ပြောင်းလဲချိန်တန်ပြီဆိုတာ ဘာကို ပြောတာလဲဟု သမ္မတ ဦးသိန်းစိန် မေး

ပြောင်းလဲချိန်တန်ပြီဆိုတာ ဘာကို ပြောတာလဲဟု သမ္မတ ဦးသိန်းစိန် မေး
by -
မဇ္ဈိမ
သမ္မတ ဦးသိန်းစိန်သည် ငပုတောမြို့၊ ဥသျှစ်ကွင်း ကျေးရွာသို့ အောက်တိုဘာလ၂၉ရက်နေ့က ရောက်ရှိစဉ် ဒီမိုကရေစီစနစ် အပြောင်းအလဲကို သူ၏ အစိုးရက စတင်ခဲ့ပြီး နောက်ထပ် ဘာများ ပြောင်းလဲလိုသေးသနည်း၊ ပြောင်းလဲချိန်တန်ပြီဆိုတာ ဘာကို ဆိုလိုသလဲဟု ဒေသခံများကို မေးခွန်းထုတ်ခဲ့သည်။

“တပ်မတော်အစိုးရ အုပ်ချုပ်တဲ့ စနစ်ကနေပြီးတော့ ပြည်သူလူထုရွေးချယ်တင်မြောက်တဲ့ ခုနကလို အစိုးရစနစ်နဲ့ လွှတ်တော်တို့အစိုးရတို့ စသည်အားဖြင့် ဒီစနစ်နဲ့အုပ်ချုပ်တဲ့ ဒီမိုကရေစီစနစ်ကို ကျွန်တော်တို့ ပြောင်းပြီးပြီ နောက်ထပ်ဘာလို့များ ပြောင်းချင်သေးလဲ၊ နောက်ထပ် ပြောင်းဖို့ကတော့ အခြားမရှိတော့ဘူး ကွန်မြူနစ်ပဲ ရှိတော့တယ် ကွန်မြူနစ်တော့ ဘယ်သူမ ှမပြောင်းချင်ဘူး။ ဟုတ်တယ် မဟုတ်လား”ဟု သမ္မတက ပြောခဲ့သည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ မဲဆွယ် စည်းရုံးမှုများအတွင်း ပြောင်းလဲချိန်တန်ပြီဟု ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောင်းလဲချိန်တန်ပြီဟု ပြောဆိုမှုများနှင့် တိုက်ဆိုင်စွာပင် ပြောင်းလဲချိန် တန်ပြီဆိုတာ ဘာကို ပြောတာလဲဟု သူက တန်ပြန် မေးခွန်းထုတ်ခဲ့သည်။

“ပြည်သူများလိုချင်တဲ့ ဒီမိုကရေစီစနစ်ကို ပြောင်းပြီးပြီ ခုနလို ပြောင်းလဲချိန်တန်ပြီဆိုတာ ဘာကို ပြောတာလဲ ကျွန်တော်တို့ကတော့ ပြောင်းပြီးပြီ၊ ပြောင်းပြီးတဲ့စနစ်ကို ခိုင်ခိုင်မာမာ ဖြစ်အောင် ကျွန်တော်တို့ လုပ်သွားပါမယ်” ဟု ပြောခဲ့သည်။

“ကျွန်တေ်ာတို့အစိုးရဟာ  စနစ်ဟောင်းတစ်ခုကနေ စနစ်သစ်တစ်ခုကို ကူးပြောင်းရတယ်ဆိုတာ အလွန်မှ အန္တရာယ်များတယ်၊ ပြောရမယ်ဆိုလို့ရှိရင် ကျွန်တော်တို့လို တစ်ချိန်ထဲမှာ ဒီမိုကရေစီ စနစ် ကူးပြောင်းတဲ့နိုင်ငံ အများကြီးရှိပါတယ် အာရပ်နိုင်ငံ၊ မူဆလင် နိုင်ငံတွေ အများကြီးရှိပါတယ်။ ဒီနေ့ အထိ ဒီမိုကရေစီစနစ်ကို မပြောင်းနိုင်ဘဲနဲ့ နေ့စဉ်နဲအမျှ တိုက်ပွဲတွေဖြစ်နေတယ်”ဟုလည်း ပြောဆိုခဲ့သည်။

“ကျွန်တော်တို့က ခုနကလို တလှမ်းချင်း သတိထားပြီးတော့ ပြောင်းလဲနိုင်ခဲ့တဲ့ အတွက်ကြောင့်မို့ အခု ဒီမိုကရေစီစနစ်ကို သွေးထွက်သံယိုမရှိဘဲ ပြောင်းလဲလာနိုင်တယ်။ အဲ့တော့ ပြုပြင်ပြောင်းလဲမှု၊ ပြောင်းလဲဖို့ အချိန်တန်ပြီဆိုတာ တကယ်တော့ ကျွန်တော်တို့ ဒီမိုကရေစီစနစ်ကို ပြောင်းလဲတဲ့အခါမှာ  ပြောင်းလဲပါပြီ”ဟုလည်း ပြောဆိုခဲ့သည်။

May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...
May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...
May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...
May 5, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ နာဂဒေသအတွင်းရှိ နယ်စပ်ကုန်သွယ်ရေး ပန်ဆောင်ဂိတ်ကို စစ်အုပ်စုတပ်က မေလ ၁...