အစိုးရတပ်မှ ကျေးရွာများသို့ လက်နက်ကြီးများ ပစ်ခတ်

အစိုးရတပ်မှ ကျေးရွာများသို့ လက်နက်ကြီးများ ပစ်ခတ်
by -
ကချင်သတင်းဌာန
တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားနေသော ရှမ်းပြည်နယ် မြောက်ပိုင်းတွင် အောက်တိုဘာ ၂၁ ရက်နေ့၊ နံနက်ပိုင်း ကွတ်ခိုင်နှင့် နမ့်ဖတ်ကာကြား ဟူးဖြတ်ဒေသ ကျေးရွာများသို့ အစိုးရတပ်မှ လက်နက်ကြီးများ ပစ်ခတ်ခဲ့ကြောင်း သိရသည်။

အစိုးရ တပ်မ(၉၉) စစ်ကြောင်းများမှ မံပုန်(Man Pung)နှင့် ဝယော့(Wa Yaw)ကြား ဟူးဖြတ် (Huhpyet) နှင့် မံကောင်းရွာ(Man Kawng) ရွာများသို့ နံနက်ပိုင်း ၉ နာရီခန့်မှာ နက်လက်ကြီး စတင်ပစ်ခတ်ပြီး နေ့လည်ပိုင်းမရောက်မီ ရပ်နေကြောင်း ဒေသခံရွာသားများ က ကချင်သတင်းဌာန KNG သို့ ပြောသည်။

အစိုးရတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ရွာသားများ ထိခိုက်သေဆုံးမှု ရှိ မရှိ မသိရသေးပါ။

အောက်တိုဘာ ၁၉ ရက်နေ့၊ နေ့လည်ပိုင်းမှာလည်း ၎င်းတပ်မ(၉၉) စစ်ကြောင်းနှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)နှင့် တအောင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) ပူးပေါင်းတပ်ဖွဲ့ကြား ဟူးဖြတ်(Huhpyet)နှင့် မံပုန် (Man Pung)ကြား တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကိုးကန့်ကို ကူညီခဲ့သည်ဟု ဆိုသော ရှမ်းပြည်မြောက်ပိုင်းမှ KIA တပ်မဟာ(၄)နှင့် TNLA တို့ လက်နက် ဖြုတ်သိမ်းရမည်ဟု သြဂုတ်လက သတင်းမီဒီယာများကို ပြောကြားထားသည်။

နေပြည်တော်အစိုးရနှင့် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် NCA လက်မှတ် မရေးထိုးသေးသော အဓိက တိုင်းရင်းသား တော်လှန်ရေးအဖွဲ့များတွင် KIO/KIA နှင့် PSLF/TNLA ပါဝင်သည်။

တိုက်ပွဲ ပဋ္ဋိပက္ခဖြစ်ပွားသော တိုင်းရင်းသားဒေသများမှ အပြစ်မဲ့ပြည်သူများသည် အစိုးရတပ်၏ လုပ်ရိုးလုပ်စဉ်အတိုင်း ရန်သူကဲ့သို့ ပစ်မှတ်ထား တိုက်ခိုက်သတ်ဖြတ်ခံရခြင်း၊ အမျိုးသမီးများ မုဒိမ်းကျင့် သတ်ဖြတ်ခံရခြင်း၊ မိသားစုပိုင် ဥစ္စာပစ္စည်းများ လုယူဖျက်ဆီးခံရခြင်းနှင့် အခြားသော လူ့အခွင့်အရေးချိုးဖောက်မှု အမျိုးမျိုးခံနေရသည်။

၂၀၁၁ ခုနှစ် သမ္မတဦးသိန်းစိန် ဦးဆောင်သော ဒီမိုကရေစီအစိုးရသစ် တက်လာသော်လည်း ပဋ္ဋိပက္ခ ဖြစ်ပွားသော နေရာမှ တိုင်းရင်းသားအမျိုးသမီးနှင့်ရွာသားများပေါ် တပ်မတော်၏ လူ့အခွင့်အရေး ချိုးဖောက်ခဲ့သော အမှုများ တရားမျှတမှုရရှိရေးကိစ္စမှာ အစိုးရက ကြိုးပမ်းဆောင်ရွက်ခြင်း မရှိသေးပါ။

July 6, 2026
မန္တလေးဘက်မှ ဧရာဝတီမြစ်ကြောင်းအတိုင်း ကချင်ပြည်သို့ ဆန်တက်လာသည်ဟု သတင်းထွက်ပေါ်ခဲ့သည့် စစ်တပ်၏...
July 4, 2026
ကချင်ပြည်၊ ပူတာအိုမြို့နယ်အတွင်းရှိ မကပ်မုံကျေးရွာ၌ လယ်ပိုင်ရှင်အချို့က ကန့်ကွက်နေသည့်ကြားမှ...
July 3, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်နှင့် စစ်ကိုင်းတိုင်း ကသာမြို့နယ်အစပ်တွင် ယခုရက်ပိုင်းအတွင်း...
July 2, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူ–တပ်ကုန်းအဆက်နားက ဂျပန်တံတားအောက် ရေချောင်းမှာ ညစ်ညမ်းရေတွေ...