ဒေါ်အောင်ဆန်းစုကြည် နိုဝင်ဘာ ၅ ရက်နေ့ သတင်းစာရှင်းလင်းပွဲပြုလုပ်မည်

ဒေါ်အောင်ဆန်းစုကြည် နိုဝင်ဘာ ၅ ရက်နေ့ သတင်းစာရှင်းလင်းပွဲပြုလုပ်မည်
by -
မဇ္ဈိမ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် နိုဝင်ဘာ ၅ ရက်နေ့၌ တက္ကသိုလ်ရိပ်သာလမ်း ခြံအမှတ် ၅၄၊ ၎င်း၏နေအိမ်တွင် သတင်းစာရှင်းလင်းပွဲ တစ်ရပ်ပြုလုပ်မည်ဟု ပါတီအောင်နိုင်ရေးအဖွဲ့က ပြောသည်။

''နိုဝင်ဘာ ၅ ရက်နေ့ မနက် ၉ နာရီခြံထဲမှာ သတင်းစာရှင်းလင်းပွဲ လုပ်မှာပါ။ မဲဆွယ်ပွဲအတွေ့အကြံု ရှင်းမှာဖြစ်နိုင်သလို တခြားဘာ အကြောင်းအရာတွေကို ရှင်းမလဲဆိုတာတော့ အတိအကျ မသိရသေး ဘူး။''ဟု ပါတီအောင်နိုင်ရေးအဖွဲ့ဝင် ပါတီဗဟိုကော်မတီဝင် ဦးသိန်းဦးက မဇ္စျိမသို့ ပြောသည်။

မဲဆွယ်စည်းရုံးစဉ်အတွေ့အကြံုများအား ရှင်းလင်းမည်ဖြစ်ပြီး အခြားသော အကြောင်းအရာများလည်း ဦးတင်ဦး နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ နှစ်ဦးက ပြောကြားမည်ဟု ဗဟိုကော်မတီဝင် ဦးကြည်တိုးက ပြောသည်။

''၂ ရက်နေ့ အတိအကျ ကြေညာပေးမယ်။ ၃ ရက်နဲ့ ၄ ရက်နေ့တွေမှာ သတင်းစာ၊ ဂျာနယ် တစ်တိုက်ကို နှစ်ဦး စာရင်းပေးပြီး ကတ်ပြားလာထုတ်လို့ ရပါတယ်။ အမေး အဖြေ ကဏ္ဍလည်း ပါတော့ မေးခွန်းတွေ ကြိုရေးလာပေါ့။''ဟု ၎င်းက မဇ္စျိမသို့ ပြောသည်။

ထို့အပြင် နိုဝင်ဘာ ၁ ရက်နေ့၌လည်း သင်္ကန်းကျွန်းမြို့နယ်၊ သုဝဏ္ဏမြို့ဦးစေတီတော်ဝင်း အတွင်း၌ ဒေါ်အောင်ဆန်းစုကြည် လာရောက်ဟောပြောမည်ဟု အဖွဲ့ချုပ်ဗဟိုကော်မတီဝင် ဦးဝင်းထိန်က ပြောသည်။

''နိုဝင်ဘာ ၁ ရက်နေ့ သုဝဏ္ဏမြို့ဦးစေတီမှာ လူထုတွေ့ဆုံဟောပြောပွဲလုပ်ဖို့ ခွင့်ပြုမိန့်ကျပြီးပါပြီ။ ဘဘဦးတင်ဦး အရင်ပြောမယ်၊ ပြီးရင် အစ်မစု ဟောပြောမယ်။''ဟု ၎င်းက ပြောသည်။

ထိုနေ့တွင်ပင် ဟောပြောပွဲပြီးလျှင် ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီခန်းမ၌ ရန်ကုန် အရှေ့ပိုင်းခရိုင်၊ အနောက်ပိုင်းခရိုင်၊ မြောက်ပိုင်းခရိုင် တို့မှ လွှတ်တော်အသီးသီး၌ ၀င်ရောက် ရွေးချယ်ခံကြမည့် ကိုယ်စားလှယ်လောင်းများနှင့် တွေ့ဆုံရန် ရှိသည်ဟု ပါတီအောင်နိုင်ရေး အဖွဲ့မှ သိရသည်။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...