မြန်မာနိုင်ငံ လွတ်လပ်သော ရှေ့နေများအသင်း တည်ထောင်ရန် ရန်ကုန်တိုင်း ကိုယ်စားပြု ဗဟိုကော်မတီဝင်များ ရွေးချယ်မည်

မြန်မာနိုင်ငံ လွတ်လပ်သော ရှေ့နေများအသင်း တည်ထောင်ရန် ရန်ကုန်တိုင်း ကိုယ်စားပြု ဗဟိုကော်မတီဝင်များ ရွေးချယ်မည်
by -
မဇ္ဈိမ
အပြည်ပြည်ဆိုင်ရာ ရှေ့နေအသင်း (IBA.LONDON) ၏ ကူပံ့မှုဖြင့် တစ်နိုင်ငံလုံး ကိုယ်စားပြုသည့် မြန်မာနိုင်ငံ လွတ်လပ်သော ရှေ့နေများအသင်း ပေါ်ပေါက်လာစေရန် ရန်ကုန်တိုင်း ကိုယ်စားပြု ဗဟိုကော်မတီဝင် ၁၀ ဦးကို အောက်တိုဘာ ၃၀ ရက်တွင် ရွေးချယ်သွားမည်ဟု မြန်မာနိုင်ငံ လွတ်လပ်သော ရှေ့နေများအသင်း(ရန်ကုန်) ထံမှ သိရသည်။

မြန်မာနိုင်ငံ၏ တစ်ခုတည်းသော ရှေ့နေအသင်းကြီး ဖြစ်ပေါ်လာစေရန် တိုင်းဒေသကြီးနှင့် ပြည်နယ် များတွင် သက်ဆိုင်ရာ ကိုယ်စားပြု ဗဟိုကော်မတီဝင်များ ရွေးချယ်ပြီးစီးခဲ့ပြီး ရန်ကုန်တိုင်း တစ်ခုတည်း ကျန်ရှိနေ၍ ယင်းသို့ဆောင်ရွက်ရခြင်း ဖြစ်သည်ဟု မြန်မာနိုင်ငံ လွတ်လပ်သော ရှေ့နေ များအသင်း(ရန်ကုန်)၏ စည်းရုံးရေး ကြီးကြပ်ရေးကော်မတီဝင် ဦးကိုမြင့်က မဇ္ဈိမသို့ ပြောသည်။

“တခြား ပြည်နယ်အားလုံး ဖွဲ့ပြီးပြီ၊ ရန်ကုန်တိုင်းတစ်ခုပဲ ကျန်တယ်။ ရွေးကောက်ပွဲ ကိစ္စတွေကြောင့် ကျွန်တော်တို့ နောက်ကျနေတာပါ။ (IBA) က တစ်နိုင်ငံလုံး အတိုင်းအတာ ဖွဲ့နိုင်အောင် ကူညီပေး တာပေါ့။ အောက်တိုဘာလကုန် ရန်ကုန်မှာ အမှုဆောင် ရွေးပြီးရင် ဇန်နဝါရီလထဲမှာ မြန်မာနိုင်ငံ လွတ်လပ်သော ရှေ့နေများအသင်း ဖွဲ့စည်းမယ်”ဟု ၎င်းက ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးမှ ရှေ့နေများ အသင်းဝင်ကြရန်နှင့် ရန်ကုန်တိုင်း ကိုယ်စားပြု ဗဟို ကော်မတီဝင်များအဖြစ် ရွေးကောက်ပွဲ ဝင်နိုင်ရန် စည်းရုံးရေးတာဝန်ခံ လူငယ်ရှေ့နေ ၄၀ ဦးတို့က ကူညီဆောင်ရွက်ပေးနေပြီး အောက်တိုဘာ ၁၅ ရက်ထိ စာရင်းသွင်း လက်ခံမည်ဟု မြန်မာနိုင်ငံ လွတ်လပ်သော ရှေ့နေများ အသင်း(ရန်ကုန်)က ကြေညာထားသည်။

အပြည်ပြည်ဆိုင်ရာ ရှေ့နေအသင်း (IBA.LONDON) က မြန်မာနိုင်ငံသား ကိုယ်စားလှယ် တစ်ဦး ခန့်ထားပြီး ၂၀၁၂ ခုနှစ်မှ စတင်ကာ မြန်မာနိုင်ငံ လွတ်လပ်သော ရှေ့နေများအသင်း Independent Lawyers' Association of Myanmar(ILAM) ကို ဖွဲ့စည်းနိုင်ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။

Most read this week

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...