ပန်းရဲ့လမ်းအဖွဲ့ကို နေပြည်တော်အမှတ်(၁)ရဲစခန်းမှူး အမှုဖွင့်

ပန်းရဲ့လမ်းအဖွဲ့ကို နေပြည်တော်အမှတ်(၁)ရဲစခန်းမှူး အမှုဖွင့်
by -
မဇ္ဈိမ
ခွင့်ပြုချက်မတောင်းဘဲ စီတန်းလှည့်လည်သည်ဟုဆိုကာ “လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း လူမှုကွန်ယက်”အဖွဲ့ကို နေပြည်တော် အမှတ်(၁)ရဲစခန်းမှ စခန်းမှူးဖြစ်သူ ဒုရဲမှူးမြင့်ဌေးက တရားလိုပြုကာ စက်တင်ဘာ ၂၅ ရက် နေ့စွဲဖြင့် အမှုဖွင့်လိုက်သည်။

“ငြိမ်း၊ စု၊ စီပုဒ်မ ၁၈ နဲ့ ပါ၊ ပုဒ်မ ၁၈ကတော့ ခွင့်ပြုချက်မရဘဲနဲ့ စီတန်းလှည့်လည်တာပေါ့ဗျာ”ဟု ဒုရဲမှူးမြင့်ဌေးက စက်တင်ဘာ ၂၅ ရက်နေ့၊ ညဦးပိုင်းတွင် မဇ္ဈိမသို့ ပြောသည်။

ပြီးခဲ့သည့် ဩဂုတ် ၃၀ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သော ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးဟောပြောပွဲသို့ ပြည်သူများလာရောက်ကြရန် ပန်းရဲ့လမ်းအဖွဲ့က ဂီတဖြင့် ဖျော်ဖြေပြီး နေပြည်တော်ရှိပြည်သူများအား လိုက်လံတိုက်တွန်းမှုအပေါ် အမှုဖွင့်လိုက်ခြင်း ဖြစ်သည်။ ပန်းရဲ့လမ်းအဖွဲ့ လိုက်လံဖျော်ဖြေခဲ့သည်မှာ လွန်ခဲ့သည့် ဩဂုတ် ၂၉ရက်နေ့ကဖြစ်ပြီး အချိန်ကာလအားဖြင့် တစ်လနီးပါးအကြာမှသာ အမှုဖွင့်လိုက်ခြင်းလည်း ဖြစ်သည်။

“တစ်လပဲကြာကြာ ဘယ်လောက်ပဲကြာကြာပေါ့ဗျာ။ ကျွန်တာ်တို့ကတော့ ဥပဒေနဲ့မညီလို့ ဖွင့်တာပါ။ ဒီလောက်ကလေးပဲ ပြောပါရစေ”ဟု ဒုရဲမှူး မြင့်ဌေးက ဆိုသည်။

ထိုကဲ့သို့ အမှုဖွင့်ခံရခြင်းအပေါ် ပန်းရဲ့လမ်းအဖွဲ့ထံ မဇ္ဈိမက ဆက်သွယ်မေးမြန်းရာ ဆက်သွယ်မှု မရရှိခဲ့ပေ။

လက်ရှိတွင် အမှုဖွင့်လိုက်ခြင်းအပေါ် တရားဝင်အကြောင်းမကြားရသေးကြောင်း ဒုရဲမှူး မြင့်ဌေးက “လောလောဆယ်တော့ အကြောင်းမကြားရသေးဘူးဗျ။ ရုံးကိစ္စတွေ လုပ်နေတယ်။ ဒီနေ့မှ အမှုဖွင့်တာကိုး”ဟု ပြောသည်။

May 9, 2026
ပေါ်ထွန်း — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စု၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆)...
May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...
May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...
May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...