အနိုင်ရအမတ်များ ကိုယ်ရေးအကျဉ်း ပို့ပေးဖို့ ပြည်သူ့လွှတ်တော်ရုံး အကြောင်းကြား

အနိုင်ရအမတ်များ ကိုယ်ရေးအကျဉ်း ပို့ပေးဖို့ ပြည်သူ့လွှတ်တော်ရုံး အကြောင်းကြား
by -
မဇ္ဈိမ
ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ
ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ
ရုံးပိုင်ဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ပေးရန်ရှိသည်ဟုဆိုကာ နိုဝင်ဘာ ၈ရက်နေ့၊ ရွေးကောက်ပွဲတွင် အနိုင်ရအမတ်များ၏ ကိုယ်ရေးရာဇဝင်အကျဉ်းချုပ်အပါအဝင် ဓာတ်ပုံနှင့် မှတ်ပုံတင်မိတ္တူများ ပေးပို့ရန် ဒီဇင်ဘာ ၂၁ရက်၊ ရက်စွဲဖြင့် ပြည်သူ့လွှတ်တော်ရုံးက အကြောင်းကြားလိုက်သည်။

"ကိုယ်ရေးရာဇဝင်အကျဉ်းတစ်စုံ၊ မှတ်ပုံတင်မိတ္တူတစ်စုံနှင့် ဓာတ်ပုံ(၂"×၁ ၁/၂") soft copy တို့အား ပြည်သူ့လွှတ်တော်ရုံးသို့ ၅.၁.၂၀၁၆ရက်နေ့ အရောက် ပေးပို့ပေးနိုင်ရေး အကြောင်းကြားအပ်ပါသည်" ဟု အနိုင်ရပြည်သူ့လွှတ်တော်အမတ်များ၏ ကိုယ်စားပြုပါတီဥက္ကဌများထံ လိပ်မူကာ ပြည်သူ့လွှတ်တော်ရုံးက အကြောင်းကြားလိုက်ခြင်း ဖြစ်သည်။

ပါတီတစ်ခုတည်းက အစိုးရဖွဲ့ခွင့်ရသည့် ပမာဏထက်ပင် ကျော်လွန်ကာ ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရရှိထားသော ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေအဖွဲ့ချုပ်ပါတီ ကလည်း ပြည်သူ့လွှတ်တော်ရုံးက တောင်းခံသည့် ကိုယ်ရေးအကျဉ်းများပေးပို့ကြရန် ၎င်းတို့၏ အနိုင်ရပြည်သူ့လွှတ်တော် အမတ်များကို ဒီဇင်ဘာ ၂၂ရက်၊ ရက်စွဲဖြင့် ဆက်လက်ညွှန်ကြားထားသည်ကို တွေ့ရသည်။

လက်ရှိ လွှတ်တော်သက်တမ်းသည် ၂၀၁၆ခုနှစ်၊ ဇန်နဝါရီ ၃၀ရက်တွင် ကုန်ဆုံးမည်ဖြစ်ပြီး အနိုင်ရထားသည့် အမတ်များကို လွှတ်တော်သက်တမ်းမကုန်ဆုံးမီ လွှတ်တော်သို့ ခေါ်ယူမည်ဟု လက်ရှိ ပြည်ထောင်စုလွှတ်တော် နာယကဖြစ်သူ သူရဦးရွှေမန်းက ပြောဆိုထားသည်။

May 5, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ နာဂဒေသအတွင်းရှိ နယ်စပ်ကုန်သွယ်ရေး ပန်ဆောင်ဂိတ်ကို စစ်အုပ်စုတပ်က မေလ ၁...
May 4, 2026
မောင်ခက်နွေ — နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား လျှို့ဝှက်နေရာမှ...
May 2, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ ရှေ့နေအဖွဲ့ တွေ့ဆုံခွင့်ရရေးသည်...
May 1, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ဧပြီ ၃၀  ရက် လွတ်ငြိမ်းတွင် “နိုင်ငံရေးအကျဉ်း သား (...