တိုင်းရင်းသားမီဒီယာများသည် သူပုန်မီဒီယာ၊ သူပုန်သတင်းပေးမဟုတ်ဟု ပြော

တိုင်းရင်းသားမီဒီယာများသည် သူပုန်မီဒီယာ၊ သူပုန်သတင်းပေးမဟုတ်ဟု ပြော
by -
မဇ္ဈိမ
တိုင်းရင်းသားမီဒီယာများသည် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အစိုးရနှင့် တိုင်းရင်းသားများအား ပေါင်းကူး ပေးခြင်းသာဖြစ်သည် ဟု နိုင်ငံတကာမြန်မာသတင်းမီဒီယာဌာန (BNI) အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဇင်လင်းက ဒီဇင်ဘာ ၁၁ ရက်နေ့၊ မြန်မာမီဒီယာဖွံ့ဖြိုးတိုး တက်ရေး ညီလာခံတွင် ပြောကြားခဲ့သည်။

"အရင်နားလည်မှုမရှိခင်က တိုင်းရင်းသားမီဒီယာတွေကို သူပုန်အားပေးမီဒီယာလို့ပြောခံရတယ်။ အခု ငြိမ်းချမ်းရေးဆွေးနွေးနေစဉ် ကာလမှာတောင်မှ (UNFC)က ဖွဲ့စည်းပေးခဲ့သယောင် စွပ်စွဲပြောခံရ တယ်။ တိုင်းရင်းသားမီဒီယာတွေက သူပုန်မီဒီယာ မဟုတ်သလို သူပုန်သတင်းပေးလဲ မဟုတ်ဘူး။ အစိုးရနဲ့ တိုင်းရင်းသားတွေကို ပေါင်းကူးပေးတယ်၊ အချက်အလက်တွေ ဖလှယ်နိုင်တယ်။"ဟု တိုင်းရင်းသားမီဒီယာများနှင့် စုဖွဲ့ထားသည့် BNI မှ ဦးဇင်လင်းက ပြောသည်။

ပြည်မမီဒီယာများတွင် မဖော်ပြနိုင်သော တိုက်ပွဲသတင်း၊ မူးယစ်ဆေးဝါးသတင်း၊ လူမှောင်ခိုသတင်း၊ ဒုက္ခသည်သတင်းများမှာ တိုင်းရင်းသားမီဒီယာများက ပိုမိုကူညီနိုင်ခဲ့ပြီး နိုင်ငံတကာ ထုတ်ပြန်ချက်၊ သုတေသနစာတမ်းများအတွက် အထောက်အကူပြုနိုင်ခဲ့ သည်ဟု ဦးဇင်လင်းက ပြောသည်။

အရှေ့တောင်အာရှသတင်းမီဒီယာပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SEAPA) မှ အမှုဆောင်ဒါရိုက်တာ  Ed Legaspi က တိုင်းရင်းသားမီဒီယာများအနေဖြင့် ပြည်မရှိမီဒီယာများနှင့် ယှဉ်ပြိုင်ရသည်မှာ အလွန်ခက်ခဲပြီး BNI အနေဖြင့် ယခင်စစ်အစိုးရလက် ထက်တွင် ရုန်းကန်ခဲ့ရသလို လက်ရှိအစိုးရ လက်ထက်တွင် VOA၊ RFA၊ BBC ကဲ့သို့ ပြည်ပမီဒီယာများနှင့် ကြိုးစားယှဉ်ပြိုင်ရသည် မှာ ခက်ခဲကြောင်း သိရသည်။

လားရှိုးအခြေစိုက် တအာင်း (ပလောင်) မားနဂါးဂျာနယ် အယ်ဒီတာချုပ် မိုင်းနိုင်နိုင်ဦးက နောက် တက်လာမည့် အစိုးရနှင့် တိုင်းရင်းသားမီဒီများ အဆင်ပြေပြေ လက်တွဲလုပ်ဆောင်လိုပြီး ပုဒ်မ ၁၇ (၁) အားပယ်ဖျက်ပေးသင့်သည်ဟု ဆိုသည်။

ကရင်သတင်းဌာန(KIC) မှ အယ်ဒီတာချုပ် နန်းဖော့ဂေက တိုင်းရင်းသားမီဒီယာများတွင် အရည်အသွေးပြည့်မီသော သတင်းထောက်အများအပြား လိုအပ်သည်ဟု ပြောကြားခဲ့သည်။

"ပြည်နယ်တွေမှာ ဒေသခံတိုင်းရင်းသားမီဒီယာတွေကို သတင်းဖလှယ်ဖို့၊ ရေရှည်ရပ်တည်ဖို့ သင်တန်း အဆင့်ဆင့်ပေးဖို့ လိုအပ်ပါတယ်။ ပြဿနာအလိုက် သတင်းလိုက်နည်းတွေ၊ နိုင်ငံခြား ပညာသင်စေ လွှတ်တာတွေ၊ သတင်းမီဒီယာသင်တန်းတွေ ပေးဖို့ လိုသလို ရန်ကုန်၊ နေပြည်တော် သတင်းမီဒီများနဲ့ တိုက်ရိုက်ချိတ်ဆက်ဖို့ တစ်နိုင်ငံလုံး တစ်ခုတည်းသော မီဒီယာ ဥပဒေဖြစ်ဖို့ လိုအပ်ပါတယ်။"ဟု ၎င်းက ပြောဆိုသည်။

Article 19 အဖွဲ့၏ ဒေသဆိုင်ရာအကြီးအကဲ Oliver Spencer က အစိုးရက လူ့အခွင့်အရေးကို လွတ်လပ်စွာ ပေးသင့်ပြီး တိုင်းရင်းသားမီဒီယာများမှာ မြန်မာမီဒီယာကောင်စီနှင့် နီးနီးကပ်ကပ် ဆက်ဆံသင့်ကြောင်း အကြံပြုသည်။

ဦးဇင်လင်းက "စစ်ပွဲတွေရပ်ဖို့၊ ငြိမ်းချမ်းရေးရဖို့ တိုင်းရင်းသား သတင်းမီဒီယာတွေလိုအပ်ပါတယ်။ တိုင်းရင်းသားဒေသတွေမှာ လမ်း၊ မီး၊ အင်တာနက်အစစအရာရာ ပြည်မထက်နောက်ကျပါတယ်။ ဒါကြောင့် မီဒီယာဖွံ့ဖြိုးမှုလည်း နောက်ကျပါတယ်။ အချင်းချင်းယုံကြည်မှုမရှိရင် အခက်အခဲတွေရှိ နေအုံးမှာပဲ"ဟု ဆိုသည်။

April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...
April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...