ဟားခါးမြို့ပေါ် မဲရုံများ၌ ဓါတ်ပုံ၊ ဗွီဒီယို မှတ်တမ်းရယူခွင့်မရှိ

ဟားခါးမြို့ပေါ် မဲရုံများ၌ ဓါတ်ပုံ၊ ဗွီဒီယို မှတ်တမ်းရယူခွင့်မရှိ
by -
ခိုနူမ်းထုန်
ခိုနူမ်းထုန် — ယနေ့ နံနက် (၆)နာရီမှ စတင် ကျင်းပသည့် အထွေထွေရွေးကောက်ပွဲတွင် ချင်းပြည်နယ်မြို့တော် ဟားခါးမြို့ပေါ် မဲရုံများ၌  ဗွီဒီယို၊ ဓါတ်ပုံမှတ်တမ်းများ ရိုက်ယူခွင့်ပိတ်ပင်ထားသည်။

ရွေးကောက်ပွဲ ကော်မရှင်ကနေ ဗွီဒီယို မှတ်တမ်း ရယူခွင့်၊ ဓါတ်ပုံရိုက်ကူးခွင့် ကို ပိတ်ပင်ထားတာဖြစ်ကြောင်း ဟားခါး မြို့မှ ခိုနုမ်းသုန် TV Producer ကို သွီဒိမ်းက ပြောသည်။

 " မဲရုံရှေ့မှာ ဓါတ်ပုံမရိုက်ရလို့ကပ်ထားတယ်၊ ရွေးကောက်ပွဲကော်မရှင်ကယခုလိုကပ်ထားတာဖြစ်မှာပါ၊ တစ်ခြား ချင်းပြည်နယ် မြို့တွေ၊ ကျေးလက်ဒေသတွေမှာ ယခုလိုပဲ ပိတ်ပင်တာလားတော့ မသိဘူး" ဟု ပြောသည်။ တစ်နိုင်ငံလုံးရှိ ရွေးကောက်ပွဲ မဲရုံများ တွင် မဲပေးမှု အခြေအနေများကို လွတ်လပ်စွာ  သတင်းဗွီဒီယို၊ ဓါတ်ပုံမှတ် တမ်းရယူခွင့်ရှိ နေချိန်တွင်ချင်းပြည်နယ် ဟားခါးမြို့အတွင်း မဲရုံများမှာ ဗွီဒီယို မှတ်တမ်းများ၊ ဓါတ်ပုံများ ရိုက်ယူခွင့် ပိတ်ပင်ထားသည်မှာစဉ်းစားစရာ ဖြစ်နေသည်ဟုဆိုသည်။

 " လုံခြုံရေးအကြောင်းပြတာလား၊ စဉ်းစားလို့မရဘူး၊ ရွေးကောက်ပွဲမတိုင်ခင် သက်ဆိုင်ရာက သင်တန်းတွေပြုလုပ်တိုင်း လွတ်လပ်စွာ သတင်းရယူခွင့်ရှိတယ်လို့ပြောပြောနေကြတာနဲ့ဆန့်ကျင်ဖက် ဖြစ်နေတယ်" ဟု ဆိုသည်။

ချင်းပြည်နယ် ဟားခါးမြို့နယ်၌ ပြည်ခိုင်ဖြိုးပါတီ( USDP)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်( NLD)၊ ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီ( CNDP)၊ ချင်းဒီမိုကရေစီအဖွဲ့ချုပ်( CLD)၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် ( ZCD) ပါတီတို့ ၀င်ရောက် ယှဉ်ပြိုင်ကြသည်။

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...