မန်စီမြို့ မောရဝတီရပ်ကွက်မှ အရပ်သား ၃ ဦး သေဆုံုးသည်ဟု သိရသော်လည်း မည်သည့် အတွက်ကြောင့် သေဆုံးသည်ကုုိ မသိရကြောင်း မိုင်းခေါင်ဒုုက္ခသည်စခန်းမှ တာဝန်ခံ ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်(KBC)မှ ဆရာ ဦးဒမောင်နော်က ပြောသည်။
“ကျနော် သိသလောက် ၂၃ ရက် ညမှာ ကျနော် ဗန်းမော်ကနေ ပြန်လာတာ နမ်ဖာခ(ချောင်း) ရောက်တဲ့အချိန် ဗုံုးပေါက်ကွဲသံကြားလုုိ့ ကျနော်က ရောက်တဲ့နေရာက နေပြန်လှည့်သွားတယ်။ ၂၄ ရက် အစောကြီး ကျနော်တက်လာတဲ့အချိန်မှာ အဲဒီ အလောင်း မုုိးကာနဲ့ အုပ်ထားတယ်။ အဲဒီက စစ်ဗိုလ်က ကျနော်တုုိ့ ဘယ်ကလဲလို့ မေးလုုိ့ ကျနော်က မုုိင်းခေါင်ကပါပြောပြီး ဖြတ်သွားလုုိက်တယ်” ဟုု သူက မဇ္ဈိမသို့ ပြောသည်။
သုုိ့သော် မိုင်းခေါင်သို့ တက်လာသော အဆုုိပါ လင်မယားကို ပန်ဆတ်ကျေးရွာ ရာအိမ်မှူးက အခြေအနေမကောင်းသဖြင့် မဖြတ်ရန် တားမြစ်သော်လည်း ဖြတ်သွားခဲ့သဖြင့် ၎င်းတိုု့ လင်မယားနှင့် အခြားတစ်ဦး အပါအဝင် အရပ်သား ၃ ဦး သေဆုံးသည်ဟုု သူက ပြေသည်။ သို့သော် အစိုးရ စစ်တပ်က ပစ်သတ်၍လော နှင့် ဗုံးကြောင့် သေဆုံးခြင်း ဆိုသည်ကို မသိရကြောင်း သူက ပြောသည်။
စက်တင်ဘာလ ၂၄ ရက်တွင်လည်း မုုိင်းခေါင်မှ ပစ်လုုိက်သည့် အစုုိးရ၏ လက်နက်ကြီးကြောင့် ကောင်းလိန်ကျေးရွာမှ ၂ နှစ်အရွယ် ကလေးငယ်တစ်ဦးနှင့် အမျိုသမီးတစ်ဦး ဒဏ်ရာခဲ့သည်ဟုု သူက ဆုုိသည်။
မန်စီမြို့နယ် KIA တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၁၂ နှင့် ၂၇ နယ်မြေအနီး တုုိက်ပွဲ ဖြစ်ပွားခဲ့သော စက်တင်ဘာလ ၂၃ ရက်နေ့က KIA ၏ မုုိင်းခွဲတုုိက်ခုုိက်ခဲ့သဖြင့် အစုုိးရ စစ်တပ်ဘက်မှ သေဆုံုးမှု များရှိသဖြင့် အစုုိးရ စစ်တပ်ဘက်မှ ဒေါသထွက်၍ အရပ်သားများကုုိ ပစ်သတ်ခဲ့ခြင်း ဖြစ်သည်ဟုု KIA တပ်ရင်း ၁၂ မှ တပ်ရင်းမှူး ဗိုုလ်မှူး ဂျွန်းအောင်က ပြောသည်။
“မုုိင်းခေါင်နဲ့ မန်ဝိန်းကြားမှာ စစ်ကူ တက်လာတာ ကျနော်တိုု့ မိုင်းနဲ့ တုုိက်ခိုက်တာ သူတုုိ့ဘက်က ၅ ဦးသေ၊ ၃ ဦးဒဏ်ရာရတယ်လုုိ့ ပြောတယ်။ အဲဒါကြောင့် စိတ်ဆိုးပြီး နာရဝတီက ဆိုင်ကယ်နဲ့ တက်လာတာကို ဗမာလင်မယားကို ပစ်သတ်လုုိက်တယ်။ နောက် မနေ့က မုုိင်းခေါင်ကနေ ပစ်လုုိက်တဲ့ လက်နက်ကြောင့် ကျည်စတွေ ကောင်လိန်ရွာက ရှမ်းကလေး တစ်ဦး ထိမှန်တယ်လုုိ့ သိရတယ်”ဟုု သူက ပြောသည်။
အရပ်သား လင်မယား နှစ်ဦး အမျိုးသားက ကျော်မင်းခုုိင်၊ အမျိုးသမီးက ဒေါ်ကြာရွှေမြင့် အစုုိးရ စစ်တပ်က ပစ်သတ်လုုိက်ခြင်း ဖြစ်ပြီး စက်တင်ဘာလ ၂၄ ရက်နေ့ကလည်း ကောင်းလိန်ကျေးရွာမှ ရှမ်းကလေးငယ် တစ်ဦးအား ထိမှန်သည်ဟုု သိရကြောင်း သူက ပြောသည်။
စက်တင်ဘာလ ၂၅ ရက် မွန်လွဲ ၁၂ နာရီမှ ၁ နာရီအထိ တစ်နာရီခန့်ကြာ အစုုိးရနှင့် KIA တုုိ့အကြား မန်စီမြို့နယ် လုုိင်ကာဇွပ်ဂျာကျေးရွာတွင် တုုိက်ပွဲ ဖြစ်ပွားခဲ့သည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၁၅ ရက်မှစတင်၍ အစုုိးရနှင့် KIA တို့ တိုက်ပွဲ ဖြစ်ပွားလာသဖြင့် မန်စီမြို့နယ် KIA တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၁၂ နှင့် ၂၇ နယ်မြေအနီး တဝိုက်ရှိ လိုင်ကာဇွပ်ဂျာ (laika zup Ja)၊ မုုန်းလူ(Mung lu)၊ ဂျေဆောင်(Jesawn)နှင့် ဖဂါရိုင်(Hpaga Rai)၊ ကုုန်းခါးပါ စသည့် ကျေးရွာများမှ အိမ်ထောင်စုု ၆၉ ခုု ရွာသား ၂၆၃ ဦးတုုိ့သည် စက်တင်ဘာလ ၂၅ ရက်ထိ မိုင်းခေါင် ဒုုက္ခသည်စခန်းသုုိ့ ထွက်ပြေးလာသည်ဟု မိုင်းခေါင်ဒုက္ခသည်စခန်းမှ တာဝန်ခံ ဆရာဒမောင်နော်က ပြောသည်။
သုုိ့သော် အစုုိးရ စစ်တပ်နှင့် KIA တပ်တုုိ့ တုုိက်ပွဲ နေ့စဉ် ဖြစ်ပွားနေသဖြင့် ကျေးရွာများသိုု့ ကျန်ရှိနေသော ရွာသား၂၂ ဦးကုုိ ယနေ့ထိ သွားရောက် ခေါ်ယူနုုိင်ခြင်း မရှိသေးကြောင်း သူက ပြောသည်။ “နှစ်ဖက် စလုံုးက တင်းမာနေကြတော့ ကျနော်တုု့ိ ဘယ်လုုိမှ သွားခေါ်လုုိ့ မရဘူး”ဟုု ဆရာဒမောင်နော်က ပြောသည်။
KIO သည် တိုင်းရင်းသား လက်နက်ကုုိင် အဖွဲ့အစည်းများနှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်မူကြမ်း(NCA) လက်မှတ်ရေးထုုိးနုုိင်ရေး အစုုိးရနှင့် တွေ့ဆုံုဆွေးနွေးနေသည်။ သုုိ့သော် NCA လက်မှတ်ရေးထုုိးရန် အဆင်သင့်မဖြစ်သေးကြောင်း မကြာသေးမီက KIO ဒုုဥက္ကဋ္ဌ ဗိုလ်ချုပ် အင်ဘန်လာက ရန်ကုုန်မြို့ရှိ ကချင်လူထုုများနှင့် တွေ့ဆုံစဉ် ပြောဆုုိထားသည်။







