ရန်ကုန်မြို့ကို စနစ်တကျ မခန့်ခွဲနိုင်ပါက နောင်တစ်ချိန် နောင်တရလိမ့်မည်ဟု YHT သတိပေး

ရန်ကုန်မြို့ကို စနစ်တကျ မခန့်ခွဲနိုင်ပါက နောင်တစ်ချိန် နောင်တရလိမ့်မည်ဟု YHT သတိပေး
by -
မဇ္ဈိမ
နိုင်ငံ၏ စီးပွားရေး အချက်အချာကျသော ရန်ကုန်မြို့သည့် အပြောင်းအလဲကာလနှင့် ကြံုတွေ့နေရပြီး မြို့ပြ စီမံကိန်းများ ကြိုတင်မရေးဆွဲ၊ စီမံကိန်းများစနစ်တကျ မလုပ်ဆောင်ပါက ပတ်ဝန်းကျင် ညစ်ညမ်းမှုများဖြင့် နောင်တတရမည့် အခြေအနေနှင့် ကြံုတွေ့နိုင်သည်ဟု ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ YHT က အောက်တိုဘာ ၂၆ ရက်တွင် သတိပေးလိုက်သည်။

“လက်ရှိတွင် မြို့ပြစီမံကိန်းကို ကြိုတင်ရေးဆွဲထားခြင်းမရှိပါက အနာဂတ်တွင် ရှုပ်ထွေးကျပ်ညပ် သော၊ ပတ်ဝန်းကျင် ညစ်ညမ်းမှုများဖြင့် ပြည့်နှက်နေသော၊ နေချင့်စဖွယ် မရှိသော၊ ကိုယ်ပိုင် လက္ခဏာသွင်ပြင် မရှိသော မြို့တစ်မြို့အဖြစ်သို့ ဦးတည်သွားနိုင်သည်”ဟု YTH ၏ သတိပေး ထုတ်ပြန်မှုတွင် ပါရှိသည်။

“နောင်မျိုးဆက်များ၏ခေတ်သို့ ရောက်သောအခါမှ ရန်ကုန်မြို့တစ်ခါက ပိုင်ဆိုင်ခဲ့ဖူးသော အကောင်းမွန်ဆုံးနှင့် အလှပဆုံးအရာများကို ထိန်းသိမ်းရန် ပိုမို မလုပ်ဆောင်မိခဲ့ခြင်းအတွက် နောင်တရစရာ ဖြစ်နေပေလိမ့်မည်”ဟုလည်း သတိပေးထားသည်။

စီမံခန့်ခွဲမှုကောင်းသော မြို့တစ်မြို့၏ လက္ခဏာရပ်များဖြစ်လာစေရန် အချက် ရှစ်ချက်ကို လိုက်နာကြရန် တိုက်တွန်းထားသည်။

မြို့၏ သူမတူထူးခြားသော သမိုင်းဝင်ဗိသုကာအမွေအနှစ်များအား တန်ဖိုးထား ထိန်းသိမ်း စောင့်ရှောက်ရန်၊ အများပြည်သူ အပန်းဖြေအနားယူနိုင်သော သဘာဝစိမ်းလန်း မြေကွက်လပ် များအား ထိန်းသိမ်းစောင့်ရှောက်ရန်၊ အသစ် ဆောက်လုပ်သော အဆောက် အအုံများသည် တည်ရှိပြီးဖြစ်သည့် သမိုင်းဝင်မြို့လယ်နှင့် လိုက်လျောညီထွေမှု ရှိစေရန်တို့ပါဝင်သည်။

အလားတူ လူသွားလမ်းများမှာ လမ်းလျှောက်ရ လွယ်ကူဘေးကင်းပြီး အများပြည်သူ အတွက် ရည်ရွယ်သော လှပသည့် ဒီဇိုင်းများဖြစ်ရန်၊ ဘတ်စ်ကားများ၊ ကူးတို့များ၊ မီးရထားနှင့် စက်ဘီး အစရှိသည့် လွယ်ကူသက်သာ ကောင်းမွန်သော အများပြည်သူသုံး ပို့ဆောင်ရေးစနစ် ဖော်ဆောင်ရန်ကိုလည်း သတိပေးထားသည်။

မြို့နေပြည်သူများ၏ ဘာသာရေး၊ ယဉ်ကျေးမှု၊ နိုင်ငံရေးနှင့် သမိုင်းဆိုင်ရာ တန်ဖိုးထားသည့် ပြယုဂ်ဖြစ်သော အမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ရန်၊ လုပ်ငန်းအမျိုးမျိုးဖြင့် စိုလွင်တက်ကြွသော မြို့၏ စီးပွားရေးကို ဖြွံ့ဖိုးတိုးတက်စေရန်ကိုလည်း ဖေါ်ပြထားသည်။

အလားတူ သန့်ရှင်းသော ပတ်ဝန်းကျင်၊ လေကောင်းလေသန့်နှင့် ရေကောင်း ရေသန့်များဖြင့် မြို့နေလူထု၏ ကျန်းမာသော လူနေမှုဘဝများကို အထောက်အကူပြုရန် စသည့် အချက်များကို ထည့်သွင်းစဉ်းစားရန်လည်း ပါဝင်သည်။

May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...
May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...
May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...
May 5, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ နာဂဒေသအတွင်းရှိ နယ်စပ်ကုန်သွယ်ရေး ပန်ဆောင်ဂိတ်ကို စစ်အုပ်စုတပ်က မေလ ၁...