ဒေါ်အောင်ဆန်းစုကြည်ကို သရော်သူအား အရေးယူရန် တိုင်တန်းသူ၏ ဇနီး ခြိမ်းခြောက်ခံနေရ

ဒေါ်အောင်ဆန်းစုကြည်ကို သရော်သူအား အရေးယူရန် တိုင်တန်းသူ၏ ဇနီး ခြိမ်းခြောက်ခံနေရ
by -
မဇ္ဈိမ
NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား လူမှုကွန်ရက်ပေါ်တွင် နောက်ပြောင် သရော်ထားမှုကို အရေးယူပေးရင် တရားလိုပြု တိုင်ကြားထားသူ ဦးစည်သူအောင်၏ ဇနီးမှာ ခြိမ်းခြောက်မှုများ ခံနေရကြောင်း မဇ္ဈိမသို့ ပြောသည်။

ကန်ကြီးထောင့်မြို့၊ မြို့မရဲစခန်းတွင် စက်တင်ဘာလ ၁၇ ရက်က အမှုဖွင့်ပြီးနောက် “တချို့ သတင်း စကားတွေ ကြားနေရတယ်။ ကျွန်တော်မိန်းမက ကျောင်းဆရာမ ဆိုတော့ NLD အကျႌဝတ်လို့ အရေးယူမယ်၊ တိုင်မယ်ဆိုတာတွေ ကြားနေတယ်” ဟု တရားလိုပြု တိုင်ကြားထားသည့် ဦးစည်သူ အောင်က ပြောသည်။

ဦးစည်သူအောင် ဇနီးမှ ကန်ကြီးထောင့်မြို့၊ ချောင်းစောက်ကျေးရွာ အခြေခံပညာ မူလတန်း လွန်ကျောင်းတွင် တာဝန် ထမ်းဆောင်နေသည့် ကျောင်းဆရာမ တစ်ဦးဖြစ်သည်။

တိုင်ကြားခံထားရသူမှ ကန်ကြီးထောင့်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ တွဲဘက် အတွင်းအရေးမှူးဖြစ်ကြောင်း သိရသည်။ တိုင်ကြားထားသူက ဒေါ်အောင်ဆန်းစုကြည် ဓါတ်ပုံအား ကန့်တော့ရန် တောင်းဆိုခဲ့ထားပြီး တဘက်မှ မီဒီယာများ ရှေ့မှောက်တွင် တောင်ပန်းခြင်း မပြုနိုင်ကြောင်း ပြောသဖြင့် အမှုဖွင့်ခြင်းဖြစ်ကြောင်း သိရှိရသည်။

အမှုဖွင့် ခံထားရသူအား ဖမ်းဆီးရမိခြင်း မရှိသေးပေ။ အမှုအား ကန်ကြီးထောင့်မြို့၊ မြို့မ ရဲစခန်းတွင် ပ၁၅၇/၂၀၁၅ နှင့် အီလက်ထော့နစ်ပုဒ်မ ၆၆(ဃ)ဖြင့် စက်တင်ဘာ ၁၇ ရက်နေ့တွင် အမှုဖွင့် ထားကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ Thu Thu အကောင့်ဖြင့် လူမှုကွန်ယက် စာမျက်နှာပေါ်တွင် စက်တင်ဘာလ ၂ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်ပုံကို ဓာတ်ပုံပညာဖြင့် ပြန်လည်ပြင်ဆင်လျက် သရော်ထားခြင်း ဖြစ်သည်။

May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...
May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...
May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...
May 5, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ နာဂဒေသအတွင်းရှိ နယ်စပ်ကုန်သွယ်ရေး ပန်ဆောင်ဂိတ်ကို စစ်အုပ်စုတပ်က မေလ ၁...