ရာသီဥတုပြောင်းလဲမှုကို တုံ့ပြန်ဆောင်ရွက်ရန် ABD က ၆ဘီလီယံအထိ နှစ်ဆတိုးထောက်ပံ့

ရာသီဥတုပြောင်းလဲမှုကို တုံ့ပြန်ဆောင်ရွက်ရန် ABD က ၆ဘီလီယံအထိ နှစ်ဆတိုးထောက်ပံ့
by -
မဇ္ဈိမ
အာရှ-ပစိဖိတ်ဒေသတွင်း ရာသီဥတုပြောင်းလဲမှုကြောင့် သက်ရောက်မှုများကို တုံ့ပြန်ဆောင်ရွက်ရန် အာရှဖွံ့ဖြိုးရေးဘဏ်(ADB)က နှစ်စဉ် ဘဏ္ဍာအရင်းအမြစ် ဒေါ်လာ ၃ဘီလီယံ ထောက်ပံ့သုံးစွဲနေရာမှ ၂၀၂၀ခုနှစ် မတိုင်မီ ဒေါ်လာ ၆ဘီလီယံအထိ နှစ်ဆတိုးမြှင့်သွားမည်ဟု ADB ဥက္ကဋ္ဌ တာကဲဟိကို နာကာအိုက ပြောကြောင်း ADB က စက်တင်ဘာ ၂၅ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်ထားသည်။

ADB ၏ ယခုကြေညာချက်သည် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ရာသီဥတု ပြောင်းလဲမှုကို တုံ့ပြန်ရန် ဖွံ့ဖြိုးပြီး နိုင်ငံများက ၂၀၂၀ ခုနှစ်ကစပြီး နှစ်စဉ် ဒေါ်လာ သန်း ၁၀၀ ကုန်ကျခံမည့် ကတိကဝတ်ထားရှိမှုနှင့် လည်း ဆက်နွယ်သည်ဟု ဆိုသည်။

ယခုတိုးမြှင့်သုံးစွဲမည့် ဒေါ်လာ ၆ဘီလီယံ အနက် ၄ ဘီလီယံကို ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍ၊ စွမ်းအင်ဖူလုံမှု၊ ရေရှည်တည်တံ့သော သယ်ယူပို့ဆောင်မှု နှင့် ခေတ်မီမြို့ပြများ တည်ဆောက်မှု အတွက် ထောက်ပံ့မည်ဖြစ်သည်။ ကျန် ၂ဘီလီယံကိုမူ ရာသီဥတုကြောင့် ဖြစ်ပွားသော ဘေးအန္တရာယ်အတွက် အသင့်ပြင်ဆင်မှုများ၊ ရာသီဥတုဒဏ် ခံနိုင်ရည်မြင့်မားသော စိုက်ပျိုးသီးနှံ/ နည်းပညာများ နှင့် အခြေခံအဆောက်အဦးအတွက် သုံးစွဲမည်ဖြစ်သည်။ ၄ဘီလီယံသည် ရာသီဥတု ပြောင်းလဲမှု၏ သက်ရောက်မှုများ လျော့ပါးသက်သာစေရန် ရည်ရွယ်ပြီး ၂ဘီလံသည် ရာသီဥတု ပြောင်းလဲမှု နှင့် သဟဇာတ ဖြစ်စေမှုဖြစ်မားရန် ရည်ရွယ်ထားသည်။

ယင်းအပြင် ADB က ၎င်း၏ ဘဏ္ဍာအရင်းအမြစ် နှစ်ခုကို ၂၀၁၇ခုနှစ်မှ စတင်ကာ ပေါင်းစည်းရန် ဆောင်ရွက်ထားသည်ဟုလည်း ဆိုသည်။

“၂၀၃၀ခုနှစ်မှာ သမိုင်းဝင် ရေရှည်တည်တံ့တဲ့ ရည်မှန်းချက် (SDG) ၁၇ချက်ကို အောင်မြင်စေဖို့ ကမ္ဘာ့ နိုင်ငံခေါင်းဆောင်တွေဟာ အခုသီတင်းပတ်ကုန် နယူးယောက်မြို့မှာ တွေ့ဆုံ ကတိကဝတ်ပြုမှာ ဖြစ်ပါတယ်။ ဒီရည်မှန်းချက်တွေအတွက် ဘဏ္ဍာထောက်ပံ့မှုတွေ ပေးအပ်ဖို့ နိုင်ငံတကာရဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေမှာ ADB အနေနဲ့လည်း အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်ဖို့ အသင့်ပါပဲ”ဟု တာကဲဟိကို နာကာအိုက ပြောသည်။

SDG ၁၇ ရည်မှန်းချက်တွင် ရာသီဥတု ပြောင်းလဲမှု နှင့် ယင်း၏ အကျိုးသက်ရောက်မှုများကို အရေးတကြီး တုံ့ပြန်ဆောက်ရွက်ရန် တိုက်တွန်းထားသည်။

May 9, 2026
ပေါ်ထွန်း — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စု၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆)...
May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...
May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...
May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...