SSPP/SSA ၏ ဌာနချုပ်အနီးရှိ တပ်စခန်းတစ်ခု ထိုးစစ်ဆင်မှုကြောင့် ဆုတ်ခွာ ပေးလိုက်ရ

SSPP/SSA ၏ ဌာနချုပ်အနီးရှိ တပ်စခန်းတစ်ခု ထိုးစစ်ဆင်မှုကြောင့် ဆုတ်ခွာ ပေးလိုက်ရ
by -
မဇ္ဈိမ
ရှမ်းပြည်နယ်မြောက်ပုုိင်း ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်မြောက်ပုုိင်း တပ်မတော်(SSPP/SSA)၏ ဝမ်ဟိုင်းဌာနချုပ်အနီးရှိ တာဆမ်ပူး ကူးတို့ဆိပ် တပ်စခန်းကုုိ အစိုးရတပ်က ထိုးစစ်ဆင်မှုကြောင့် အောက်တိုဘာ ၁၆ ရက်နေ့၊ နံနက်ပိုင်းက ဖယ်ပေးလိုရသည်ဟု ပြောရေးဆိုခွင့်ရှိသူ ဒုတိယ ဗိုလ်မှူးကြီး စိုင်းလက ပြောသည်။

အောက်တုုိဘာ ၆ ရက်နေ့မှစတင်၍ ရှမ်းပြည်နယ် မုုိင်းရှုးမြို့နယ် SSPP/SSA ဝမ်ဟုုိင်း ဌာနချုပ် အနီးသို့ အစိုးရ၏ အရှေ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ တပ်များထုုိးစစ်ဆင် တုုိက်ခုုိက်ခဲ့ဖြင့် စစ်ပြေးဒုုက္ခသည်များ များပြားလာခြင်းကြောင့် ဖယ်ပေးလုုိက်ရသည်ဟုု SSPP/SSA ပြောရေးဆုုိခွင့်ရှိသူ ဒုုဗုုိလ်မှူးကြီး စုုိင်းလက ပြောသည်။

“ဒီနေ့မနက် ဖယ်ပေးလိုက်တယ်။ အဲဒီတာဆမ်ပူး စခန်းက ဝမ်ဟိုင်း ဆက်သွယ်ရေး လမ်းကြောင်း ပေါ့နော်။ ကျနော်တို့ ပြည်သူလူထုတွေ စစ်ပြေးဒုက္ခသည်တွေ တော်တော်များနေပြီ။ အခုက လူထု တွေက ပြောင်းဖူး၊ မြေပဲတွေ၊ တောင်ယာ စပါးတွေ ရိတ်သိမ်းတဲ့ အချိန်လေ။ တိုက်ပွဲကြောင့် သူတို မယူနိုင်ဘူး။ တိမ်းရှောင်နေရတော့ အားလုံုးဆုံးရှုံး ကုန်တယ်။ အဲဒါကြောင့် အဖက်ဖက်ကို သုံးသပ် ပြီးတော့ ဖယ်ပေးလိုက်တာ။ တုုိက်ပွဲကြီးထွားလာမှာကို ကျနော်တို့ မဖြစ်စေချင်ဘူးလေ”ဟု သူက မဇ္စျိမသို့ ပြောသည်။

တိုက်ပွဲများ ပိုမိုကြီးထွားလာမည်ကို မလိုလား ခြင်းကြောင့် SSPP/SSA ဗဟိုကော်မတီ၏ အစည်းအဝေး ဆုံးဖြတ်ချက်အရ တာဆမ်ပူး ကူတို့ဆိပ်စခန်းကို ဖယ်ပေးလိုက်ခြင်း ဖြစ်ကြောင်း သူက ပြောသည်။

အဆိုပါ တာဆမ်ပူး ကူးတို့ဆိပ် တပ်စခန်းအား အစိုးရတပ် သိမ်းပိုက်လိုက်သဖြင့် SSPP/SSA ၏ ဝမ်ဟုုိင်းဌာနချုပ်အား စစ်ရေးအရ ထိုးစစ်ဆင် တိုက်ခိုက်နိုင်သည် ဟုလည်း သူက ပြောသည်။ အောက်တုုိဘာလ ၁၆ ရက်တွင် မိုင်းရှုးမြို့နယ် မိုင်းခန်တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့သည်ဟု သူက ပြောသည်။

တိုက်ပွဲ စတင်ဖြစ်ပွားစဉ်က ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုုပ်ငန်းကော်မတီ(UPWC) သို့ စာရေးသား အကြောင်းကြားထားသည်ဟု ဆိုသည်။

မိုင်းရှုးမြို့နယ်နှင့် မိုင်းနောင်မြို့နယ်အတွင်း တိုက်ပွဲများ ဖြစ်ပွားခဲ့သော နေရာအနီးရှိ ကျေးရွာသား ၁၅၀၀ ကျော်သည် အုုိးအိမ် စွန့်ခွာ၍ ထွက်ပြေး တိမ်းရှောင်နေရပြီ ဖြစ်ကြောင်း ရှမ်းအဖွဲ့အစည်းများ ကလည်း အောက်တုုိဘာလ ၁၅ ရက်နေ့က ကြေညာချက်ထုတ်ပြန်ထား သည်။

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်မူကြမ်းတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အားလုံး ပါဝင်ခြင်း မရှိသဖြင့် SSPP/SSA က လက်မှတ်ရေးထိုးခြင်း မရှိခြင်းကြောင့် အစိုးရက စစ်ရေးအရ ဖိအားပေးခြင်း ဖြစ်သည်ဟုလည်း အောက်တိုဘာလ ၈ ရက်နေ့က SSPP/SSA က ထုတ်ပြန်ခဲ့သည်။

၂၀၁၂ ခုနှစ် အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေထိုးပြီး နောက်ပိုင်း SSPP/SSA ဘက်မှ တပ်စခန်း ၁၀ ခုက ဖယ်ပေးလိုက်ပြီဖြစ်ကြောင်း ဒုဗိုလ်မှူး စိုင်းလက ပြောသည်။ ၂၀၁၄ ခုနှစ် အောက်တိုဘာလ အတွင်းကလည်း တာဖာဆောင် တပ်စခန်းကို ဖယ်ပေးခဲ့ရသေးသည်။

May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...
May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...
May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...
May 5, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ နာဂဒေသအတွင်းရှိ နယ်စပ်ကုန်သွယ်ရေး ပန်ဆောင်ဂိတ်ကို စစ်အုပ်စုတပ်က မေလ ၁...