ဖုန်ကြားရှင်ကို သမ္မတက ပြည်တွင်းမှာပြန်နေရန် ခွင့်ပြုဟု ဝန်ကြီးဦးအောင်မင်းပြောသည့် သတင်း ကိုးကန့်တပ် ပြန်လည်ငြင်းဆို

ဖုန်ကြားရှင်ကို သမ္မတက ပြည်တွင်းမှာပြန်နေရန် ခွင့်ပြုဟု ဝန်ကြီးဦးအောင်မင်းပြောသည့် သတင်း ကိုးကန့်တပ် ပြန်လည်ငြင်းဆို
by -
မဇ္ဈိမ
ကိုးကန့်တပ်မတော် - မြန်မာအမျိုးသား ဒီမိုုကရက်တစ် မဟာမိတ်တပ် (MNDAA) ဥက္ကဋ္ဌ ဖုုန်ကြား ရှင်က လောက်ကိုင်မြို့ တွင် ပြန်လည်အခြေချလိုကြောင်း သမ္မတထံ တောင်းဆိုမှုကို သမ္မတက ခွင့်ပြုခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီးဦးအောင်မင်း က အောက်တိုဘာ ၁၅ရက်နေ့က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု စာချုပ် လက်မှတ်ရေးထိုးသည့် သတင်းစာရှင်းလင်းပွဲတွင် မီဒီယာများကို ပြောဆိုမှုကို MNDAAက သတင်းမှားဖြစ်ကြောင်း ပြန်လည်ငြင်းဆိုလိုက်သည်။

MNDAAမြန်မာမီဒီယာအချို့ မှားယွင်းသော သတင်းများကုုိ ထုုတ်ပြန်ခဲ့ပြီး သွေးခွဲ ကြံစည်ခဲ့သည်ဟုု အောက်တုုိဘာလ ၁၇ ရက်နေ့က ကြေညာချက်တစောင် ထုုတ်ပြန်ကာ တုံ့ပြန်လိုက်သည်။

“သတင်းတွေမှာ တွေ့တယ်။ ဝန်ကြီး ဦးအောင်မင်းကနေ ၁၆ ရက်နေ့ ထင်တယ်။ ဖုုန်ကျားရှင်ကနေ ပြီးတော့မှ လူ ၆၀ ကိုခေါ်ပြီးတော့ ပြည်တွင်းထဲ ပြန်နေမလို့ လောက်ကုုိင်လည်း ဖြစ်ရင်လည်း ဖြစ်မယ် ပေ့ါ။ သမ္မတနဲ့ ခွင့်တောင်းဖူးတယ်ပေါ့။ သမ္မတကလည်း ခွင့်ပြုတယ်ပေါ့။ ဒါပေမဲ့ လက်နက်တော့ ပေးမယူဘူးတဲ့၊ ဒီဥစ္စာတွေက မဟုုတ်မမှန်ကြောင်း ကျနော်တိုု့ ပြန်ပြီးတော့ ချေပထားတာပါ ခင်ဗျ”ဟုု MNDAA ၏ ပြောရေးဆုုိခွင့်ရှိသူ ဦးထွန်းမြတ်လင်းက မဇ္ဈိမသို့ ပြောသည်။

ကိုးကန့်တပ်မတော် ဥက္ကဋ္ဌ ဖုန်ကြားရှင်က လောက်ကိုင်မြို့တွင် ပြန်လည်အခြေချလိုသည်ဟု သမ္မတ ဦးသိန်းစိန်အား ပုဂ္ဂိုလ်ရေးအရ ရင်းနှီးမှုရှိ၍ ခွင့်တောင်းသည်ကို သမ္မတက လောက်ကိုင်တွင် သော်လည်းကောင်း၊ ရန်ကုန်တွင်သော် လည်းကောင်း၊ မန္တလေးတွင်သော်လည်းကောင်း နေထိုင်ခွင့် ပြုမည်ဟု အကြောင်းပြန်ကြောင်း ဝန်ကြီးဦးအောင်မင်းက မီဒီယာများကို ပြောသည်။ သို့သော် ဖုန်ကြားရှင်အဖွဲ့က လက်နက် ၆၀ ယူဆောင်ခွင့်တောင်းသဖြင့် လက်နက်ယူဆောင်ခွင့်မပြုကြောင်း ပြန်လည် အကြောင်းပြန်ခဲ့သည်ဟု ဝန်ကြီးက ပြောဆိုခြင်းဖြစ်သည်။

“အဲဒါတွေက မဟုုတ်မမှန်ပါဘူး။ သူပြောတာတွေ တခုုမှ မရှိခဲ့ဖူးပါဘူး။ ဦးအောင်မင်းကတော့ အမြဲတမ်းလိုုလုုိပါပဲ။ လျှောက်ပြောနေ တယ်။ အဓိက ကျနော်တို့ကို ပြိုကွဲအောင်၊ နားလည်မှု လွဲအောင်ပေါ့ဗျာ”ဟုု သူက ပြောသည်။

လက်ရှိ MNDAA ၏ တပ်အင်အားသည် ၅၀၀၀ ခန့်ရှိပြီး မြန်မာမီဒီယာများ ထုုတ်ပြန်ခဲ့သော လက်နက် ၆၀ ခန့်ဖြင့်သာ ဆုုတ်ခွာခဲ့ရသည် ဟူသော သတင်းမှာလည်း မှားယွင်းနေကြောင်း ထုုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သတင်းမှားများကြောင့် ကိုးကန့် တိုင်းရင်းသားများက MNDAA အပေါ် သံသယဝင်စေနိုင်ခြင်းကြောင့် ယခုကဲ့သို့ ထုတ်ပြန်ချက်ထုတ်ကာ ငြင်းဆိုရခြင်းဖြစ်သည်ဟုလည်းဆိုသည်။

ဖုန်ကြားရှင်သည် အသက် ၈၅ နှစ် ပြည့်ပြီ ဖြစ်သော်လည်း တော်လှန်ရေးအတွက် ဘဝကုန်ကြိုးစားပြီး အမျိုးသား တန်းတူရေး ကိုယ်ပုုိင်ပြဌာန်းခွင့်နှင့် စစ်မှန်သော ဒီမုုိကရေစီ ဖက်ဒရယ် ပြည်ထောင်စုု မရမချင်း မိမိမွေးရပ်မြေကုုိ ပြန်မည်မဟုုတ်ဟု ကတိပြုပါကြောင်း ထုတ်ပြန်ချက်တွင် ဆိုထားသည်။

အစိုုးရနှင့် MNDAA တပ်တုုိ့အကြား ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၉ ရက်မှစတင်၍ တုုိက်ပွဲ စတင်ဖြစ်ပွား ခဲ့ပြီး နှစ်ဖက် ကျဆုံုးမှု များပြားခဲ့ပြီးနောက် ဇွန်လ ၁၀ ရက်က ဦးဖုုန်ကြားရှင်က တစ်ဖက်သတ် စစ်ရပ်စဲလိုက်ကြောင်း ကြေညာချက်ထုုတ်ပြန်ခဲ့သည်။

လက်ရှိ လောက်ကုုိင်ဒေသတွင် အစုုိးရစစ်တပ်က တစ်ပတ်လျှင် ၄ ရက်၊ ၅ ရက်ခန့် ထုုိးစစ်ဆင်မှုများ ရှိကာ ပြင်းပြင်းထန်ထန် တုုိက်ပွဲ ဖြစ်ပွားခြင်း မရှိသော်လည်း အောက်တိုဘာလ ၁၅ ရက်နောက်ပုုိင်း လောက်ကုုိင်၏ အရှေ့မြောက်ဘက်တွင် အစုုိးရ စစ်တပ်က လက်နက်နှင့် စစ်အင်အားများ တုုိးမြင့်မှုများ ရှိသဖြင့် အစုုိးရ စစ်တပ်မှာ ဆက်လက် ထုုိးစစ်ဆင်မှု ရှိလာမည့် အခြေအနေတွင် ရှိနေသည်ဟုု ဦးထွန်းမြတ်လင်းက ပြောသည်။

Most read this week

December 16, 2025
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်တွင် ဒီဇင်ဘာ ၁၀ ရက်နေ့၌ မြောက်ဦးဆေးရုံကို စစ်ကော်မရှင်မှ ပေါင်...
December 15, 2025
စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်အရှေ့ခြမ်း ဆွတ်နန်းကျေးရွာအနီးရှိ ရန်ကင်းတောင်စခန်း...
December 10, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့ကိုဦးတည် စစ်ကြောင်းထိုးနေသည့် စစ်ကော်မရှင်တပ်စစ်ကြောင်း က ဒေသခံ ၁၂...
December 9, 2025
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အနောက်မြောက်ခြမ်းတွင် စစ်ကြောင်းထိုးနေသည့် စစ်ကော် မရှင်တပ်က...