ခိုတောင် လူသတ်မှုတွင် မြန်မာနှစ်ဦးအား ထိုင်းတရားရုံး သေဒဏ်ချမှတ်

ခိုတောင် လူသတ်မှုတွင် မြန်မာနှစ်ဦးအား ထိုင်းတရားရုံး သေဒဏ်ချမှတ်
by -
မဇ္ဈိမ
အမိန့်မချမီတွေ့ရသည့် မြန်မာလုပ်သားနှစ်ဦးဖြစ်သည့် ဇော်လင်း နှင့် ဝေဖြိုး။ (ဓာတ်ပုံ-အီးပီအေ)
အမိန့်မချမီတွေ့ရသည့် မြန်မာလုပ်သားနှစ်ဦးဖြစ်သည့် ဇော်လင်း နှင့် ဝေဖြိုး။ (ဓာတ်ပုံ-အီးပီအေ)
၂၀၁၄ ခုနှစ်က ဖြစ်ပွားခဲ့သည့် ထိုင်းနိုင်ငံ ခိုတောင်ကျွန်းက ဗြိတိန်စုံတွဲ အသတ်ခံရမှုတွင် တရားစွဲဆို ထားသည့် မြန်မာနှစ်ဦးအား ထိုင်းတရားရုံးက အပြစ်ရှိကြောင်း တွေ့ရှိသည်ဆိုကာ ဒီဇင်ဘာ ၂၄ ရက်နေ့တွင် သေဒဏ်ချမှတ်လိုက်သည်။

ခိုတောင်လူသတ်မှုနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများ၊ တရားရုံးကြားနာမှုများတွင် ရဲ၏ မကျွမ်းကျင် မှုများ၊ သက်သေခံများကို မှားယွင်းစွာ ကိုင်တွယ်ခြင်းများနှင့် သံသယ တရားခံဖမ်းဆီးထားသူများ အပေါ် နှိပ်စက်ညှင်းပန်းမှုများ ရှိနေသည့်ဆိုသည့် အငြင်းပွားမှုများကြားက ယခုကဲ့သို့ သေဒဏ်ချမှတ် လိုက်ခြင်းဖြစ်သည်။ ယင်းအပြင် ၎င်းတို့နှစ်ဦးကို ခိုးမှုနှင့် ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်နေထိုင်မှုတို့အတွက် ထောင်ဒဏ် နှစ်နှစ်စီ အသီးသီးချမှတ်လိုက်သေးသည်။

“ဒီနေ့ ၉ နာရီကနေစပြီး တရားစီရင်ချက်ကို ဖတ်ပြတယ်။ တရားသူကြီးကတော့ အထောက်အထား တွေ ပုုိပြီးတော့ ယုံုကြည်တယ်။ အဲဒီအတွက် အပြစ်ရှိတယ်ဆုုိပြီး အမိန့်ချတယ်။ ပုဒ်မ တခုချင်းစီ အတွက် တခုချင်းဆီခွဲထားပေမဲ့လည်း ပြစ်ဒဏ်ထဲမှာ သေဒဏ်ပါ တဲ့အတွက် နောက်ဆုံး တပေါင်း တည်းအနေနဲ့ သေဒဏ်ကို ချမှတ်လိုက်တာပေါ့နော်”ဟု ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေး ကွန်ရက် (MWRN) က ဥက္ကဋ္ဌ ဦးစိန်ဌေးက မဇ္စျိမသို့ ပြောသည်။

ကိုဇော်လင်းနှင့် ဝေဖြိုးတို့က ကော့စမွေထောင်သို့ ပြန်သွားပြီဖြစ်ကြောင်း “ကောင်လေးနှစ်ယောက် လုံးကတော့ အမှန်တရားဆိုတာ တစ်နေ့ကျရင် အဖြေမှန်ပေါ်လာမှာပါဆုုိပြီး ပြောတယ်”ဟု သူက ပြောသည်။

၂၀၁၄ စက်တင်ဘာက ခိုတောင်ကျွန်းတွင် ဗြိတိန်စုံတွဲအား အမျိုးသမီးဖြစ်သူကို မုဒိမ်းကျင့်ကာ နှစ်ဦး စလုံးအား သတ်ဖြတ်ခဲ့မှုဖြင့် မြန်မာရွှေ့ပြောင်းလုပ်သားနှစ်ဦးဖြစ်သည့် ကိုဇော်လင်းနှင့် ကိုဝေဖြိုး (ခေါ်) ကိုဝင်းဇော်ထွန်းတို့အား ဖမ်းဆီးခဲ့ပြီး ယခုတွင် တရားရုံးက သေမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

Ref: Reuters, Bangkok Post

April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...
April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...