UNFC အပေါ် မျက်နှာလွှဲခဲပစ် မလုပ်ခဲ့ဟု CNF အလှည့်ကျ ဥက္ကဌ ဆို

UNFC အပေါ် မျက်နှာလွှဲခဲပစ် မလုပ်ခဲ့ဟု CNF အလှည့်ကျ ဥက္ကဌ ဆို
by -
ခိုနူမ်းထုန်
အစိုးရ နှင့် တစ်နိုုင်ငံလုံုး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်(NCA)ကို လက်မှတ်ရေးထိုးထား သော ချင်းအမျိုးသားတပ်ဦး CNF နှင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချူပ် (PNLO) တို့ကို UNFC ခေါ် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ အဖွဲ့ဝင်အဖြစ်မှ ဒီဇင်ဘာ ၈ နေ့က တရားဝင် ယာယီရပ်စဲလိုက်ပြီဟု သိရသည်။

UNFC အဖွဲ့ဝင်အဖြစ်မှ ယခုကဲ့သို့ တရားဝင် ယာယီရပ်စဲခံရသည့် ကိစ္စနှင့် ပတ်သက်ပြီး ချင်းအမျိုးသားတပ်ဦး CNF မှ အလှည့်ကျ ဥက္ကဌ ဆလိုင်းကစ်ခိုလျန်က ယခုလို ပြောသည်။

“UNFC နဲ့ CNF အကြား စေ့စပ်လို့ မရနိုင်လောက်တဲ့ ကွဲလွဲချက်မရှိပါဘူး။ အားလုံးက NCA ကိုပါဝင် လက်မှတ် ရေးထိုးလိုကြ တာပါ။ ဒီနေရာမှာ တထပ်တည်း ကျပါတယ်။ NCCT မှာ ရော SD မှာရော CNF က တစိုက်မတ်မတ် ထဲထဲဝင်ဝင် ပါဝင်ပြီး UNFC နဲ့ တသားထဲရပ်တည်ခဲ့တာပါ။ ကွဲလွဲချက် ကတော့ အစိုးရက အရင်ထိုးနှင့်တဲ့ အဖွဲ့ ရှိနိုင်တယ်။ ထိုးဖို့အဆင်သင့် မရှိသေးတဲ့ အဖွဲ့က နောက်မှ ထိုးနိုင်တယ်ဆိုတဲ့ အခါမှာ ထိုးနှင့် မဲ့ အဖွဲ့နဲ့ အားလုံး တပြိုင်နက်ထိုး မဲ့ အဖွဲ့ ဆိုတာပါပဲ။ CNF ကလည်း ဒါကို UNFC အပေါ်မှာ ပွင့်ပွင့်လင်းလင်း ကြိုတင် ဆွေးနွေး တင်ပြခဲ့ပါတယ်၊ အဲဒီလို တင်ပြ တုန်းကလည်း UNFC က ပြင်းပြင်းထန်ထန်ကန့်ကွက်တာ မရှိခဲ့ပါဘူး။ တဖွဲ့ချင်း စီအလိုက် မိမိတို့ အဖွဲ့ရဲ့ အခြေအနေအရပ်ရပ်အပေါ် အခြေခံပြီး ဆုံးဖြတ်ချက် ချနိုင်တယ်ဆိုတာ တပ်ပေါင်းစုရဲ့မူပါ။ ဒါပေမဲ့ CNF ဖြစ်စဉ် အဆင့်ဆင့်မှာ မဟာမိတ် စိတ်ဓါတ် အပြည့်နဲ့ ပွင့်ပွင့်လင်းလင်း ချပြခဲ့တာပါ၊ CNF ကတော့ UNFC အပေါ် မျက်နှာလွှဲခဲပစ် သဘောမလုပ်ခဲ့ဘူးပါဘူး။”ဟု သူက ပြောသည်။

ထိုုင်းနုုိင်ငံ ချင်းမိုုင်မြို့တွင် ဒီဇင်ဘာ ရ ရက်နေ့မှစတင်ကျင်းပလျက်ရှိသော ညီညွတ်သော တုုိင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ၏ ဒုုတိယအကြိမ် ညီလာခံ ပထမနှစ်ပတ်လည် မျက်နှာစုံုညီကောင်စီ အစည်းအဝေးတွင် CNF နှင့် PNLO ကို အဖွဲ့ဝင်အဖြစ်မှ တရားဝင်ယာယီ ရပ်စဲရန် ဆုံးဖြတ်ခဲ့ကြခြင်းအပေါ် UNFC ဒု-ဥက္ကဌ ဦး နိုုင်ဟံသာက သတင်းထောက်များကို ပြောဆိုခဲ့သည်။

CNF နှင့် PNLO တို့သည် ပြီးခဲ့သော အောက်တိုဘာ ၁၅ ရက်နေ့ကသမ္မတသိန်းစိန်အစိုးရ နှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချူပ် (NCA) ကို ကျန်တိုင်းရင်းသားလက်နက်ကိုင် ၆ဖွဲ့နှင့်အတူ လက်မှတ်ရေးထိုးခဲ့သည့် အဖွဲ့ဖြစ်သည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး UNFC အဖွဲ့ဝင်များဖြစ်ကြသော CNF နှင့် PNLO တို့သည် အဖွဲ့မှ ချမှတ်ထား သော ရပ်တည် ချက်မူကိုသွေဖီသည်ဟုဆိုကာ ပြီးခဲ့သည့် နို၀င်ဘာ ၁၀ ရက်မှ ၁၂ ရက်နေ့အထိ ကျင်းပခဲ့သော UNFC ဗဟို ကေ်ာမတီ တိုးချဲ့အစည်းအဝေးမှာ အဖွဲ့ဝင်အဖြစ်မှ ယာယီရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့ကြပြီးနောက် ဒီဇင်ဘာ ၅ရက် မျက်နှာစုံုညီ ကောင်စီအစည်းအဝေးတွင် တရားဝင် ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။

၂၀၁၁ ခုနှစ်က တိုင်းရင်းသားလက်နက်ကိုင် ၁၁ ဖွဲ့ဖြင့်စတင်ဖွဲ့စည်းခဲ့ကြသော UNFC တွင် CNF နှင့် PNLO တို့ကိုု အဖွဲ့ဝင်အဖြစ်မှ ရပ်စဲလိုုက်ခြင်းကြောင့် ယခုအခါအဖွဲ့ဝင် ၉ ဖွဲ့သာ ကျန်ရှိတော့မည် ဖြစ်သည်။

December 23, 2025
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်မှာ ချင်းလက်နက်ကိုင် တော်လှန်ရေးတွင်...
December 22, 2025
ချင်းပြည်နယ် ဟားခါးမြို့ကို စစ်ဆေးရေးဂိတ်မဖြတ်ဘဲ ကျေးလက်ဒေသမှ ဆက်သွယ်သွားလာနိုင်သည့်...
December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...