တရုတ်-မြန်မာနယ်စပ်တွင် မိုင်ဂျာယန်ကောလိပ်ဖွင့်လှစ်

တရုတ်-မြန်မာနယ်စပ်တွင် မိုင်ဂျာယန်ကောလိပ်ဖွင့်လှစ်
by -
မဇ္ဈိမ
တရုတ်- မြန်မာနယ်စပ် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ထိန်းချုပ်ရာ မုုိင်ဂျာယန်တွင် မုုိင်ဂျာယန် ကောလိပ်ကို စက်တင်ဘာလ ၂၅ ရက်က ဖွင့်လှစ်လုုိက်ပြီ ဖြစ်သည်။

မုုိင်ဂျာယန်ကောလိပ်ကုုိ ကချင်ပညာရေးဖောင်ဒေးရှင်း (Kachin Education Foundation)မှ တာဝန်ယူပြီး ဒါရိုက်တာ ဇိန်ထုုန်းကွမ်းရှောင် အခမ်းအနားမှူး ပြုလုုပ်ခဲ့သည်။ ဘာသာရေးအရ ဆုုတောင်းဝတ်ပြု၍ KIO ဒုုတိယ စစ်ဦးစီးချုပ် ဗုုိလ်ချုပ် ဂွမ်မော်က ဖဲကြိုးဖြတ် ဖွင့်လှစ်၍ မိန့်ခွန်းပြောကြားခဲ့သည်။

အဓိက ကချင်အမျိုးသားများ အဆင့်မြင့် ပညာရေးလုပ်ဆောင်ရန် မျော်မှန်းထားမှု ရည်ရွယ်ချက် ယခု လက်တွေ့ အကောင်အထည် ဖော်နေခြင်းဖြစ်ပြီး ၂၁ ရာစု ပညာရေးစနစ် ပုုိ့ချပေးနုုိင်ရန် လူမှုအတုုိင်း အဝိုင်းတွင် အသုံးချနိုင်သည့် ပညာရေး သင်ကြားပေးသွားမည်ဟု ပညာရေး ဌာန၏ ဒုဥက္ကဋ္ဌ ဆရာကြီး ခွန်နောင်က ပြောသည်။

“ကျနော်တို့က ဒီကနေအောင်သွားရင် လျှောက်နိုင်မယ့် ၂၁ ရာစု ပညာရေးပေါ့။ မြန်မာနိုုင်ငံ ပညာရေးလို ဘယ်လောက်မှတ်မိသလဲ ဆိုတာမျိုး မဟုတ်ဘဲ။ ဘယ်လောက်နာလည်သလဲဆုုိတာ မျိုးပေါ့။ ပြောချင်တာက လူမှုအဖွဲ့အစည်းတွေမှာ ဆက်ကပ်နိုင်အောင်၊ အသုံုးချနုုိင်တဲ့ပညာရပ်ပေါ့”ဟုု ဆရာကြီး ခွန်နောင်က မဇ္ဈိမသို့ ပြောသည်။

အဆိုပါကောလိပ်တွင် နုုိင်ငံရေး သိပ္ပံ(Political Science)၊ လူမှုရေး(social study)၊ BSC Agriculture၊ ဥပဒေ(lawyer development)၊ BE Cavil၊ အင်္ဂလိပ် (BA English)၊ ကချင်စာ (BA Study) စသည့် ဘာသာရပ်များကို သင်ကြားသွားပြီ ဖြစ်ပြီး ၄ နှစ်တွင် Bachelor's Degree ဘွဲ့ ပေးသွားမည် ဖြစ်ကြောင်း သူက ပြောသည်။

၎င်း မိုင်ဂျာယန်ကောလိပ်တွင် သင်ကြားပေးမည့် ဆရာ၊ ဆရာမများသည် ကချင်အမျိုးသားလူငယ် များမှ သက်ဆုုိင်ရာ ဘာသာရပ်များကို တတ်မြောက်သူများ လာရောက်သင်ကြားပေးမည် ဖြစ်သလုုိ၊ နုုိင်ငံတကာမှ အချိန်ပုုိင်း လာရောက်သင်ကြားပေးမည့် ပညာရှင်များအား ဖိတ်ခေါ်သွားမည်ဟု ဆိုသည်။

မြန်မာနုုိင်ငံတွင် ပညာတတ် များပြားလာပါက နိုင်ငံငြိမ်းချမ်းရေးတွင်လည်း အထောက်အကူ ဖြစ်လိမ့်မည်ဟု ယုံုကြည်ကြောင်း ဆရာကြီး ခွန်နောင်က ဆက်လက် ပြောဆိုသည်။

“ကျနော်မြန်မာနိုင်ငံရဲ့ ပညာရေးကုုိ သုံုးသပ်လိုက်လုုိ့ရှိရင် ကျနော်တို့ ပြည်သူလူထုုတွေပဲ ပညာ မတတ်ကြဘူး။ ဒါကြောင့် အုုပ်ချုပ်တဲ့ လူတွေလည်း တတ်လား၊ မတတ်တာလား မပြောတတ်ဘူး။ ဒါပေမဲ့ နုုိင်ငံတော် ငြိမ်းချမ်းရေးဆွေးနွေးတဲ့အခါမှာ ကုုိယ့်ကုုိကုုိ မယုံုကြည်ကြဘူး။ self confident မရှိကြဘူးပေါ့။ တုုိင်းရင်းသားတွေသာမက မြန်မာပြည်သူပြည်သား အားလုံုး ပညာတတ်တွေ ကြီးဘဲ ဖြစ်သွားလုုိ့ ရှိရင်တော့ self confident ရှိပြီးတော့မှ နုုိင်ငံတော် ငြိမ်းချမ်းသာယာရေးကုုိလည်း လွယ်လင့်တကူ တည်ဆောက်နုုိင်မယ်လုုိ့ ယုံုကြည်တယ်”ဟုု သူက ပြောသည်။

မုုိင်ဂျာယန်ရှိ ဟုုိတယ်ဟောင်းကုုိ ပြန်လည်ပြုပြင်၍ ဖွင့်လှစ်ခြင်းဖြစ်ကာ လာမည့် အောက်တိုဘာလ ၅ ရက်တွင် စတင်စာသင်တော့မည် ဖြစ်ကြောင်း သိရသည်။ ကျောင်းသူကျောင်းသား စာရင်းများ လက်ခံနေပြီး လက်ရှိ ကျောင်းသူကျောင်းသားပေါင်း ၂၂ ဦး လက်ခံရရှိထားပြီး ဖြစ်ကြောင်း KIO ပညာရေးဌာနမှ အထွေထွေအတွင်းရေးမှူး အရပ်ဘက်အရာရှိ ဦးယော်ဆောင်းက ပြောသည်။

KIO ထိန်းချုပ်နယ်မြေအတွင်း ၁၀ တန်းအောင်မြင်၍ မြန်မာအစုုိးရ တက္ကသုုိလ်သုုိ့ သွားရောက် သင်ယူနုုိင်ခြင်း မရှိသော ကျောင်းသူကျောင်းသားပေါင်း ၃၉၀ ခန့် ရှိနေသည်ဟုု သူက ပြောသည်။

KIO မှ ၁၀ တန်းအောင်ကျောင်းသူကျောင်းသားများက အစုုိးရ တက္ကသုုိလ်များသုုိ့ တက်ရောက်ခွင့် မရသဖြင့် ၁၀ တန်းအောင်ကျောင်းသားများ ပုုိမုုိများပြားလာသဖြင့် မုုိင်ဂျာယန် ကောလိပ်ကုုိ အကောင်အထည်ဖော်ခြင်း ဖြစ်သည်ဟု ဦးယော်ဆောင်းက ပြောသည်။

“ကေအုုိင်အုုိက ၁၀ တန်းအောင်တဲ့ ကျောင်းသားတွေက တစ်နှစ်ပြီးတစ်နှစ် ပုုိပုုိများလာတယ်။ အစုုိးရ တက္ကသုုိလ်လည်း မတက်နုုိင်၊ နုုိင်ငံခြားသွားဖုုိ့ကလည်း မတတ်နုုိင်ဘူးဆုုိတော့ သူတုုိ့အတွက် ဖွင့်လှစ်ပေးတာ ဖြစ်တယ်”ဟုု သူက ပြောသည်။

၁၉၉၄ ခုုနှစ် အစုုိးရနှင့် အပစ်အခတ် ရပ်စဲပြီးနောက် KIO ထိန်းချုပ်နယ်မြေမှ ၁၀ တန်းကျောင်းသား များကို မြန်မာအစုုိးရ ကျောင်းများသုုိ့ တက်ရောက်၍ စာမေးပွဲ ဖြေဆုုိခွင့် ရှိခဲ့သော်လည်း ၂၀၁၁ ခုုနှစ် အစုုိးရနှင့် တုုိက်ပွဲပြန်လည်ဖြစ်ပွားလာသဖြင့် ထုုိအခွင့်အရေးများ မရတော့ပေ။

KIO ကျောင်းများမှ ၁၀ တန်းအောင် ကျောင်းသူကျောင်းသားများ၊ မြန်မာ အစုုိးရကျောင်းများမှ ၁၀ တန်းအောင် ကျောင်းသူကျောင်းသားများ မုုိင်ဂျာယန်ကောလိပ်သုုိ့ တက်ရောက်နုုိင်မည် ဖြစ်ကြောင်း သိရသည်။ KIO သည် လက်ရှိ အစုုိးရနှင့် တစ်နုုိင်ငံလုံုး အပစ်အခတ် ရပ်စဲရေး စာချုပ်မူကြမ်းတွင် တုုိင်းရင်းသားလက်နက်ကုုိင် အဖွဲ့အစည်းများ အားလုံုးပါဝင်ရေး ဆွေးနွေးမှုတွင် ပါဝင်လျှက်ရှိသည်။

Most read this week

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...