စစ်ပွဲများကြောင့် တအာင်းပြည်သူများ ဘဝလုံခြံုမှုမရှိ ခါးစည်းခံနေရဆဲဟု PWO ပြော

စစ်ပွဲများကြောင့် တအာင်းပြည်သူများ ဘဝလုံခြံုမှုမရှိ ခါးစည်းခံနေရဆဲဟု PWO ပြော
by -
မဇ္ဈိမ
တအာင်းပြည်သူများအကြား နှစ်ပေါင်းများစွာ ရင်ဆိုင်လာရသည့် မူးယစ်ဆေးဝါးပြဿနာများနှင့် လူ့အခွင့်အရေးချိုး ဖောက်ခံနေရမှုများ ယနေ့တိုင် ခံစားနေကြရဆဲဖြစ်သည်ဟု ပလောင် (တအာင်း) အမျိုးသမီးအစည်းအရုံုး PWO က ထုတ်ဖော်ပြောဆိုသည်။

အထူးသဖြင့် ရွာသားများ သတ်ဖြတ်ခံရမှု၊ မတရားဖမ်းဆီးခံရမှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ အမျိုးသမီးများနှင့် ကလေးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ လူကုန်ကူးမှုများနှင့် အိမ်တွင်းအကြမ်းဖက်မှုများမှာ ပိုမိုးများပြားလာနေသည်ဟုု PWO က အောက်တိုဘာ ၁၄ ရက်နေ့တွင် ထုုတ်ပြန်ထားသည်။

“အမျိုးသမီးတွေ အကြမ်းဖက်ခံရမှုကနေ ပယ်ပျောက်သွားတာ မရှိသေးဘူး။ ကလေးတွေ ရောင်းစား ခံရတာတွေ လျော့သွားတာမရှိဘူး။ ပြီးတော ့ကျမဒေသဘက်မှာ စစ်ပွဲကြောင့် အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေ ခုထိရှိနေတုုန်းဘဲ၊ လျော့လည်းမလျော့သွားဘူး။”ဟု PWO မှ တွဲဘက်အထွေထွေအတွင်းရေးမှူး (၁) လိုည်းမိုးခမ်းက ပြောသည်။

ထို့အပြင် စစ်ပွဲများကြောင့် တအာင်းပြည်သူများ၏ ဘဝလုံခြံုမှုမရှိသည့် ဒဏ်ကိုလည်း ခါးစည်းခံနေရ သဖြင့် အစိုးရနှင့် PSLF/TNLA တို့အကြား အပစ်အခတ်ရပ်စဲရန် PWO က လိုလားသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အချို့သောလက်နက်ကိုင်တိုင်းရင်းသားအဖွဲ့များနှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုး သော်လည်း ပလောင်ဒေသ အပါအဝင် ကျန်ရှိသေးသည့် တုုိင်းရင်းသားဒေသများတွင် ထိုးစစ်ဆင်နေခြင်းအားဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာ အပစ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မည်မဟုတ်ဟု ဆိုသည်။

ငြိမ်းချမ်းရေးလိုလားပါက ထိုးစစ်များနှင့် တိုင်းရင်းသားဒေသများရှိ စစ်အင်အားတုုိးချဲ့နေခြင်းကို ရပ်တန့်သင့်ပြီး တစ်နုုိင်ငံလုံုး အပစ်အခတ်ရပ်စဲရေးစာချုပ် (NCA) တွင် အားလုံုး ပါဝင်လက်မှတ်ရေး ထုုိးနိုင်ရန် ကြိုးပမ်းသင့်သည်ဟုု PWO က ယုံုကြည်ကြောင်း အောက်တိုဘာ ၁၄ ရက်နေ့က ထုတ်ပြန်ထားသည်။

ပလောင် (တအာင်း) အမျိုးသမီးအစည်းအရုံး PWO ကို ၂၀၀၀ ခုနှစ် အောက်တုုိဘာလ ၁၄ ရက်တွင် အမျိုးသမီးများ၏ ဘဝဖွံ့ဖြိုးတုုိးတက်ရေး၊ ဆုံုးဖြတ်ချက်ချသည့်နေရာတွင် အမျိုးသမီးများ ပိုမိုပါဝင် လာရေးနှင့် အမျိုးသမီးများအကြမ်းဖက်ခံရမှုများကို တုုိက်ဖျက်ရေးတို့အတွက် စတင်ဖွဲ့စည်းခဲ့ပြီး အဖွဲ့သက်တမ်း ၁၅ နှစ်ပြည့်ခဲ့ပြီဟု လိုုည်းမိုးခမ်းက ပြောသည်။

May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...
May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...
May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...
May 5, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ နာဂဒေသအတွင်းရှိ နယ်စပ်ကုန်သွယ်ရေး ပန်ဆောင်ဂိတ်ကို စစ်အုပ်စုတပ်က မေလ ၁...