိ့ ပြောချင်တယ်”ဟုု ၎င်းက မဇ္စျိမသို့ ပြောသည်။
ထုုိင်းရဲတပ်ဖွဲ့ဘက်မှ စွတ်စွဲချက်များအပေါ် ပြန်လည်ချေပနုုိင်ခဲ့သလုုိ၊ ထုုိင်းနုုိင်ငံ ဗဟုုိမှုခင်း ဆေးပညာ သိပ္ပံဌာန ညွန်ကြားရေးမှူး ဒေါက်တာ ဖွန်းထစ် ရိုကျနာ ဆူလန် ကုုိယ်တုုိင် မျိုးရိုးဗီဇ စစ်ဆေးမှုတွင် နည်းလမ်းမှန်ကန်မှု မရှိကြောင်း စက်တင်ဘာ ၂၂ ရက်နေ့က တရားရုံုးသုုိ့ ထွက်ဆုုိခဲ့သည်။
ပြီးခဲ့သည့် ဇူလုုိင် ၈ ရက်မှ အောက်တုုိဘာ ၁၁ ရက်နေ့အထိ စုုစုုပေါင်း ၂၁ ရက်ကြာ ကော့စမွေ တရားရုံုးတွင် စစ်ဆေးခဲ့ပြီး ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် အပြီးသတ် စီရင်ချက်ချမှတ်ခဲ့ခြင်း ဖြစ်သည်။
သူတိုု့နှစ်ဦး၏ အမှု အယူခံကုုိ ဘန်ကောက်မြို့ရှိ တရားလွှတ်တော်ချုပ်သုုိ့ ရ ရက်အတွင်း အယူခံ ဝင်မည်ဟု သိရသည်။
“ဥပဒေအရ အပြစ်မပေးသင့်ဘူးလိုု့ အတန်တန်ပြောခဲ့တာပါ။ မျက်မြင်သက်သေမရှိဘဲနဲ့ ဒီလုုိ ပြစ်ဒဏ် အမြင့်ဆုံုးကုုိ ပေးတယ်ဆုုိ တာကတော့ တော်တော်လေး စိတ်မကောင်းစရာပါ။ ဒီကလေးတွေဟာ နုုိင်ငံတော်က လူကြီးတွေ ပံ့ပုုိးနေပါလျက်နဲ့ ဒီလုုိ ပြစ်ဒဏ် လွန်လွန်ကျူးကျူးခံရတယ်ဆုုိတာကုုိက အန်ကယ် စိတ်မကောင်းအလွန်ဖြစ်မိပါတယ်”ဟုု ရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။
ကုုိဇော်လင်းနှင့် ဝေဖြိုး (ခ) ဝင်းဇော်တုုိ့ကုုိ လူသတ်မှုနှင့် မဒိန်းမှုတုုိ့ဖြင့် သေဒဏ်၊ ပစ္စည်းခုုိးမှု၊ လုုယက်မှုက နှစ်ပေါင်း ၂၀၊ ထိန်ချန်မှုကုုိ ၅ နှစ်၊ ပူးပေါင်းကြံစည်မှု ၅ နှစ် တရားမဝင် ဝင်ရောက်မှုက ၆ လ၊ ဆက်လက် နေထုုိင်မှုက ၆ လ အသီးသီး ချမှတ်လုုိက်ရာ သေဒဏ်နှစ်ခုုနှင့် ထောင်ဒဏ် ၃၁ နှစ်ထိ ချမှတ်လုုိက်သည်ဟုု ရှေ့နေက ပြောသည်။
တရားခံဘက်မှ ထုုိင်းတရားစွဲအဖွဲ့က ဖြောင့်ချက်ယူရာတွင် ရဲစခန်းတွင် ခြိမ်းခြောက်၍ ယူခဲ့သဖြင့် မှန်ကန်မှုမရှိခြင်း၊ မျိုးရိုးဗီဇ (DNA) စစ်ဆေးမှုတွင် တူညီမှု မရှိခြင်း၊ မှန်ကန်မှုမရှိသဖြင့် ပြစ်မှုကျူးလွန်ခြင်းမရှိကြောင်း တရားစွဲခံရသူ၏ ရှေ့နေများဘက်မှ ပြောဆုုိ ထားသည်။
ပြီးခဲ့သည့် ၂၀၁၄ ခုုနှစ် စက်တင်ဘာ ၁၅ ရက်နေ့က ဗြိတိန်နုုိင်ငံသား ဟန်နာ (၂၃နှစ်) နှင့် ဒေးဗစ် ၂၄နှစ် တို့သည် ခိုတောင်ကျွန်းပေါ်တွင် အဓမ္မပြုကျင့်ခံရပြီး အသတ်ခံရပြီးနောက် မြန်မာနုုိင်ငံသား နှစ်ဦးကုုိ ဖမ်းဆီးကာ ထုုိင်းရဲတပ်ဖွဲ့က တရားလုုိ ပြုလုုပ်၍ တရားစွဲဆုုိခဲ့ခြင်းဖြစ်သည်။
သူတုုိ့ နှစ်ဦး၏အမှုကုုိ ထုုိင်းရှေ့နေများကောင်စီနှင့် မြန်မာစုံုစမ်းစစ်ဆေးရေးအဖွဲ့တုုိ့ ပူးပေါင်း၍ ကူညီဆောင်ရွက်ခဲ့သည်။







