မြောက်ဒဂုံကျူးကျော်များ စည်ပင်ညွှန်ကြားချက်အတိုင်း ဖယ်ရှားပေးမည် မဟုတ်ဟု ဆို

မြောက်ဒဂုံကျူးကျော်များ စည်ပင်ညွှန်ကြားချက်အတိုင်း ဖယ်ရှားပေးမည် မဟုတ်ဟု ဆို
by -
မဇ္ဈိမ
မြောက်ဒဂုံမြို့နယ် ၄၁တိုးချဲ့ရပ်ကွက် ငမိုးရိပ်ချောင်းဘေးရှိ ကျူးကျော်နေထိုင်သည်ဟူသော တဲများကို ဖယ်ရှားပေးရန် မြောက်ဒဂုံမြို့နယ် စည်ပင်သာယာရေးကော်မတီမှ ဒီဇင်ဘာလ ၁၈ရက်နေ့ နောက်ဆုံးထား ဖယ်ရှားပေးရန် သတိပေးစာပို့၍ တောင်းဆိုထားသော်လည်း ဖယ်ရှားပေးမည် မဟုတ်ဟု နေထိုင်သူများက မဇ္ဈိမသို့ ပြောသည်။

မိမိတို့အနေဖြင့် နိုင်ငံတော်စီမံကိန်းတစ်ခုခု အတွက်ဖြစ်လျှင် ဖယ်ရှားပေးမည် ဖြစ်ပြီး ယခုဖယ်ရှားခိုင်း ခြင်းမှာ ပုဂ္ဂလိက ကုမ္ပဏီတစ်ခု ၏ စီမံကိန်းဟူ၍သာ သိရသည့်အတွက် ၎င်းတို့အနေဖြင့် ဖယ်ရှားပေးနိုင်မည် မဟုတ်ဟု နေထိုင်သူအားလုံးကိုယ်စား ဦးအောင်ဌေးက ပြောသည်။

"ဆိုက်ကားနင်းတဲ့သူလည်း တိုင်းပြည်အတွက် အလုပ်လုပ်နေတာပဲ ဘာကွာလဲတော့ ကျွန်တော် မသိဘူး။ ဒါပေမယ့် ကျွန်တော်တို့တွေ လည်း မွေးမြူရေးတွေ တနိုင်တပိုင်လုပ်ပြီး တိုင်းပြည်တာဝန် ထမ်းနေကြတာပဲ"ဟု ၎င်းက ပြောသည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ၄၁ တိုးချဲ့ရပ်ကွက် ငမိုးရိပ်ချောင်းနံဘေးနေရာရှိ လူကြီးမင်းတို့၏ ကျူးကျော်တဲများအား ဖျက်သိမ်းဖယ်ရှား ရှင်းလင်းဆောင်ရွက်ရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက စည်ပင်သာယာဥပဒေ စည်းမျည်း/စည်းကမ်း၊ လုပ်ထုံး/လုပ်နည်းများနှင့် ထိရောက်စွာ  (ထိရောက်စွာ) အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ရုံး၏ ရည်ညွှန်းစာ(၁)/(၂) တို့ဖြင့် အကြောင်းကြား စာများကို မြို့နယ် စည်ပင်က ပို့ထားပြီးဖြစ်သည်။

သို့သော် ဖျက်သိမ်းခြင်းမရှိသေးသည်ကို စိစစ်တွေ့ရှိရ၍ ကျူးကျော်တဲများအား ဒီဇင်ဘာ ၁၈ရက်နေ့တွင် နောက်ဆုံးထားရှင်း လင်းပေးရန် အကြောင်းကြားစာတွင် ပါရှိသည်။

နေထိုင်နေသူများအနေဖြင့် ယခုကဲ့သို့ ဖယ်ရှားမပေးခြင်းသည် သတိပေးစာကို ဆန့်ကျင်သလို ဖြစ်သော်လည်း မိမိတို့အနေဖြင့် ၁၉၈၉ ခုနှစ်မှစ၍ ၎င်းပလပ်မြေတွင် သမန်တောများကို ရှင်းလင်းခုတ်ထွင်ကာ နေထိုင်ခဲ့သည်မှာ အများဆုံး နှစ်၂၀ခန့်နှင့် အနည်းဆုံးမှာ ၅နှစ်ခန့်ရှိကြပြီ ဖြစ်ကြောင်း နေထိုင်သူများအားလုံး ကိုယ်စား ဦးအောင်ဌေးက ပြောသည်။

May 5, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ နာဂဒေသအတွင်းရှိ နယ်စပ်ကုန်သွယ်ရေး ပန်ဆောင်ဂိတ်ကို စစ်အုပ်စုတပ်က မေလ ၁...
May 4, 2026
မောင်ခက်နွေ — နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား လျှို့ဝှက်နေရာမှ...
May 2, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ ရှေ့နေအဖွဲ့ တွေ့ဆုံခွင့်ရရေးသည်...
May 1, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ဧပြီ ၃၀  ရက် လွတ်ငြိမ်းတွင် “နိုင်ငံရေးအကျဉ်း သား (...