လက်ပံတောင်းစီမံကိန်းခြံခတ်ရာတွင် လျော်ကြေးငွေ မယူထားသည့် လယ်ယာမြေပါဝင်သည့်အတွက် သီးနှံလျော်ကြေးတောင်းခံ

လက်ပံတောင်းစီမံကိန်းခြံခတ်ရာတွင် လျော်ကြေးငွေ မယူထားသည့် လယ်ယာမြေပါဝင်သည့်အတွက် သီးနှံလျော်ကြေးတောင်းခံ
by -
မဇ္ဈိမ
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကြီးဆောင်ရွက်ရန်အတွက် ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ အတွင်းက ခြံစည်းရိုးခတ်ရာ တွင်လျော်ကြေးမယူသည့် လယ်ယာမြေများမှ ခြံခတ်ရာတွင် ပါဝင်သွား သည့်အတွက် တစ်နှစ်စာသီးနှံ လျော်ကြေးပေးရန် အတွက် မြန်မာဝမ်ပေါင်ကုမ္မဏီသို့ တောင်းခံထားကြောင်း ဒေသခံများထံမှ သိရသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကြီးဝန်းကျင်မှ ကျေးရွာ ၆ ရွာမှ ဒေသခံတောင်သူများ ဆုပေါင်းကာ ဒီဇင်ဘာ ၁၄ ရက်က မြန်မာဝမ်ပေါင်ကုမ္မဏီသို့ သွားရောက် တောင်းဆိုခဲ့ကြခြင်း ဖြစ်ကြောင်း တုံကျေးရွာမှဒေါ်ညိုလေးက ပြောသည်။

"လယ်ယာမြေတွေအတွက် မြေယာလျော်ကြေးယူမထားပါဘူး။ ဒါ့ကြောင့် လယ်တွေကို ဒေသခံတွေပိုင်တယ်။ ကိုယ့်လယ်မြေပေါ်မှာ သီးနှံစိုက်ခွင့်မရခဲ့တဲ့အတွက် တစ်နှစ်စာ သီးနှံ လျော်ကြေး သွားရောက်တောင်းဆိုခဲ့ကြတာပါ"ဟု ဒေါ်ညိုလေးက ပြောသည်။

သွားရောက်တောင်းဆိုရာတွင် ဂိတ်စောင့်မှ အထဲဝင်သွားပြီး ခဏအကြာ ပြန်ထွက်လာပြီးနောက် တရုတ်အရာရှိများ မရှိဟု ပြောဆိုသဖြင့် ပြန်လာခဲ့ရကြောင်း ဒေါ်ညိုလေးက ဆိုသည်။

အဆိုပါ တစ်နှစ်စာ သီးနှံလျော်ကြေးတောင်းဆိုခဲ့ကြသော ကျေးရွာများမှာ တုံအလယ်တော၊ တုံထန်း တောကြီး၊ တုံရွာမ၊ တုံလယ်တီလက်ပတောင်း၊ တုံတောကျောင်း၊ စသည့်ကျေးရွာ(၆)ရွာမှ ဒေသခံ များမှာ စိုက်ပျိုးမြေယာမရှိသည့်အတွက် စားဝတ်နေရေးအခက်ခဲများရှိနေကြောင်း တုံကျေးရွာမှ မစန္ဒာက ပြောသည်။

ယင်းသို့ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကြီး ဆက်လက်အကောင့်အထည်ဖော်ဆောင်ရွက်ရန် အတွက်၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာ ၂၂ ရက်နေ့တွင် စတင်ခြံစည်းရိုးခတ်ခဲ့ပြီးဒေသခံများ၏ တားမြစ်မှု ကြောင့် ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး ဒေသခံတောင်သူ ဒေါ်ခင်ဝင်း ဦးခေါင်းတွင် သေနတ်ထိမှန်၍ သေဆုံးခဲ့သည်။

ဓာတ်ပုံ-မာန်ဇာမြေမွန် ၂၀၁၄ ခုနှစ်ဒီဇင်ဘာ ၂၂ ရက်နေ့က ခြံစည်းခတ်သည်ကို တားမြစ်သည့် ဒေသခံများနှင့်ရဲတပ်ဖွဲ့ထိပ် တိုက်တွေ့ဆုံစဉ်

May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...
May 5, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ နာဂဒေသအတွင်းရှိ နယ်စပ်ကုန်သွယ်ရေး ပန်ဆောင်ဂိတ်ကို စစ်အုပ်စုတပ်က မေလ ၁...
May 4, 2026
မောင်ခက်နွေ — နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား လျှို့ဝှက်နေရာမှ...
May 2, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ ရှေ့နေအဖွဲ့ တွေ့ဆုံခွင့်ရရေးသည်...