ဆွမ်ပရာဘွမ် KIA စခန်း အစိုးရတပ်၏ လက်နက်ကြီး ပစ်ခတ်ခံရ

ဆွမ်ပရာဘွမ် KIA စခန်း အစိုးရတပ်၏ လက်နက်ကြီး ပစ်ခတ်ခံရ
by -
ကေအဲန်ဂျီ
ကချင်ပြည်နယ်တောင်ပိုင်း မိုးညှင်းမြို့နယ်တွင် တိုက်ပွဲဖြစ်နေစဉ် ပြည်နယ်မြောက်ပိုင်း ဆွမ်ပရာဘွမ် မြို့နယ်မှာလည်း ကချင်လွတ်မြောက်ရေးတပ်မတော် KIA တပ်ရင်း(၇) ရှေ့တန်းစခန်းတခုကို အစိုးရတပ်မှ လက်နက်ကြီးများဖြင့် ယမန်နေ့က ပစ်ခတ်ခဲ့သည်ဟု သိရသည်။

လက်နက်ကြီးဖြင့် Lawt Mai Yang စခန်းကို ယမန်နေ့ နံနက်ပိုင်း ၁၁နာရီခန့်တွင် (၁)ကြိမ်နှင့် မွန်းလွဲ ၄နာရီခန့်တွင် (၄)ကြိမ် ပစ်ခတ်ခဲ့ကြောင်း၊ KIA ဘက်မှ တုန့်ပြန်ပစ်ခတ်မှု မရှိကြောင်း KIA တာဝန်ရှိသူများက ကချင်သတင်းဌာန KNG သို့ ပြောသည်။

ယမန်နေ့ ၁၁နာရီခန့်တွင် အစိုးရတပ်က ၎င်းတို့၏ မလိယန်စခန်းနှင့် KIA စခန်း Lawt Mai Yang အကြား Shara Hka ချောင်းနား လုံခြံုရေးမိုင်းနှင်းမိခြင်းကြောင့် KIA စခန်းကို လက်နက်ကြီး ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု KIA ရှေ့တန်းသတင်းရပ်ကွက်က ဆိုသည်။

နိုဝင်ဘာ ၈ ရက်နေ့၊ အထွေထွေရွေးကောက်ပွဲပြီးနောက် ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်ရှိ KIA ရှေ့တန်းစခန်း အားလုံးနီးပါးသည် အစိုးရတပ်များ၏ လက်နက်ကြီးများဖြင့် မကြာခဏ ပစ်ခတ်မှုများ ပိုပြီး ခံနေရကြောင်း KIA က ပြောသည်။

July 6, 2026
မန္တလေးဘက်မှ ဧရာဝတီမြစ်ကြောင်းအတိုင်း ကချင်ပြည်သို့ ဆန်တက်လာသည်ဟု သတင်းထွက်ပေါ်ခဲ့သည့် စစ်တပ်၏...
July 4, 2026
ကချင်ပြည်၊ ပူတာအိုမြို့နယ်အတွင်းရှိ မကပ်မုံကျေးရွာ၌ လယ်ပိုင်ရှင်အချို့က ကန့်ကွက်နေသည့်ကြားမှ...
July 3, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်နှင့် စစ်ကိုင်းတိုင်း ကသာမြို့နယ်အစပ်တွင် ယခုရက်ပိုင်းအတွင်း...
July 2, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူ–တပ်ကုန်းအဆက်နားက ဂျပန်တံတားအောက် ရေချောင်းမှာ ညစ်ညမ်းရေတွေ...