လာမယ့် နှစ်အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကျပ်သန်းပေါင်း ၁၅,၀၀၀ကျော် တောင်းခံထား

လာမယ့် နှစ်အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကျပ်သန်းပေါင်း ၁၅,၀၀၀ကျော် တောင်းခံထား
by -
မဇ္ဈိမ
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် လာမည့် ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ် တစ်နှစ်စာတွက် ဘဏ္ဍာငွေ ကျပ်သန်းပေါင်း ၁၅,၃၀၀ ကျော် တင်ပြတောင်းခံထားကြောင်း ယင်းကော်မရှင်ရုံးမှ သိရသည်။

အဆိုပါ ဘဏ္ဍာငွေများကို လာမည့်နှစ်တွင် ကြားဖြတ်ရွေးကောက်ပွဲရှိက ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရန် ကုန်ကျငွေနှင့် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများတွင် သုံးစွဲရန် တင်ပြတင်းတောင်ခံခြင်း ဖြစ်ကြောင်း ပြည်ထောင်စု ရွေကောက် ပွဲကော်မရှင်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပြည်ထောင်စုရွေကောက်ပွဲကော်မရှင်သည် ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ်တစ်နှစ်စာအတွက် ရငွေကို ကျပ်သန်း ၁.၂သန်း ရရန်ခန့်မှန်းထားပြီး ယင်း ၁.၂သန်းကိုလည်း နိုင်ငံရေးပါတီ မှတ်ပုံတင်ကြေးနှင့် ပစ္စည်း၊ သတင်းစာစက္ကူရောင်းရငွေများမှ ရရန်ခန့်မှန်ထားကြောင်း ပြည်ထောင်စု ရွေကောက်ပွဲ ကော်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပြည်ထောင်စုရွေကောက်ပွဲကော်မရှင်သည် ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ် တစ်နှစ်စာတွက် သာမန် အသုံးစားရိတ်အတွက် ကျပ်သန်းပေါင်း ၁၃,၈၂၉ ဒဿမ ၉သန်း နှင့် ငွေလုံးငွေရင်း အသုံးစားရိတ်တွင် ကျပ်သန်း ၁၅၀၃ ဒသမ ၈၂ သန်း စုစုပေါင်း ကျပ်သန်း ၁၅၃၃ ဒဿမ ၄၁ သန်း ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ရွေးကောက်ပွဲကော်မရှင်က လာမည့်နှစ်တွင် ကြိုတင်ရွေးကောက်ပွဲရှိက ကျင်းပနိုင်ရန် သာမန်အသုံးစားရိတ် တောင်းခံငွေ ထဲမှ ကြိုတင်ရွေကောက်ပွဲကျင်းပရန် လျာထားငွေ ကျပ်သန်း ပေါင်း ၃၆၀၀ ဒဿမ ၉၉သန်း ပါရှိကြောင်းလည်း ပြည်ထောင်စု ရွေကောက်ပွဲကော်မရှင်ထံမှ သိရသည်

“ကြားဖြတ်ရွေးကောက်ပွဲအတွက် လျာထားထားတဲ့ တွက်ချက်ငွေကတော့ ၃၆၇၀ ဒဿမ ၉၉သန်း ပါရှိပါတယ်။ ဒီငွေကို ကြားဖြတ်ရွေးကောက်ပွဲရှိရင် သုံးစွဲဖို့ ဖြစ်ပြီးတော့ အကယ်၍ ရွေးကောက်ပွဲ အတွက် ဖယ်လိုက်ပါက ကျွန်တော်သာမန်အသုံးစား ရိတ်ဟာ ၁၀,၁၅၈ ဒဿမ ၆သန်း သာလျင် ကုန်ကျရန် လျာထားတွက်ချက် တင်ပြထားခြင်းဖြစ်ပါတယ်"ဟု ကော်မရှင်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ချမှတ်ထားသည့် အသုံးစားရိတ် မူဘောင်များအတွင်းကနေ အနည်းဆုံးလိုအပ်ချက်ကိုသာ တွက်ချက် တောင်းခံခဲ့ကြောင်း နှင့် ယင်းတောင်းခံ ငွေများကိုလည်း ဘဏ္ဍာရေးဝန်ကြီးဌာန နှင့် ဒုတိယ သမ္မတဦးဆောင်သည့် ဘဏ္ဍာငွေစိစစ်ရေးအဖွဲ့များက စိစစ်ခဲ့ကြောင်း သိရသည်။

April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...
April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...