အင်န်စီအေတွင် အားလုံုးပါဝင်မှ လက်မှတ်ရေးထုုိးရန်နှင့် အလောတကြီး မရေးထုုိးရန် ဟူသော သဘောထားများ ထိပ်သီး အစည်းအဝေးတွင် ပိုများနေဟုု ဆို

အင်န်စီအေတွင် အားလုံုးပါဝင်မှ လက်မှတ်ရေးထုုိးရန်နှင့် အလောတကြီး မရေးထုုိးရန် ဟူသော သဘောထားများ ထိပ်သီး အစည်းအဝေးတွင် ပိုများနေဟုု ဆို
by -
မဇ္ဈိမ
တစ်နုုိင်ငံလုံုး အပစ်အခတ် ရပ်စဲရေး စာချုပ်မူကြမ်း(NCA) အပြီးသတ် ဆွေးနွေး ဆုံုးဖြတ်ရန် တုုိင်းရင်းသား လက်နက်ကုုိင် အဖွဲ့အစည်းများ၏ ထိပ်သီးအစည်းအဝေးကုုိ ထုုိင်းနိုုင်ငံ ချင်းမုုိင်မြို့ရှိ The Park ဟုုိတယ်တွင် စက်တင်ဘာလ ၂၈ ရက်က ကျင်းပသည်။

ထိပ်သီးအစည်းအဝေးသို့ တုုိင်းရင်းသား လက််နက်ကုုိင် တော်လှန်ရေး အဖွဲ့အစည်းပေါင်း ၁၈ ဖွဲ့မှ ကုုိယ်စားလှယ်များ စုုစုုပေါင်း ၁၀၀ ကျော် တက်ရောက်သည်။ ပထမနေ့ ထိပ်သီးအစည်းအဝေးတွင် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)မှ ဒုုဥက္ကဋ္ဌ ဗုုိလ်ချုပ် အင်ဘန်လက သဘာပတိ ခေါင်းဆောင်နှင့် PNLO မှ ဦးခွန်မြင့်ထွန်းနှင့် ALP မှ ဦးခုုိင်စုုိးနုုိင်အောင် တိုု့က အရန်သဘာပတိများ ပြုလုုပ်ခဲ့သည်။

ပြီးခဲ့သည့် စက်တင်ဘာ ၉ ရက်က တုုိင်းရင်းသား လက်နက်ကုုိင် အဖွဲ့အစည်း ခေါင်းဆောင်များ သမ္မတနှင့် တွေ့ဆုံုညှိနှိုင်းခဲ့သော ရလဒ်များကုုိ စက်တင်ဘာလ ၂၈ ရက် အစည်းအဝေး ပထမနေ့ တွင် အစီရင်ခံသည်။

တစ်နုုိင်ငံလုံုး အပစ်အခတ် ရပ်စဲရေး စာချုပ်မူကြမ်း(NCA)တွင် အားလုံုးပါဝင်မှ လက်မှတ်ရေး ထုုိးရန်နှင့် အလောတကြီး လက်မှတ်ရေးထုုိးခြင်း မလုုပ်ရန်ဟူသော သဘောထားများ ထိပ်သီး အစည်းအဝေး တွင်တင်ပြသည့် အဖွဲ့အစည်းများ ပုုိမုုိ များပြားနေသည်ဟုု သိရသည်။

စက်တင်ဘာလ ၂၈ ရက် ပထမနေ့ ထိပ်သီး အစည်းအဝေးတွင် NCA လက်မှတ်ရေးထုုိးရေး၊ မထုုိးရေးနှင့် ပတ်သက်၍ တစ်ဖွဲ့ချင်းစီ၏ သဘောထားများ တင်ပြခဲ့ရာ အားလုံုး ပါဝင်၍ အချိန်တစ်ခုု စောင့်ရန် ဟူသော သဘောထားများကိုသာ အများစုက တင်ပြခဲ့ခြင်း ဖြစ်သည်။

“ပြောရမယ်ဆုုိရင် အားလုံုး လက်မှတ်ရေးထုုိးရေးကုုိပဲ တင်ပြကြတာ ဖြစ်ပါတယ်။ လက်မှတ် မရေးထုုိးဘူးဆုုိတဲ့ တစ်ဖွဲ့မှ မရှိပါဘူး။ ဒါပေမဲ့လုုိ့ အချိန်က ချက်ချင်းလက်မှတ်ထုုိးဖုုိ့ တင်ပြတဲ့အဖွဲ့တွေ ရှိသလိုု အချိန်ကုုိ ကြည့်ပြီး ထုုိးဖုုိ့ လုုိတယ်။ အချိန်တခုုခုုတော့ စောင့်ဖိုု့ လုုိတယ်။ ပြည်သူလူထုုထဲမှာ လဲ ချပြဖုုိ့လုုိသလိုု၊ အဖွဲ့အစည်း အသီးသီးအတွင်းမှာလဲ ချပြဖုုိ့ လိုုတဲ့အတွက် အောက်တုုိဘာလ လယ်လောက်မှာတော့ ထုုိးဖုုိ့ မဖြစ်သေးဘူးဆုုိတဲ့ အဖွဲ့တွေလည်း ရှိပါတယ်” ဟုု အဆင့်မြင့် ညှိနှိုင်းရေး ကုုိယ်စားလှယ်အဖွဲ့ ခေါင်းဆောင် ပူးဇင်ကျုံးက ပြောသည်။

Bi-lateral ပဏာမ အပစ်အခတ် ရပ်စဲရေးနှင့် နုုိင်ငံရေး ဆွေးနွေးပွဲတွင် ပါဝင်နုုိင်သော်လည်း ကျန်သည့် ရက္ခိုင့်တပ်မတော် (AA) နှင့် မြန်မာနုုိင်ငံ အမျိုးသား ဒီမုုိကရက်တစ်မဟာမိတ် တပ်မတော် (MNDAA) ကုုိးကန့်အဖွဲ့ကုုိ အာမခံချက်မရှိဘဲ ချန်ထား၍ မရဘဲ အားလုံုး ပါဝင်ရေးကုုိသာ စွဲကုုိင်ထား သူများလည်း ရှိနေသည်ဟုု ၎င်းက ပြောသည်။

“ဒီကနေ့ ၆ ဖွဲ့ထဲမှာ ၄ ဖွဲ့က ဘုုိင်လက်ထရယ်၊ နုုိင်ငံရေးဆွေးနွေးပွဲမှာ ပါမယ်ဆုုိတဲ့ ဟာတော့ ရပေမဲ့ AA နဲ့ MNDAA ကိစ္စတော့ အာမခံချက်တွေ မရှိဘဲနဲ့ အဲဒီအခြေအနေအောက်မှာ ထားခဲ့လုုိ့ မဖြစ်ဘူး။ အားလုံုး ပါဝင်ရေးကုုိပဲ စဉ်းစားဖုုိ့ လုုိတယ်ဆုုိတဲ့ အဖွဲ့တွေလည်း ရှိပါတယ်” ဟုု ပူးဇင်ကျံုးက ပြောသည်။

အစုုိးရဘက်မှ တင်ပြလာသည့် လာမည့် အောက်တုုိဘာလဆန်းနှင့် အောက်တုုိဘာလလယ်အထိ လက်မှတ်ရေးထုုိးမည် ဟူသော အဖွဲ့အစည်းများလည်း ရှိနေသော်လည်း အနည်းစုုသာ သဘောထား ပေးခဲ့သည်ဟုု ၎င်းက ဆုုိသည်။

စက်တင်ဘာလ ၂၉ ရက်တွင် တစ်ဖွဲ့ချင်းစီ တင်ပြလာသည့် သဘောထားများအပေါ် လက်မှတ် ရေးထုုိးရန်၊ မထုုိးရေးကုုိ ညှိနှို်င်းဆွေးနွေး၍ တစုံတရာ ဆုံုးဖြတ်ချက်မည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

မနက်ပုုိင်းတွင် စက်တင်ဘာလ ၉ ရက်က တုုိင်းရင်းသား လက်နက်ကုုိင် ခေါင်းဆောင်များ သမ္မတနှင့် တွေ့ဆုံု ညှိနှိုင်းခဲ့သော ရလဒ်များကုုိ အစီရင်ခံစာ တင်ပြခဲ့ပြီး ၎င်းအစီရင်ခံစာအပေါ် ပြန်လည်သုံုးသပ် ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

စက်တင်ဘာ ၂၉ ရက်နေ့၊ ညနေပုုိင်းတွင် နုုိင်ငံရေးဆွေးနွေးရေး ဆုုိင်ရာမူဘောင် ဆွေးနွေးကြမည် ဖြစ်ပြီး စက်တင်ဘာလ ၃၀ ရက် တတိယနေ့ အစည်းအဝေးတွင် SD နှင့် NCCT အဖွဲ့တုုိ့၏ အခန်းကဏ္ဍ မည်သုုိ့ ဆက်လက် ရပ်တည်မည်ဆုုိသော အချက်များနှင့် ရှေ့လုုပ်ငန်းစဉ်များ ချမှတ်ရေး ညှိနှိုင်းသွားမည်ဖြစ်ကြောင်း သိရသည်။

သဘာပတိ တာဝန်ပေးမှုကုုိ တာဝန် မယူနုုိင်တော့ကြောင်း၊ လက်မှတ်ထုုိးရေး၊ မထုုိးရေး အကြောင်းအရာသည် ပြတ်ပြတ် သားသား ဆွေးနွေးရန် အဓိက လုုိအပ်ချက်ဖြစ်ပြီး လက်မှတ်ထုုိးမည့် အဖွဲ့နှင့် မထုုိးမည့် အဖွဲ့များအကြား အချိတ်အဆက် လုုပ်ထားရန် အမှန်တကယ် လုုိအပ်ချက် ဖြစ်နေပြီး အရေးကြီးသည်ဟုု ယူဆကာ NCA လက်မှတ်ထုုိးမည့် အဖွဲ့များ စုုပေါင်းပြီး ကြိုတင် တုုိင်ပင် ပြင်ဆင်ရန် အဆောတလျှင် လိုုိအပ်သကဲ့သုုိ့ မထိုးမည့်အဖွဲ့များ စုုပေါင်း ပြင်ဆင်ရန်လည်း လုုိအပ် ကြောင်း၊ NCCT နှင့် SD တုုိ့၏ အခန်းကဏ္ဍများသည် ထိပ်သီး အစည်းအဝေးတွင် ပြီးဆုံုးပြီဟု ယူဆကြောင်း၊ NCA နှင့် ပတ်သက်၍လည်း ယခုု ထိပ်သီးအစည်းအဝေးသည် နောက်ဆုံုးအကြိမ် ဖြစ်မည်ဟုု ယူဆကြောင်း KNU မှ ဗုုိလ်မှူး ရော်ဂျာခင် က တင်ပြကာ ရှေ့လုုပ်ငန်းစဉ်များ ဆွေးနွေးရန် အချက်အပါအဝင် အချက် ၁၂ ချက်ကုုိ အစည်းအဝေး မစတင်မီ KNU ၏ သဘောထားအဖြစ်  တင်ပြခဲ့ကြသည်။

ထုုိ့အပြင် တတိယနေ့ ထိပ်သီးအစည်းအဝေးတွင် သဘာပတိအဖြစ် တာဝန်ပေးထားသော KNU က လက်မခံကြောင်း၊ ယခုု ကျင်းပနေသည့် ထိပ်သီး အစည်းအဝေးတွင် ကေအန်ယူက သဘာပတိ တာဝန်ကုုိ ယူမည် မဟုုတ်ကြောင်း ဥက္ကဋ္ဌ ဗုုိလ်ချုပ် မူတူးစေးဖိုးကုုိယ်တုုိင် အစည်းအဝေး ခန်းတွင် ပြောသည်။

တုုိင်းရင်းသား လက််နက်ကုုိင် တော်လှန်ရေး အဖွဲ့အစည်း ၁၈ ဖွဲ့မှ ကုုိယ်စားလှယ်များ စုုစုုပေါင်း ၁၀၀ ကျော် တက်ရောက်နေပြီး ထုုိအထဲတွင် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA)နှင့် အမျုုိုးသား ဒီမုုိကရက်တစ် မဟာမိတ်တပ်ပေါင်းစုု (NDAA) မုုိင်းလား အဖွဲ့တုုိ့က လေ့လာသူအဖြစ် တက်ရောက်နေသည်။

NCA နှင့် ပတ်သက်သည့် လုုပ်ငန်းစဉ်များ ဆွေးနွေးညှိနှိုင်းမည် ဖြစ်ပြီး လက်ရှိ တုုိင်းရင်းသား နယ်မြေ အသီးသီးအတွင်း စစ်ရေး၊ နုုိင်ငံရေးဖြစ်ပေါ်မှုများကုုိ အကျေအလည် ဆွေးနွေးမည် ဖြစ်ကြောင်း တစ်နုုိင်ငံလုံုး အပစ်အခတ်ရပ်စဲရေး အကောင်အထည် ဖော်နုုိင်ရန်နှင့် စစ်မှန်သည့် ငြိမ်းချမ်းရေးကုုိ တည်ဆောက်နုုိင်မည့် ဆုံုးဖြတ်ချက်များ ချမှတ်သွားမည် ဖြစ်ကြောင်း စက်တင်ဘာလ ၂၈ ရက်က အစည်းအဝေး ထုုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တုုိင်းရင်းသား လက်နက်ကုုိင် အဖွဲ့အစည်းများ၏ ထိပ်သီးအစည်းအဝေးကုုိ ထုုိင်းနိုုင်ငံ ချင်းမုုိင်မြို့ရှိ The Park ဟုုိတယ်တွင် ကျင်းပနေပြီး စက်တင်ဘာလ ၂၈ ရက်မှ ၃၀ ရက်နေ့အထိ သုံုးရက်ကြာ ကျင်းပမည် ဖြစ်သည်။

Most read this week

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...