စစ်ရေးနည်းလမ်းဖြင့် ဖြေရှင်းမည်ဆိုလျှင် တရားဝင်အကြောင်းကြားရန် SSPP က ဒေါက်တာစိုင်းမောက်ခမ်းထံ စာပို့

စစ်ရေးနည်းလမ်းဖြင့် ဖြေရှင်းမည်ဆိုလျှင် တရားဝင်အကြောင်းကြားရန် SSPP က ဒေါက်တာစိုင်းမောက်ခမ်းထံ စာပို့
by -
မဇ္ဈိမ
နိုင်ငံရေးပြဿနာများကို စစ်ရေးနည်းလမ်းဟောင်းများဖြင့် ဖြေရှင်းသွားမည်ဆိုလျှင် ရှမ်းပြည်တိုးတက် ရေးပါတီ/ရှမ်းပြည် တပ်မတော် (SSPP/SSA)သို့ တရားဝင် အကြောင်းကြားပေးရန် ညှိနှိုင်းတင်ပြစာ တစ်စောင်အား ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) ဥက္ကဌထံ SSPP က အကြောင်းကြားခဲ့သည်။

SSPP ကမူ နိုင်ငံရေးနည်းလမ်းဖြင့် တွေ့ဆုံဆွေးနွေးဖြေရှင်းသွားနိုင်ရန် ဆန္ဒရှိနေပြီး SSPP/SSA ဌာန ချုပ်အနီးအထိ ထိုးစစ်ဆင်နေသော တပ်မတော်စစ်ကြောင်းများအား တားဆီးပေးပါရန် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ (UPWC) ဥက္ကဌ ဒေါက်တာစိုင်းမောက်ခမ်းထံသို့ အောက်တိုဘာ ၂၁ ရက်စွဲဖြင့် စာရေးသားခဲ့သည်။

“သူတိုု့ကြည့်ရတာ စစ်ရေးနဲ့ ဖြေရှင်းမယ်ထင်တယ်”ဟု SSPP/SSA၏ ပြောရေးဆုုိခွင့်ရှိသူ ဒုုဗုုိလ်မှူးကြီး စိုင်းလက မဇ္စျိမသို့ ပြောသည်။ စာနှင့်ပတ်သက်၍လည်း UPWC ဘက်မှ အကြောင်းပြန်ကြားခြင်း မရှိသေးကြောင်းလည်း သိရသည်။

ရင်ဆိုင်တိုက်ပွဲ မရှိသော်လည်း အောက်တုုိဘာလ ၂၃ ရက် နံနက် ၈ နာရီမှ ၁၂ နာရီခန့်ထိ SSPP ဝမ်ဟုုိင်းဌာနချုပ်၏ တောင်ဘက် ၆ မိုင်ကျော် အကွာအဝေးရှိ နမ့်ပူးတောင်းကုန်းများသိုု့ ကျူမောက် ခေါင်တွင် ခြေကုတ်ယူထားသည့် အစိုးရ စစ်တပ်က လက်နက်ကြီးများဖြင့် အကြိမ်ပေါင်း ၃၀ ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဒုဗိုလ်မှူးကြီး စိုင်းလက ပြောသည်။

“ဒီနေ့(အောက်တိုဘာ ၂၃ရက်နေ့)က ကျနော်တုုိ့ ဝမ်ဟုုိင်းအနီး ခြေကုုတ်ယူထားသည့် တပ်စခန်း ကနေ ၈ နာရီမှာ မနေ့(အောက်တိုဘာ ၂၂ ရက်နေ့)က တုုိက်ပွဲဖြစ်တဲ့ တောင်ကုုန်းတွေကို လက်နက်ကြီးနဲ့ အလုံုး ၃၀ လောက် ပစ်ခတ်ခဲ့တယ်”ဟုု ၎င်းက မဇ္စျိမသို့ ပြောသည်။

လက်ရှိ SSPP/SSA ဌာနချုပ်အနီးထိ ထုုိးစစ်ဆင်ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုုဗုုိလ်ချုပ်ကြီး ရာပြည့် ကုုိယ်တုုိင် ရှေ့တန်းရုံုးထုုိင်ပြီး ဦးစီးကွပ်ကဲသောကြောင့် နုုိင်ငံရေးပြဿနာကို စစ်ရေးနည်းလမ်းဟောင်းဖြင့် ဖြေရှင်းရန် ပြန်လည်ဦး တည်နေသည်ဟု မှတ်ယူကြောင်း ၎င်းတုုိ့ပေးပုုိ့သော စာတွင် ဖော်ပြထားသည်။

အောက်တုုိဘာလ ၆ ရက်မှစတင်၍ အစုုိးရ တပ်မတော်ဘက်မှ ထုုိးစစ်ဆင်တုုိက်ခဲ့ခဲ့သဖြင့် တုုိက်ပွဲ စတင်ဖြစ်ပွားခဲ့ရာမှ အောက်တုုိဘာ ၁၅ ရက်နေ့တွင်မူ SSPP/SSA က 'နှစ်ပေါင်းဆယ်ချီကြာ အခြေပြုလာသည့်' တာဆမ်းပူး ကူးတုုိ့ဆိပ်ဂွင်နှင့် စုုိးမုုိးတောင်ကုုန်းများမှ သဘောထားကြီးစွာ ဆုုတ်ခွာပေးခဲ့ပြီးဖြစ်သည်ဟု ဆိုသည်။

တုုိက်ပွဲများ ဆက်လက် ဖြစ်ပွားနေသဖြင့် ဒေသခံ စစ်ပြေးဒုုက္ခသည် ၃၀၀၀ ကျော် ရှိလာသည့်ပြင် တပ်မတာ်ဘက်မှ စစ်ရှိန်ပုုိမြှင့်လာသဖြင့် စစ်ပြေးဒုုက္ခသည်များ ခုုိလှုံနေသော ဝမ်ဆော့ဒုက္ခသည်စခန်း နှင့် ဟိုင်းပါဒုုက္ခသည်စခန်းများလည်း ဆက်လက်ရှောင်တိမ်းရမည့် အခြေအနေတွင် ရှိနေသည်ဟုု ပြောသည်။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...