လာမည့်နှစ်တွင်ဆရာဝန်၊ သူနာပြု ခုနှစ်သောင်းကျော်မွေးထုတ်ရန်စီစဉ်

လာမည့်နှစ်တွင်ဆရာဝန်၊ သူနာပြု ခုနှစ်သောင်းကျော်မွေးထုတ်ရန်စီစဉ်
by -
မဇ္ဈိမ
ကရင်ပြည်နယ် ကော့ကရိတ်မြို့ရှိ ကော့ကရိတ်ပြည်သူ့ဆေးရုံအတွင်းရှိ တာဝန်ထမ်းဆောင်နေသည့် သူနာပြု နှစ်ဦးအား ၂၀၁၃ ခုနှစ် သြဂုတ်လ ရ ရက်ကတွေ့ရစဉ်။ ဓာတ်ပုံ - ဟောင်ဆာ (ရာမည)
ကရင်ပြည်နယ် ကော့ကရိတ်မြို့ရှိ ကော့ကရိတ်ပြည်သူ့ဆေးရုံအတွင်းရှိ တာဝန်ထမ်းဆောင်နေသည့် သူနာပြု နှစ်ဦးအား ၂၀၁၃ ခုနှစ် သြဂုတ်လ ရ ရက်ကတွေ့ရစဉ်။ ဓာတ်ပုံ - ဟောင်ဆာ (ရာမည)
၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အမျိုးသားစီမံကိန်း ဥပဒေမူကြမ်းနှင့်ဥပဒေပါ အစီအစဉ်များအရ လူမူရေးနှင့် စီမံခန့်ခွဲရေးကဏ္ဍကြီးအောက်မှ ကျန်းမာရေးကဏ္ဍ အနေဖြင့်လာမည့်နှစ်တွင် ဆရာဝန်၊ သူနာပြု ခုနှစ်သောင်း ခုနှစ်ထောင်ကျော် လေ့ကျင့်မွေးထုတ်ပေးရန် စီမံကိန်းဥပေဒကြမ်း၌ ရည်မှန်းရေဆွဲထားကြောင်း သိရသည်။

အဆိုပါ ဥပဒေမူကြမ်းနှင့် ဥပဒေပါ အစီအစဉ်များအရ သွားဘက်ဆိုင်ရာဆရာဝန် ၄၁၁၇၇ ဦးနှင့် သွားဘက်ဆိုင်ရာသူနာပြုနှင့် သူနာပြု ၃၆၀၀၂ ဦးစုစုပေါင်း ရ၇၁၇၉ ဦးလေ့ကျင့်မွေးထုတ်ရန် ရည်မှန်းထားကြောင်း ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ဘဏ္ဍာနှစ်အမျိုးသားစီမံကိန်း ဥပဒေမူကြမ်းကို အစိုးရအဖွဲ့ကိုယ်စား တင်သွင်းသည့် ပြည်ထောင်စုစီမံကိန်း ဒေါက်တာကံဇော်က ပြောသည်။            

ကျန်းမာရေးကြီးကြပ်(၁) ၁၂၂၉ ဦး၊ကျန်းမာရေးကြီးကြပ်(၂) ၁၂၆၈၅ ဦး၊ ကျန်းမာရေးဆရာမ ၂၃၃၉ ဦးနှင့် သားဖွားဆရာမ ၂၃၈၃၆ ဦးကိုလည်း လေ့ကျင့်မွေးထုတ်ပေးရန် ရည်းထားပြီး ဆေးရုံ(၇၀)ရုံ၊ ကျေးလက်ကျန်းမာရေးဌာန ၁၀၀ တိုးချဲ့ဖွင့်လှစ်ရန် စီမံကိန်းဥပေဒကြမ်း၌ ရည်မှန်းရေးဆွဲထား ကြောင်း စီမံကိန်း ဝန်ကြီးဒေါက်တာ ကံဇော်က ပြောသည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အမျိုးသားစီမံကိန်း ဥပဒေမူကြမ်းသည် လက်ရှိတွင်လွှတ်တော်သို့ ရောက်ရှိ နေပြီး ယင်းဥပေဒေမူကြမ်း ကို ပြည်စုအစိုးအရဖွဲ့ကိုယ်စား အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် က ဒီဇင်ဘာ ၂၂ ရက်နေ့က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်တွင် တင်သွင်းခဲ့ခြင်းခြင်းဖြစ်ပြီး လွှတ်တော်က ဥပဒေကြမ်းပါ အစီစဉ်များကို ဆွေးနွေးကာ ဥပဒေအဖြစ် အတည်ပြုပြဌာန်းပေးမည်ဖြစ်သည်။

ဥပဒေအဖြစ်ပြဌာန်းပြီးပါက နောက်တက်လာသည့် အစိုးရက စီမံကိန်းပါ ရည်မှန်းချက်များ ပြည့်မီမှန် အကောင်ထည်ဖော်ရမည်ဖြစ် သည်။

May 5, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ နာဂဒေသအတွင်းရှိ နယ်စပ်ကုန်သွယ်ရေး ပန်ဆောင်ဂိတ်ကို စစ်အုပ်စုတပ်က မေလ ၁...
May 4, 2026
မောင်ခက်နွေ — နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား လျှို့ဝှက်နေရာမှ...
May 2, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ ရှေ့နေအဖွဲ့ တွေ့ဆုံခွင့်ရရေးသည်...
May 1, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ဧပြီ ၃၀  ရက် လွတ်ငြိမ်းတွင် “နိုင်ငံရေးအကျဉ်း သား (...