ချင်းလူငယ်အဖွဲ့က ၀ိတိုရိယစခန်းမှာ သဘာဝဆပ်ပြာ ထုတ်လုပ်သည့် သင်တန်းပြုလုပ်မည်

ချင်းလူငယ်အဖွဲ့က ၀ိတိုရိယစခန်းမှာ သဘာဝဆပ်ပြာ ထုတ်လုပ်သည့် သင်တန်းပြုလုပ်မည်
by -
ခိုနူမ်းထုန်
ချင်းလူငယ်အဖွဲ့အစည်းက ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ဒုတိယပတ်လောက်ကနေ ချင်းအမျိုးသားတပ်ဦး ဌာနချုပ်ဖြစ်သည့် ဝိတိုရိယစခန်းရှိ အိမ်ထောင်သည်များအတွက် သဘာဝဆပ်ပြာ ထုတ်လုပ်သည့် သင်တန်းကျင်းပပြုလုပ်ပေးမည်ဖြစ်သည်။

ချင်းလူငယ်အဖွဲ့ဦးဆောင်မှုဖြင့် ဟားခါးမြို့ရှိ ဒုက္ခရောက်နေကြသော စခန်းမှာ ရှိကြသည့် အိမ်ထောင်သည်နှင့် အမျိုးသမီးအချို့ကို သဘာဝ ခေါင်းချော်ရည်၊ အဝတ်လျှော် ဆပ်ပြာ၊ မျက်နှာသစ် ဆပ်ပြာ၊ အိုးခွက် ပန်းကန်ဆေး ဆပ်ပြာအပြင် ခြေဆေး အစရှိသည်များ ထုတ်လုပ်သည့် သင်တန်းများ စခန်း အသီးသီးမှာ ပြုလုပ်ပေးပြီးမှ ဝိတိုရိယစခန်းမှာ ပြုလုပ်ဖို့ စီစဉ်နေခြင်းဖြစ်သည်။

“ဖြစ်နိုင်တယ်ဆိုလို့ရှိရင် အခုကျမတို ့ သင်ခဲ့တဲ့ အရာတွေ အကုန်သင်ပေးမှာပါ။ ဆပ်ပြာတွေ လုပ်နိုင်ဖို ့ ကုန်ကြမ်း၊ ကုန်ကြမ်းဆိုတာက ဆပ်ပြာတွေ လုပ်တဲ့နေရာမှာ Empire Chemical အရည်တွေလိုတယ်။ ဒါကတော့ ရန်ကုန် မန္တလေးက နေမှာယူရမှာပါ”ဟု သင်တန်း တာဝန်ခံ မိုင် တြာဆုန်က ဆိုသည်။

ဝိတိုရိယ စခန်းတာဝန် ရှိသူ တစ်ဦးက ဆပ်ပြာ ထုတ်လုပ်သည့်နေရာများတွင် သွားရောက်လေ့လာပြီး ချင်းလူငယ်အဖွဲ ့ ဥက္ကဌ ဆလိုင်း ဇကုတ်ထန်းနှင့် ဆွေးနွေးတိုင်ပင်ပြီးမှ သင်တန်းကို ပြုလုပ်ရန် ဆုံးဖြတ်ခြင်းဖြစ်သည်။ သင်တန်းကို မည်သည့် အချိန်မှာ စတင်မလဲဆိုတာ မသေချာသေးသော်လည်း ဇန်နဝါရီလ (၁၈-၁၉) ရက်နေ့တွင် စတင်နိုင်မည့် အခြေအနေရှိနေပြီး သင်တန်းကာလ ၃ရက် သတ်မှတ်ထားကြသည်။

ဤသင်တန်းကို Gaia Sustainable Management Institute ကနေ ချင်းလူငယ်အဖွဲ့မှ အဖွဲ့ဝင် အချို့နှင့် ဒုက္ခရောက်နေကြသူ အချို့တို့ နိုဝင်ဘာ ၂၄ ရက်နေ့တွင် သင်တန်းပေးပြီးနောက် ချင်းလူငယ်အဖွဲ့ ဦးဆောင်မှုဖြင့် ဒုက္ခသည်စခန်း အသီးသီးမှာ သင်တန်းလုပ်ပေးခဲ့ခြင်းဖြစ်သည်။

သင်တန်းပြုလုပ်ပြီး အိမ်ထောင်သည်များ ၎င်းတို့အခြေအနေအလိုက် ဆင့်ပွါးသင်တန်းလုပ်နိုင်ရန်နှင့် အိမ်တွင်း အသုံးပြုရန် မိမိတို့ဖာသာ ဆာပြာများထုတ်နိုင်ရန်နှင့် ရှေးရေး၎င်းတို့ စီးပွါးရေးအတွက်ပါ အသုံးပြုနိုင်ရန် ဤသင်တန်းပြုလုပ်ခြင်းဖြစ်သည်။

အများအားဖြင့် သဘာဝသစ်သီး၊ သစ်ရွက်များဖြစ် ထုတ်လုပ်ခြင်းဖြစ်ရာ နောက်နောင်တွင် သဘာဝ၏ တန်ဖိုးရှိမှုများကို ပြည်သူလူထုထံ ပညာပေးသည့် အနေအထားဖြစ်လာကာ သဘာဝထိန်းသိမ်းရေး အတွက် အကျိုးရှိလာစေရန်လည်း ရည်ရွယ်ထားခြင်းဖြစ်ကြောင်း သိရသည်။

Most read this week

February 24, 2026
ချင်းပြည်၊ တွန်းဇံမြို့နယ်တွင် ဒေသခံလူငယ်များနှင့် မြို့နယ်အတွင်းသို့ ရောက်လာသော ပြင်ပမှ အသက် ၁၆...
February 23, 2026
မကွေးတိုင်း၊ ဂန့်ဂေါခရိုင် တပ်ရင်း (၁၃) လှုပ်ရှားနယ်မြေအတွင်းဖြစ်သည့် ဆော - ကျောက်ထု -...
ဓါတ်ပုံ - APM
February 21, 2026
စစ်တပ်ကြောင့် အိမ်နီးနားချင်းများ ညီအစ်ကိုမောင်နှမစိတ်ဓါတ် ပျောက်ကွယ်ခဲ့ရဟု ဆို အာရက္ခဒေသ...
February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...