ငြိမ်းချမ်းရေး လက်မှတ် မထိုးသေးသူများအတွက် တံခါးဖွင့်ထားတယ်လို့ သမ္မတ ပြော

ငြိမ်းချမ်းရေး လက်မှတ် မထိုးသေးသူများအတွက် တံခါးဖွင့်ထားတယ်လို့ သမ္မတ ပြော
by -
မဇ္ဈိမ
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် (Nationwide Ceasefire Agreement- NCA)ကို လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ ၈ ဖွဲ့နှင့် အစိုးရတို့ အောက်တိုဘာ ၁၅ ရက်နေ့က လက်မှတ်ရေးထိုးရာတွင် လက်မှတ်မထိုးဘဲ ကျန်ရှိနေသေးသည့် လက်နက်ကိုင်အဖွဲ့များ အတွက်လည်း တံခါးဖွင့်ထားသည်ဟု သမ္မတ ဦးသိန်းစိန်က အဖွင့်မိန့်ခွန်းတွင် ပြောခဲ့သည်။

“ကျန်နေသေးတဲ့ အဖွဲ့တွေ ပါဝင်နိုင်ရေးကို ကျွန်တော်တို့အားလုံး ဆက်လက်ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။ သူတို့အတွက်လည်း တံခါးဖွင့်ထားပါတယ်။ သူတို့ကိုယ်တိုင် ပါဝင် ဆွေးနွေး သဘောတူ ခဲ့တဲ့ အချက်များအပေါ်မှာ အုတ်မြစ်ချထားတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဖြစ်တဲ့အတွက်ကြောင့် ဒီဖြစ်စဉ်ကို အကောင်အထည် ဖော်ရာမှာ သူတို့ရဲ့ ဆန္ဒတွေကိုလည်း ထင်ဟပ်စေမှာ ဖြစ်ပါတယ်။ လက်မှတ်မထိုးသေးတဲ့ အဖွဲ့တွေ တောင်းဆိုလာရင် ငြိမ်းချမ်းရေးဖြစ်စဉ်ရဲ့ ဆက်လက်လုပ်ဆောင်ရ မယ့် လုပ်ငန်းတွေမှာ သူတို့ပါဝင်နိုင်အောင် ကျွန်တော်တို့ အစိုးရအနေနဲ့ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” ဟု ပြောခဲ့သည်။

အလားတူ NCA ကို လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းမည်မျှက လက်မှတ်ရေးထိုးသည် ဆိုသည်ထက် ယခုသဘောတူထားသည့် သဘောတူညီချက်များကို မည်မျှ ထိထိရောက်ရောက် အကောင်အထည် ဖေါ်နိုင်သည်က ပို၍ အရေးပါသည်ဟုလည်း သမ္မတက ဆိုသည်။

“ကျွန်တော်တို့ရဲ့ သမိုင်းတန်ဖိုးက NCA ကို ဘယ်နှစ်ဖွဲ့ လက်မှတ်ရေးထိုးတယ်ဆိုတာထက် အားလုံး လက်ခံထားတဲ့ သဘောတူညီချက်တွေကို ဘယ်လောက် ထိထိရောက်ရောက် အကောင်အထည် ဖော်နိုင်လဲဆိုတဲ့ မှတ်ကျောက်အပေါ်မှာ အခြေခံပါလိမ့်မယ်”ဟု သမ္မတက ပြောကြားခဲ့သည်။

NCA လက်မှတ်ထိုးမှုသည် မြန်မာအစိုးရအဆက်ဆက် အကော်အထည် မဖေါ်နိုင်ခဲ့ဘဲ ယခု လက်မှတ် ထိုးနိုင်ခဲ့ပြီဖြစ်ရာ သဘောတူ စာချုပ်ပါ အချက်များကို အကောင်အထည်ဖေါ်နိုင်ရန်သည်လည်း အရေးကြီးသည့် သမိုင်းပေးတာဝန်ဟုလည်း သမ္မတက ဆိုသည်။

“မြန်မာပြည်ရဲ့ အစိုးရ အဆက်ဆက်မှာ တစ်ခါမှ မရှိခဲ့ဘူးတဲ့ ကျွန်တော်တို့အကြား ဘုံလက်ခံထားတဲ့ အနာဂတ် ပန်းတိုင်တစ်ခုကို သဘောတူညီ နိုင်ခဲ့တာဖြစ်ပါတယ်။ ဒီဘုံအနာဂတ်ကို အကောင်အထည် ဖော်နိုင်ဘို့အတွက် NCA ပါ သဘောတူညီချက်များကို အကောင်အထည် ဖော်နိုင်ရေးက ကျွန်တော်တို့အားလုံးအတွက် အရေးကြီးတဲ့ သမိုင်းပေး တာဝန်ပဲ” ဟု သမ္မတက ဆိုသည်။

ယနေ့(အောက်တိုဘာ ၁၅ရက်နေ့) အပစ်ရပ် လက်မှတ်ရေးထိုးထားသည့် အဖွဲ့များမှာ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)၊ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP/SSA)၊KNU/KNLA ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ ငြိမ်းချမ်းရေးကောင်စီ၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA)၊ ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ (NSCN-K)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ (PNLO)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ‘၀’ သွေးစည်းညီညွတ်ရေး ပါတီ (UWSA)၊ အမျိုးသား ဒီမိုကရေစီ သွေးစည်းညီညွတ်ရေး တပ်မတော် (NDAA) ၊ ရခိုင်ပြည် လွတ်မြောက် ရေးပါတီ (ALP) နှင့် ABSDF တို့ဖြစ်သည်။

May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...
May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...
May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...
May 5, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ နာဂဒေသအတွင်းရှိ နယ်စပ်ကုန်သွယ်ရေး ပန်ဆောင်ဂိတ်ကို စစ်အုပ်စုတပ်က မေလ ၁...