လိပ်ကျွန်းအမှု၌ ဒုတိယ အတွင်းဝန် အပါအဝင် တရားခံပြသက်သေ သုံးဦးထွက်ဆို

လိပ်ကျွန်းအမှု၌ ဒုတိယ အတွင်းဝန် အပါအဝင် တရားခံပြသက်သေ သုံးဦးထွက်ဆို
by -
မဇ္ဈိမ
ထုုိင်းနုုိင်ငံတောင်ပုုိင်း လိပ်ကျွန်း လူသတ်မှုတွင် တရားခံပြ သက်သေအဖြစ် မြန်မာသံရုံုး စုံစမ်းစစ်ဆေး ရေးအဖွဲ့မှ ဒုတိယအတွင်းဝန် ဦးထွန်းအေး အပါအဝင် ၃ ဦးက မြန်မာအလုုပ်သမား နှစ်ဦးအမှုတွင် ညှင်းပန်းနှိပ်စက်၍ ဝန်ခံခဲ့ရမှုနှင့် ရခိုုင်နှင့် ဘင်္ဂါလီ ပဋိပက္ခများကုုိ တရားခွင်သုုိ့ တင်သွင်းခဲ့သည်ဟုု မြန်မာသံရုံုး စုံုစမ်းစစ်ဆေးရေးအဖွဲ့မှ ရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။

စက်တင်ဘာလ ၂၅ ရက်နေ့၊ တရားခွင်သုုိ့ မြန်မာသံရုံုးအဖွဲ့မှ ဒုတိယသံအမတ် ဦးထွန်းအေး၊ ဘာသာပြန် ဦးအောင်စုုိး၊ တက္ကသုုိလ် ဆရာမ ဒေါ်သူဇာနွယ်တုုိ့ကို စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

၂၀၁၄ ခုုနှစ် အောက်တုုိဘာလ ၆ ရက်တွင် မြန်မာသံရုံုး အထူးစစ်ဆေးရေး အဖွဲ့က မြန်မာအလုုပ်သမား ကုုိဇော်ထွန်းနှင့် ကုုိဇော်လင်းထွန်းတုုိ့အား ကော့စမွေ အကျဉ်းထောင်သုုိ့ သွားရောက်တွေ့ဆုံုစဉ် ကြောက်လန့်နေပြီး နှိပ်စက်ခံရ မှု တွေ့ရသဖြင့် ဖြောင့်ချက်ပေးခဲ့ကြောင်းကုုိ ပေါ်လွင်စေရန် တရားခံပြသက်သေ သုံုးဦးက ထွက်ဆုုိခဲ့ကြသည်ဟုု ရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။

“သံရုံုးအဖွဲ့က တွေ့တဲ့အချိန် ကလေးတွေက ကြောက်လန့်ပြီးတော့ အမှန်ကုုိ မပြောရဲဘူး။ ရင်ဘတ်က ဒဏ်ရာကုုိ လှန်ပြတယ်။ တယောက်က ပြောရင် တယောက်က ပေါင်ကုုိ လှမ်းကုုိင်ထားတယ်။ သူတုုိ့ နှစ်ယောက်ကုုိ လူစုုခွဲပြီးတော့ စစ်ဆေးကြည့်တဲ့အခါ ညှင်းပန်းနှိပ်စက် ခံရတဲ့အကြောင်း မပြောနုုိင်ဘူး။ နောက် အမေကုုိ တွေ့တဲ့အချိန် နှစ်ယောက်စလုံုး ငုုိပြီးတော့ သူတိုု့နှစ်ယောက်ကုုိ ညှင်းပန်းနှိပ်စက်လိုု့ ဝန်ခံခဲ့တယ် ဆုုိတာပါ၊ ဖြောင့်ချက်ပေးရတာပါ ဆုုိတာတွေ ပြောတယ်ဆိုုပြီး ထွက်ဆုုိတာပါ”ဟုု သူက မဇ္စျိမသို့ ပြောသည်။

ထုုိ့အပြင် တက္ကသုုိလ်ဆရာမ ဒေါ်သူဇာနွယ်ကလည်း ရခုုိင်တုုိင်းရင်းသားနှင့် ဘဂါင်္လီ ပဋိပက္ခနှင့် ပတ်သက်၍ တရားခွင်သုုိ့ တင်ပြခဲ့ရာ ဖြောင့်ချက်ပေးရာတွင်လည်း ရခုုိင်တုုိင်းရင်းသား မြန်မာလုုပ်သား နှစ်ဦးအမှု၌ လူမျိုးခြား ဘာသာပြန် အစ္စလာမ်လူမျိုး၏ ပြောစကားကုုိ ရယူ၍ အမှုကုုိ ဆောင်ရွက်ခဲ့ခြင်းသည် မှားယွင်းကြောင်း ထွက်ဆုုိခဲ့သည်ဟုု သူက ပြောသည်။

“ဖြောင့်ချက်ပေးတာဟာ ဘာကြောင့် ပေးရတယ်ဆုုိတာကုုိ ပေါ်စေချင်တာပါ။ နောက်ပြီးတော့ အဲဒီဖြောင့်ချက်ကုုိ ဘာသာပြန်ပေးတဲ့ လူကလည်း လူမျိုးရေး ပဋိပက္ခ ရှိတဲ့လူကုုိ ဘာသာပြန်ခိုင်း တယ်ဆုုိတာ ပေါ်အောင်လုုိ့ သက်သေတင်တာပါ” ဟုု သူက ပြောသည်။

ပြီးခဲ့သည့်၂၀၁၄ ခုုနှစ် အောက်တုုိဘာလ ၅ ရက်နေ့က မြန်မာသံအမတ် ဦးဝင်းမောင် ဦးဆောင်ကာ မြန်မာအထူးစုံုစမ်းစစ်ဆေးရေး အဖွဲ့ကုုိ ဖွဲ့စည်း၍ အမှုမှန် ဖော်ထုုတ်ရေး စုံုစမ်းစစ်ဆေးခဲ့ခြင်း ဖြစ်သည်။

ထုုိင်းရဲတပ်ဖွဲ့က တရားလုုိပြုလုုပ်၍ တရားလိုုပြသက်သေ ၃၆ ဦးကုုိ စစ်ဆေးခဲ့ပြီးနောက် တရားခံပြ သက်သေအဖြစ် ယနေ့ထိ ၁၁ ဦး ရှိသွားပြီ ဖြစ်သည်။ လာမည့် အောက်တုုိဘာလ ၁၀ ရက်နှင့် ၁၁ ရက်များတွင် ကျန်ရှိသော တရားခံပြ သက်သေများကုုိ စစ်ဆေးရန် ရုံုးချိန်း ပေးထားသည်ဟုု သိရသည်။ တရားခံပြသက်သေ စုုစုုပေါင်း ၃၁ ဦးကုုိ တရားခွင့်သုုိ့ တင်သွင်းထားသည်။

လိပ်ကျွန်းကမ်းခြေတွင် ဗြိတိန်နုုိင်ငံသား ခရီးသည် ဟန်နာ ဝစ်သာရစ်နှင့် ဒေးဗစ်မေလာတိုု့ ၂၀၁၄ ခုုနှစ် စက်တင်ဘာလ ၁၅ ရက်က အသတ်ခံရမှုတွင် ထုုိင်းရဲတပ်ဖွဲ့က တရားလုုိပြုလုုပ်၍ မြန်မာ ရွှေ့ပြောင်းလုုပ်သား ကုုိဇော်လင်းနှင့် ကုုိဝင်းဇော်ထွန်းတုုိ့အား တရားခံအဖြစ် ဖမ်းဆီးထားခြင်း ဖြစ်သည်။

Most read this week

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...