ရှမ်းတပ်မတော် (SSPP)ကို အစိုးရတပ်မတော်က ထိုးစစ်ဆင်မှု မရပ်သေးဟုဆို

ရှမ်းတပ်မတော် (SSPP)ကို အစိုးရတပ်မတော်က ထိုးစစ်ဆင်မှု မရပ်သေးဟုဆို
ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော်(SSPP/SSA) ဌာနချုပ် ဝမ်ဟိုင်းဌာနချုပ်အား အစိုးရ စစ်တပ်ဘက်မှ စစ်ရေးအရ ထိုးဖောက်တိုက်ခိုက်နေပြီး ထိုးစစ်ဆင်မှု ရန်တန့်ခြင်းမရှိသေးဟု SSPP/SSA က ထုုတ်ပြန်လိုက်သည်။

ပြီးခဲ့သည့် ၁၅ ရက်နေ့၊ ညနေ ၅ နာရီချိန်တွင် အဆင်ပြေစွာ ညှိနှိုင်းရေးကုုိ ဦးစားပေးပြီး ဝမ်ဟုုိင်းဌာန ချုပ် အနီး တာဆမ်ပူး ကူးတုုိ့ဆိပ်ကို ဖယ်ပေးလုုိက်သော်လည်း အောက်တိုဘာ ၁၈ရက်နေ့အထိ တပ်မတော်က ထုုိးစစ်ဆင်မှု ရပ်ဆုုိင်းသွားခြင်း မရှိဘဲ ဆက်လက် တိုက်ခိုက်နေသည်ဟု အောက်တိုဘာ ၁၈ ရက်နေ့က ထုုတ်ပြန်ထားသည်။

အောက်တိုဘာ ၁၈ ရက်နေ့၊ နံနက် ရ နာရီမှ ညနေပုုိင်းထိ အစုုိးရ တပ်မတော်ဘက်က ထုုိးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး SSPP/SSA ကလည်း ခုခံစစ်ဖြင့် တိုက်ပွဲဝင်ခဲ့သည်ဟု SSPP/SSA မှ ပြောရေးဆုုိ ခွင့်ရှိသူ ဒုုဗိုလ်မှူးကြီး စိုင်းလက ပြောသည်။

“တာဆမ်ပူးကုုိလည်း ဖယ်ပေးပြီးပြီ။ သူတို့က ထိုးစစ်အရှိန်ကို မလျော့သေးဘူး။ မလျော့တဲ့အပြင် ကျနော်တို့ ဝမ်ဟိုင်းရဲ့တောင်ဘက် ၅ မိုင်ခန့်အကွာမှာလည်း သူတို့ ဝမ်းလွိုယ်၊ မုုိင်းငန်ဘက်မှာလည်း တစ်နေရာ စစ်မျက်နှာဖောက်ပြီးတော့ ထိုးဖောက်နေတယ်လေ”ဟု သူက မဇ္ဈိမသို့ ပြောသည်။

လက်ရှိ အစိုးရတပ်မတော်သည် ဝမ်းဟုုိင်းဌာနချုပ်မှ ၁၀ မိုင်ခန့် အကွာအတွင် ထုုိးစစ်ဆင်နေပြီး ပြီးခဲ့သည့် ရက်ပုုိင်းက SSPP/SSA ဌာနချုပ် ဝမ်ဟုုိင်း၏ အရှေ့တောင်ဘက် တာဆမ်ပူး ကူးတုုိ့ဆိပ် ဘက်တွင် အစုုိးရစစ်တပ်က ထုုိးစစ်ဆင် တုုိက်ခိုက်ခဲ့သည်။ ယခုု ဌာနချုပ်မှ တောင်ဘက် ၅ မုုိင်ကျော် အကွာအဝေးရှိ ဝမ်းလွိုယ်ဘက်သုုိ့ ထပ်မံထိုးစစ်ဆင်နေသည်ဟုု သူက ပြောသည်။

တိုက်ပွဲများနှင့် ပတ်သက်၍ SSPP၏ သဘောထားကို ထုတ်ပြန်ချက်တွင် “စစ်မက်၍ အကြမ်းဖက်လုုိ သော ဆန္ဒ လုံုးဝ(လုံုးဝ) မရှိပါ”ဟုု ဖော်ပြထားသည်။

အဆိုပါ တိုက်ပွဲများနှင့် ပတ်သက်၍ ပြည်ထောင်စုငြိမ်းချမ်းရေး အကောင်အထည်ဖော်ရေး ကော်မတီ ဒု-ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက အစိုးရနှင့် လက်နက်ကိုင်အဖွဲ့အချို့အကြား တိုက်ပွဲများ ဖြစ်ပွားနေသည်မှာ မှန်သော်လည်း တွေ့ဆုံပစ် (ထိပ်တိုက်တွေ့ဆုံ၍ ပစ်ခတ်သည့် တိုက်ပွဲ) သဘောမျိုးသာဖြစ်ပြီး ကြီးကြီးမားမား တိုက်ပွဲမဟုတ်ဟု အောက်တိုဘာ ၁၅ရက်နေ့က သတင်းထောက်များကို ပြောသည်။

SSPP/SSA အနေဖြင့် ပြည်ထောင်စုု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုုပ်ငန်းကော်မတီ (UPWC) အား အချိန်နှင့်တပြေးညီ ဆက်လက် တင်ပြညှိနှိုင်းသွားမည်ဖြစ်ပြီး မိမိကုုိယ်ကုုိယ် ကာကွယ်သော ခုုခံစစ်ဖြင့် ဆက်လက် တုုိက်ပွဲ ဝင်သွားမညည် ဖြစ်ကြောင်း ဖော်ပြထား သည်။

အောက်တုုိဘာလ ၆ ရက်မှ ၁၈ ရက်ထိ ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း SSPP/SSA ဘက်မှ ၂၀ ဦး ကျော် ဒဏ်ရာရရှိခဲ့ပြီး ၃ ဦးခန့် ကျဆုံုးမှုများ ရှိနေပြီ ဖြစ်ကြောင်း ဒုဗုုိလ်မှူးကြီး စုုိင်းလက ပြောသည်။

ထုုိ့အပြင် တုုိက်ပွဲများကြောင့် မုုိင်းရှူးမြို့နယ်၊ မုုိင်းနောင်မြို့နယ်အတွင်းရှိ စစ်ပြေးဒုုက္ခသည် ၂၀၀၀ ကျော်ရှိသွားပြီ ဖြစ်ကြောင်း ပြီးခဲ့သည့် အောက်တုုိဘာလ ၁၅ ရက်ကမူ မုုိင်းရှူးနှင့် မုုိင်းနောင်မြို့နယ် အတွင်းမှ စစ်ပြေးဒုက္ခသည် ၁၅၀၀ ကျော် ရှိခဲ့သည်ဟုု ရှမ်းလူမှုအဖွဲ့အစည်းများကလည်း ကြေညာချက် ထုုတ်ပြန်ခဲ့သည်။

SSPP/SSA သည် ၂၀၁၂ ခုုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့က ပြည်နယ်အဆင့် ပြည်ထောင်စုုအဆင့် အပစ်အခတ် ရပ်စဲရေး စာချုပ်ချုပ်ဆုုိခဲ့ပြီးနောက် ၎င်းတို့၏ တပ်စခန်း ၁၀ ခုခန့် ဖယ်ပေးခဲ့ပြီး ဖြစ်ကြောင်း ဒုဗုုိလ်မှူး စုုိင်းလက ပြောသည်။

အောက်တိုဘာ ၁၅ ရက်နေ့က တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ်မူကြမ်းကို တိုင်းရင်းသား လက်နက်ကုုိင် အဖွဲ့အစည်း ရ ဖွဲ့က အစိုးရနှင့် လက်မှတ်ရေးထိုးခဲ့သော်လည်း တုုိင်းရင်းသား လက်နက်ကုုိင်အဖွဲ့အစည်းများ အားလုံုး ပါအဝင်ခြင်း မရှိသဖြင့် SSPP/SSA လက်မှတ်ရေးထုုိးခြင်း မရှိသေးပေ။

SSPP statement

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...