“၁ဝဝ မှာ ရ၀ ရာခိုင်နှုန်းကတော့ အနိုင်ရမယ်လို့ ကျနော်တို့ခန့်မှန်းထားပါတယ်။ ဘာလို့အဲလိုပြောနိုင်လဲဆိုတော့ ပြည်သူ တွေက အခုသူတို့စိတ်ဆန္ဒမှာ ပြောင်းလဲချိန်တော့ တကယ်တန်ပြီဆိုတာ သဘောပေါက်နားလည်ပြီးတော့ ထောက်ခံတဲ့အပေါ်မှာ ကျနော်တို့ သုံးသပ်ပြီးတော့ပြောနိုင်တာဖြစ်ပါတယ်’’ ဟု ဦးဇိုဘွဲ့ကပြောသည်။
ဦးဇိုဘွဲ့သည် ဟားခါးမြို့မဲဆန္ဒနယ်မြေ(၁)တွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ် ပြီးချင်းမိုကရေစီအဖွဲ့ချူပ်ပါတီ ဒုတိယဥက္ကဌ အမျိူးသမီးအမတ်လောင်း ဒေါ်စုံဇီးမန်၊ ချင်းအမျိူးသားဒီမိုကရက်တစ်ပါတီမှ လူငယ်အမတ်လောင်းဗန်ချန်ကျဲအို နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှလက်ရှိချင်းပြည်နယ်လမ်းပန်းဆက် သွယ်ရေးဝန်ကြီး ဦးငွန်ဆန်းအောင်တို့နှင့်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
ဟားခါးမဲဆန္ဒနယ်မြေသည် အကြိတ်အနယ်ယှဉ်ပြိုင်ရမည့် နယ်မြေဟုခန့်မှန်းထားကြပြီး အထူးဖြင့် ဦးဇိုဘွဲ့တို့ ဝင်ရောက် ယှဉ်ပြိုင်ကြမည့်ဟားခါးမဲဆန္ဒနယ်မြေ(၁)သည် လူအများစိတ်ဝင်စားသည့် နယ်မြေတစ်ခုလည်းဖြစ်သည်။
“နည်းနည်းအခက်အခဲရှိတာက ကျနော့် မဲဆန္ဒနယ်မြေထဲက စစ်ဗျူဟာရယ်၊ ၂၆၆တပ်ရင်းတွေမှာ ဝင်လို့မရဘူး မဲဆွယ် စည်းရုံးရေး နဲ့ လက်ကမ်းစာစောင်တောင်ဝေလို့မရဘူး။ အဲဒီဟာ အဟန့်အတား နည်းနည်းရှိတယ်။ ဒါပေမယ့် ရ၅ ရာခိုင်နှုန်းနဲ့အနိုင်ရမယ်လို့ ခန့်မှန်းထားပါတယ်’’ ဟု ဦးဇိုဘွဲ့က ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော NLD ပါတီကတစ်နိုင်ငံလုံးအတိုင်းအတာဖြင့်မဲအပြတ်အသတ် အနိုင်ရရှိပြီး အစိုးရဖွဲ့နိုင်မည်ဆိုပါက ဦးဇိုဘွဲ့သည် ချင်းပြည်နယ်၏ ဝန်ကြီးချူပ်ရာထူးခန့်အပ်ခံရဘွယ်ရှိသည်ဟု လူအများက ထင်ကြေးပေးနေသည်။
ချင်းနိုင်ငံရေးပါတီများထဲတွင်မဲဆန္ဒနယ်မြေအများဆုံးဝင်ရောက်ယှဉ်ပြိုင်မည့်ချင်းအမျိူးသားဒီမိုကရက်တစ်ပါတီ အတွင်း ရေးမှူးဆလိုင်းကျဲအိုဘိခ်ထောင်ကတော့ ရွေးကောက်ပွဲအနိုင်အရှူံးဆိုသည်မှာ ပြည်သူလူထုကသာ ဆုံးဖြတ်မှာဖြစ်သည် ဟု ပြောသည်။
“ကျနော်တို့ပါတီက လူပုဂ္ဂိုလ်တစ်ဦးရဲ့ Popular ဖြစ်မှုနဲ့သူ့ရဲ့ဓာတ်ပုံလောက်ကိုပဲ ဖြန့်ပြီးတော့ နိုင်ငံရေးလုပ်တဲ့ပါတီမဟုတ် ဘူး၊ငွေထုတ်ကြီးကိုင်ပြီးတော့ ငွေအင်အားနဲ့ နိုင်ငံရေးလုပ်တဲ့ ပါတီမဟုတ်ဘူးကျနော်တို့က ပေါ်လစီကို ချင်းလူမျိူးတွေအတွက် အနာဂတ်၊ ဒီတိုင်းပြည်ရဲ့ အနာဂတ်တွက် လမ်းကြောင်းကို လူထုကိုချပြတာပေါ့လေတူတော့မတူကြပေါ့ အဲဒီ အပေါ်မှာ အနိုင်အရှူံးကို ဆုံးဖြတ်မှာကတော့ပြည်သူလူထုပါ၊ အနိုင် ဂိုးသွင်းမှာက လူထုပါ’’ ဟု သူကပြောသည်။
မဲဆန္ဒနယ်မြေစုစုပေါင်း ၃၉ နေရာရှိသော ချင်းပြည်နယ်တွင်အမျိူးသားဒီမိုကရေစီအဖွဲ့ချူပ် NLD ပါတီက ၃၈ နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်ပြီး ဇိုမီးဒီမိုကရေစီအဖွဲ့ချူပ်ပါတီဥက္ကဌပူးကျင့်ရှင်းထန် ဝင်ရောက်ယှဉ်ပြိုင်သော တီးတိန်မြို့ ပြည်သူ့လွှတ်တော်နေရာတစ်ခုတည်းကိုသာ ရှောင်ပေးခဲ့သည်။







