လက်နက်ကြီးဖြင့် Lawt Mai Yang စခန်းကို ယမန်နေ့ နံနက်ပိုင်း ၁၁နာရီခန့်တွင် (၁)ကြိမ်နှင့် မွန်းလွဲ ၄နာရီခန့်တွင် (၄)ကြိမ် ပစ်ခတ်ခဲ့ကြောင်း၊ KIA ဘက်မှ တုန့်ပြန်ပစ်ခတ်မှု မရှိကြောင်း KIA တာဝန်ရှိသူများက ကချင်သတင်းဌာန KNG သို့ ပြောသည်။
ယမန်နေ့ ၁၁နာရီခန့်တွင် အစိုးရတပ်က ၎င်းတို့၏ မလိယန်စခန်းနှင့် KIA စခန်း Lawt Mai Yang အကြား Shara Hka ချောင်းနား လုံခြံုရေးမိုင်းနှင်းမိခြင်းကြောင့် KIA စခန်းကို လက်နက်ကြီး ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု KIA ရှေ့တန်းသတင်းရပ်ကွက်က ဆိုသည်။
နိုဝင်ဘာ ၈ ရက်နေ့၊ အထွေထွေရွေးကောက်ပွဲပြီးနောက် ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်ရှိ KIA ရှေ့တန်းစခန်း အားလုံးနီးပါးသည် အစိုးရတပ်များ၏ လက်နက်ကြီးများဖြင့် မကြာခဏ ပစ်ခတ်မှုများ ပိုပြီး ခံနေရကြောင်း KIA က ပြောသည်။







