မီဒီယာအများတွင် တိုင်းရင်းသားပါတီများကို ဖော်ပြမှုနည်း

မီဒီယာအများတွင် တိုင်းရင်းသားပါတီများကို ဖော်ပြမှုနည်း
by -
မဇ္ဈိမ
ရွေးကောက်ပွဲသတင်းများ ဖော်ပြကြရာတွင် မီဒီယာအများစုသည် တိုင်းရင်းသားပါတီများထက် ပါတီကြီးနှစ်ခုဖြစ် သည့် ပြည်ခိုင်ဖြိုးပါတီနှင့် အမျိုးသာဒီမိုကရေစီအဖွဲ့ချုပ်ပါတီ နှစ်ခုကိုသာ အသားပေးဖော်ပြနေကြသည်ဟု ရွေးကောက်ပွဲနှင့် ပက်သက်ပြီး မီဒီယာများကိုစောင့်ကြည့်လေ့လာ နေသော အဖွဲ့တစ်ခုဖြစ်သည့် MID ၏ ဒုတိယအကြိမ်မြောက် အစီရင်ခံစာ တွင် ဖော်ပြသည်။

နိုင်ငံပိုင်မီဒီယာများတွင် နိုင်ငံတော်အာဏာပိုင်ပုဂ္ဂိုလ်များ၏ မဲဆွယ်လှုပ်ရှားမှုအခြေအနေနှင့် လှုပ်ရှား ဆောင်ရွက်မှုများကို အချိန်များစွာပေးပြီး ဖော်ပြနေဆဲဖြစ်ကြောင်း အာဏာပိုင်အများစုသည် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် လွတ်တော်ကိုယ်စားလှယ်လောင်းများဖြစ်ကြပြီး အများစု မှာ အာဏာရပါတီမှ ဖြစ်ကြသည်ဟု MID မှ မစတာ ရာစတို ကူကြိုး (Rasto Kuzal) က ပြောသည်။

"ပါတီကြီးတွေကနေပြီးသတင်းယူဖို့လွယ်ကူပြီး ပါတီကြီးတွေက ပြောတာခေါ်တာ များတောသူတို့ သတင်းတွေက အများဆုံးပါတာ ဖြစ်ပါတယ်။ တိုင်းရင်းသားပါတီတွေကျတော့ ဘယ်မှာတွေ့မယ်ဆို တာ ပြောပြီးမှရတာပေါ့"ဟု မွန်အမျိုးသားပါတီ မှ ဒုတိယဥက္ကဋ္ဌ (၂) ဦးငွေသိန်းကပြောက ပြောကြားသည်။

"အများဆုံးစိတ်ဝင်စားတာ ပါတီကြီးနှစ်ခုပေါ့ ပြီးတော့ ပြသနာလည်းများတော့ လူစိတ်ဝင်စားတာပေါ့။ ကျွန်တော်တို့ တိုင်ရင်းသားပါတီတွေကျ ပြဿနာက နည်းတာကိုး"ဟု ၎င်းက ဆိုသည်။

မီဒီယာများအနေဖြင့် ကွဲပြားခြားနားသော နေရာပေးဖော်ပြကြကြောင်း၊ သို့ရာတွင် အချို့သည် NLD အတွက် သတင်းဖော်ပြ စရာနေရာ ဖန်တီးပေးထားသည်ကို တွေ့ရှိရသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

"သတင်းပေးဖို့လည်း အခက်ခဲရှိတယ်။ မီဒီယာတွေကလည်း လာဖို့ အခက်ခဲရှိတယ်။ နေရာတွေက ဝေးတာကိုး။ ကျွန်တော်တို့ ဘက်ကလည်း သတင်းဖြစ်တာသိပ်မပေးနိုင်တာပါတယ်"ဟု ကယန်း အမျိုးသားပါတီ မှ ဗဟိုကော်မတီ အထွေထွေအတွင်းရေး မှူးဖြစ်သူ ဦးနန်းရီက ပြောသည်။

ရွေးကောက်ပွဲဆိုင်ရာ မီဒီယာများကိုစောင့်ကြည့်လေ့လာနေသည့် အဖွဲ့ဖြစ်သည့် MID သည် ရုပ်မြင်သံကြားလိုင်း (၅) လိုင်း၊ ရေဒီယိုလိုင်း (၈) လိုင်း၊ သတင်းစာ (၁၀) စောင်၊ အင်တာနက် သတင်းမီဒီယာ (၃) ခုတို့ကို ရွေးကောက်ပွဲအတွင်း မီဒီယာနယ်ပယ်တစ်ခုလုံး၏ ကျင့်ဝတ်လိုက်နာမှု အတွက် အထောက်ပံ့ဖြစ်စေရန် စောင့်ကြည့်နေသည့်အဖွဲ့တစ်ခုလည်း ဖြစ်သည်။

ရွေးကောက်ပွဲမဲဆွယ်ကာလအတွင်း သတင်းမီဒီယာတို့၏ လုပ်ဆောင်ပုံကို အများပြည်သူ၊ သတင်း မီဒီယာများ၊ အရပ်ဖက်လူမှု့အဖွဲ့စည်းများ၊ နိုင်ငံရေးပါတီများနှင့် နိုင်ငံတကာအသိုင်းဝိုင်းသို့ မျှဝေသွားမည်ဟု သိရသည်။

May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...
May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...
May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...
May 5, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ နာဂဒေသအတွင်းရှိ နယ်စပ်ကုန်သွယ်ရေး ပန်ဆောင်ဂိတ်ကို စစ်အုပ်စုတပ်က မေလ ၁...