NLD ပါတီအား မဲဆွယ်ခွင့်မပြုသည့် ဦးစခုန်တိန့်ယိမ်းအား ကော်မရှင်က ခေါ်ယူသတိပေးမည်

NLD ပါတီအား မဲဆွယ်ခွင့်မပြုသည့် ဦးစခုန်တိန့်ယိမ်းအား ကော်မရှင်က ခေါ်ယူသတိပေးမည်
by -
မဇ္ဈိမ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီအား မဲဆွယ်စည်းရုံးရေး မပြုလုပ်ရန် တားမြစ်ခဲ့သည့် ကချင်ဒီမိုကရေစီသစ် တပ်မတော် NDA-K ဥက္ကဋ္ဌ ဦးစခုန်တိန့်ယိမ်းအား ကချင်ပြည်နယ်ရွေးကောက် ပွဲကော်မရှင်က ခေါ်ယူသတိပေးမည်ဟု ကော်မရှင် ဥက္ကဋ္ဌ ဦးမောင်မောင်ကွန်းက မဇ္စျိမသို့ ပြောကြားသည်။

“ဒီနေ့ပဲ စာထုတ်ပြီး ဦးစခုန်တိန့်ယိမ်းကို ၂၉ ရက်နေ့လာဖို့ ခေါ်ထားပါတယ်။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကလည်း ညွှန်ကြားချက်ပေးပါတယ်။ စည်းရုံးရေးလုပ်တဲ့အခါ လိုက်နာရမယ့် လုပ်ထုံးလုပ်နည်းဥပဒေတွေကို ရှင်းပြမယ်။”ဟု ၎င်းက ဆိုသည်။

ဦးစခုန်တိန့်ယိမ်းက အခြားပါတီများကို တားမြစ်ခြင်းမရှိဘဲ NLD ပါတီတစ်ခုတည်းကိုသာ တားမြစ်ခြင်း ဖြစ်ပြီး အောင်နိုင်ရေး အဖွဲ့အနေဖြင့် ရွေးကောက်ပွဲကော်မရှင်၊ အခြားပါတီများနှင့် ပြေလည်အောင် ညှိနှိုင်းဆောင်ရွက်သွားမည်ဟု NLD မြစ်ကြီးနားမြို့နယ် အောင်နိုင်ရေးဥက္ကဋ္ဌ ဦးဝင်းဗိုလ်က ပြောသည်။
 
NDA-K ဌာနချုပ် ပန်ဝါဒေသသို့ NLD ပါတီက မဲဆွယ်စည်းရုံးရေးသွားရောက်စဉ် စက်တင်ဘာ ၂၂ ရက်နေ့တွင် နယ်မြေတည်ငြိမ်အေး ချမ်းစေရန် ဆောင်ရွက်နေဆဲကာလဖြစ်၍ တားမြစ်ကြောင်းစာကို လာပေးခဲ့သည်ဟု ကိုယ်တိုင်စည်းရုံးရေးဆင်းခဲ့သူ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးကျော်ကျော်ဦးက မဇ္စျိမသို့ ဖြေကြားသည်။

“စည်းရုံးရေးမလုပ်ခိုင်းယုံတင် မကဘူး။ ကန်ပိုက်တီမှာ ဆိုင်းဘုတ်တွေ၊ ဗီနှိုင်းတွေ ဖျက်ဆီးခံရတယ်။ သူတို့အဖွဲ့ဆိုတာ သေချာပြောနိုင် ပါတယ်။ သူတို့ပြည်သူစစ်တွေ လာလုပ်သွားတာပါ။”ဟု ၎င်းက ဆိုသည်။

စည်းရုံးရေးမလုပ်ရန် တားမြစ်စာတွင် ပန်ဝါဒေသ တစ်ခုတည်း မဟုတ်ဘဲ ချီဖွေတစ်မြို့နယ်လုံး၊ ဆော့လော် တစ်မြို့နယ်လုံးနှင့် ဝိုင်းမော်မြို့နယ်မှ ကန်ပိုက်တီ၊ ဆဒုံး၊ ဆဝမ်၊ မန်တောင်၊ မန်ဝိန်း၊ ရှငေါ်ဒေသများ ပါဝင်ကြောင်း ဦးကျော်ကျော်ဦးက ပြောသည်။

ဦးစခုန်တိန့်ယိမ်းသည် နယ်ခြားစောင့်တပ် အသွင်ပြောင်း ကချင်ဒီမိုကရေစီသစ်တပ်မတော် (NDA-K) ဥက္ကဌ နှင့် ကချင်ပြည်နယ် အမှတ် (၄) မဲဆန္ဒနယ်မှ ချီဖွေ၊ ဆော့လော်၊ အင်ဂျန်းယန် မြို့နယ်များ၏ တစ်သီး ပုဂ္ဂလ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဖြစ်သည်။ ၂၀၁၅ ခုနှစ်တွင် ထပ်မံဝင်ပြိုင်ဦးမည်ဟုလည်း သိရသည်။

May 9, 2026
ပေါ်ထွန်း — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စု၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆)...
May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...
May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...
May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...