ရှမ်းပြည်နယ်မြောက်ပုုိင်း စစ်ပြေး ၁၅၀၀ ကျော် အကူအညီများ အရေးပေါ်လုုိအပ်နေ

ရှမ်းပြည်နယ်မြောက်ပုုိင်း စစ်ပြေး ၁၅၀၀ ကျော် အကူအညီများ အရေးပေါ်လုုိအပ်နေ
by -
မဇ္ဈိမ
ရှမ်းပြည်နယ်မြောက်ပုုိင်း ရှမ်းပြည်တုုိးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် အစုုိးရ စစ်တပ်တိုု့အကြား တုုိက်ပွဲကြောင့် စစ်ပြေး ၁၅၀၀ ကျော် အုုိးမဲ့အိမ်မဲ့ ထွက်ပြေးတိမ်းရှောင်နေရပြီး လူသားချင်းစာနာမှု အကူအညီများ အရေးပေါ်လုုိအပ်နေသည်ဟုု ရှမ်းလူမှုအဖွဲ့အစည်းများက ပြောသည်။

ထွက်ပြေး တိမ်းရှောင်နေရသော စစ်ပြေးဒုုက္ခသည်များထဲမှ ကုုိယ်ဝန်ဆောင် အမျိုးသမီး ၄ ဦးသည် တောတောင်အတွင်း ခက်ခက်ခဲခဲ မီးဖွားခဲ့သဖြင့် စုုိးရိမ်ရပြီး၊ အစုုိးရ စစ်တပ် ထုုိးစစ်ဆင်မှုကြောင့် စိုက်ပျိုးထားသည်များကိုလည်း မရိတ်သိမ်းနိုင်သဖြင့် အနာဂတ် ရိက္ခာအခက်အခဲများဖြစ်နိုင်သည်ဟု ဆိုသည်။

“စစ်ပွဲဖြစ်တဲ့နေရာက ရွာက ၆ ရွာလောက်က ရွာသားတွေ ထွက်ပြေးနေရတယ်။ ဘုုန်းကြီးကျောင်းမှာ က ရ၅၀ ကျော်တယ်။ တောထဲမှာ ရှိနေတာက ၈၀၀ ကျော်တယ်။ အမျိုးသမီး ၄ ဦးက တောထဲမှာ မွေးတာပါ။ သူတိုု့တွေအတွက် ကျန်းမာရေး ခက်ခဲသွားမှာ ကျနော်တိုု့စုုိးရိမ်တယ်။”ဟုု ရှမ်းအဖွဲ့အစည်းများ၏ ပြောရေးဆုုိခွင့်ရှိသူ စုုိင်းခေးဆုုိင်က မဇ္ဈိမသို့ ပြောသည်။

အောက်တုုိဘာ ၆ ရက်နေ့မှစတင်၍ ရှမ်းပြည်နယ် မုုိင်းရှူးနှင့် မုုိင်းနောင်မြို့နယ်တို့အတွင်း SSPP/ SSA ကို တပ်မတော်မှ တပ်ရင်း ၁၀ ရင်းကျော်ဖြင့် ထိုးစစ်ဆင်နေသည်ဟု ရှမ်းလူမှုအဖွဲ့အစည်း ၁၈ ဖွဲ့က အောက်တိုဘာ ၁၅ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အောက်တုုိဘာ ၁၄ ရက်အထိ အစိုးရ စစ်တပ်နှင့် SSPP/SSA တုုိ့ တုုိက်ပွဲ ဖြစ်ပွားခဲ့ပြီး အောက်တိုဘာ ၁၅ ရက်တွင် အစိုးရဘက်မှ စစ်ကား ၁၀ စင်းခန့် ဝမ်ဟုုိင်းဘက်သုုိ့ စစ်အင်အား တုုိးမြှင့်မှုများ ရှိနေသည်ဟုု စိုင်းခေးဆိုင်က ပြောသည်။

ရှမ်းပြည်နယ် မြောက်ပုုိင်း၌ တုုိက်ပွဲများ ရပ်တန့်ရန် အောက်တုုိဘာလ ၁၅ ရက် ညနေတွင် ထုုိင်းနုုိင်ငံ ချင်းမုုိင်မြို့ရှိ ဝပ်ကူတောင့် ဘုုန်းကြီးကျောင်းတွင် ရှမ်းတုုိင်းရင်းသားများနှင့် ရှမ်းအဖွဲ့အစည်းများက ဆုတောင်းခဲ့ကြသည်။

ထို့အတူ အောက်တုုိဘာ ၁၃ ရက်နေ့ကလည်း တာချီလိတ်မြို့နယ် တာလေ နန်းဟုုိင်းလုံုးကျေးရွာရှိ ရွှေတွင်းတူးဖော်နေရာတွင် အစိုးရစစ်တပ်၏ ပစ်ခတ်ခံရသူ နှစ်ဦးအတွက်လည်း ဆုတောင်းခဲ့သည်ဟုု သူကပြောသည်။

“ရှမ်းပြည်နယ်ထဲမှာ ပစ်ခတ်မှုကြောင့် အပစ်မဲ့ပြည်သူတွေ အသက်ဆုံုးရှုံးတာတွေရယ်။ ရွှေတွင်း တူးဖော်မှုကြောင့် ရွာသားတွေ ကြည့်တဲ့အချိန်မှာ အစုုိးရ စစ်တပ်က ပစ်သတ်တာတွေ ရှိတယ်။ စစ်တပ်က သူတုုိ့ မှားပစ်တာပါလုုိ့ ထွက်ဆုုိပါတယ်။ သူတိုု့အတွက် ကောင်းရာ သုကတိလားဖုုိ့ ဆုုတောင်းပွဲ လုုပ်တာပါ။”ဟုု စုုိင်းခေးဆိုင်က ပြောသည်။

နေပြည်တော်တွင် တုုိင်းရင်းသားလက်နက်ကုုိင် အဖွဲ့အစည်း ၈ ဖွဲ့နှင့် တစ်နုုိင်ငံလုံုး အပစ်အခတ် ရပ်စဲရေး စာချုပ်မူကြမ်းအပေါ် လက်မှတ်ရေးထုုိးခဲ့သော်လည်း အားလုံုး ပါဝင်ခြင်း မရှိသဖြင့် ငြိမ်းချမ်းရေးအစစ်အမှန် ရရှိနိုုင်မည် မဟုုတ်ကြောင်း ထုုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...