ဒီချုပ်အစိုးရဖွဲ့ပြီးပါက NCA လက်မှတ်မထိုးထားသည့် လက်နက်ကိုင်အဖွဲ့များနှင့် အမြန်ဆုံးတွေ့ဆုံမည်

ဒီချုပ်အစိုးရဖွဲ့ပြီးပါက NCA လက်မှတ်မထိုးထားသည့် လက်နက်ကိုင်အဖွဲ့များနှင့် အမြန်ဆုံးတွေ့ဆုံမည်
by -
မဇ္ဈိမ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်သည့် အစိုးရဖွဲ့စည်းပြီးပါက ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)တွင် လက်မှတ်ရေးထိုးထားခြင်း မရှိသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် အမြန်ဆုံးတွေ့ဆုံမည်ဖြစ်ကြောင်း ယင်းအဖွဲ့ချုပ်မှ ဗဟိုအလုပ်မှုဆောင် ဦးဝင်းထိန်က ပြောသည်။

“ဒီလက်မှတ်မထိုးတဲ့ အဖွဲ့တွေကို အမြန်ဆုံးလက်မှတ်ထိုးပြီးတော့ သူတို့နဲ့ နားလည်မှုရအောင် တည် ဆောက်မယ်။ တည်ဆောက်ပြီးတော့မှ နောက်တဆင့်က နိုင်ငံရေးဆွေးနွေးပွဲတွေစမှာပါ”ဟု ၎င်းကပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ရွေးကောက်ပွဲတွင် အနိုင်ရနိုင်ခဲ့ပြီးနောက် လွှတ်တော်လုပ်ငန်း တာဝန်များ၊ တိုင်းနှင့်ပြည်နယ်များမှ အစိုးရအဖွဲ့လုပ်ငန်းတာဝန်များ အချိန်ယူပြီးလုပ်ဆောင် နေရခြင်း ကြောင့် မည်သည့်အချိန်တွင် တွေ့မည်ဆိုသည်ကို ပြော၍ မရသေးကြောင်း ဦးဝင်းထိန်က ဆိုသည်။

အမျိုးသားပြန်လည်သင့်မြတ်ရေးလမ်းကြောင်းနှင့် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက် ရေးသည် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်မှ ရမည်ဖြစ်ကြောင်းနှင့် တိုင်းရင်းသားအဖွဲ့များနှင့် တွေ့ဆုံမှုများ သည်လည်း တပြိုင်နက်ပြုလုပ်မှ ရမည်ဖြစ်ကြောင်းလည်း ဦးဝင်းထိန်က ပြောသည်။

ဒေါ်အောင်ဆန်းဆုကြည်သွားနေသည့် အမျိုးသားပြန်လည်သင့်မြတ်ရေးသည် လက်ရှိ ဦးသိန်း စိန်အစိုး ရ အပါ၀င် တပ်မတော်၊တိုင်းရင်းသားများ၊တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ ပါတီများ နှင့် နိုင်ငံသားအားလုံးကို ပါ၀င်စေချင်သည့် ဆန္ဒရှိကြောင်း အမျိုးသားဒီမိုကရေစီ အအဖွဲ့ချုပ်၏ ဗဟိုအလုပ်မှုဆောင် ဦးဝင်းထိန်က ပြောကြားသည်။

May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...
May 5, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ နာဂဒေသအတွင်းရှိ နယ်စပ်ကုန်သွယ်ရေး ပန်ဆောင်ဂိတ်ကို စစ်အုပ်စုတပ်က မေလ ၁...
May 4, 2026
မောင်ခက်နွေ — နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား လျှို့ဝှက်နေရာမှ...
May 2, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ ရှေ့နေအဖွဲ့ တွေ့ဆုံခွင့်ရရေးသည်...