“တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်သည် အသက်ဝင်လာပြီ ဖြစ်၍ ပြည်ထောင်စု တစ်ဝှမ်းလုံးသို့ သက်ရောက်မှု ရှိစေရန် ပစ်ခတ်တိုက်ခိုက်မှုများ ရန်လိုမှုများ လျော့ချ ရပ်ဆိုင်းရန်”ဟု တောင်းဆိုထားသည်။
အချက်လေးချက်ပါသည့် ထုတ်ပြန်တောင်းဆိုချက်တွင် “ပစ်ခတ်တိုက်ခိုက်မှုများ၊ ရန်လိုမှုများ လျော့ချရပ်ဆိုင်းရန်”ဟူသည့် အချက်ကို ပထမဆုံး အချက်အဖြစ် တင်ပြတောင်းဆိုးထားပြီး မည်သူ့ကို ရည်ညွှန်းတောင်းဆိုသည်ကိုမူ ကြေညာချက်တွင် ဖေါ်ပြထားမထားပါ။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်ကို ခိုင်မာစေပြီး ပါဝင် လက်မှတ်ရေး ထိုးထားသည့် နှစ်ဦးနှစ်ဘက် နိုင်ငံရေး ဆွေးနွေးပွဲများ ချောမွေ့စွာ ကျင်းပ အကောင်အထည် ဖေါ်နိုင်ရန်လည်း တောင်ဆိုထားသည်။ အလားတူ စစ်ဘေးကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူများ အတွက်လည်း အကူအညီများ အမြန်ဆုံးပေးရန် တောင်းဆိုထားသည်။
ထို့အပြင် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန်၊ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရန် ကြိုးပမ်းမှု ကြောင့် ဖမ်းဆီးခံထားရသော ကျောင်းသား ကျောင်သူများနှင့် ဝန်ရံသူများ အားလုံးကို မမြန်ဆုံး လွှတ်ပေးရန်လည်း တောင်းဆိုထားကြသည်။
အောက်တိုဘာ ၁၅ ရက် လက်မှတ်ထိုးမှုတွင် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကေအဲန်ယူ/ကေအဲန်အယ်လ်အေ (ငြိမ်းချမ်းရေးကောင်စီ) (KNU/KNLA-PC)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် (DKBA)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား များ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) တို့ လက်မှတ် ရေးထိုးခဲ့ကြသည်။







