စစ်ကိုင်း၊ ထန်းကုန်းမြို့စျေးအနီး အင်န်အယ်လ်ဒီပါတီ ဆိုင်းဘုတ် ဖျက်ဆီးခံရ၍ အမှုဖွင့်မည်

စစ်ကိုင်း၊ ထန်းကုန်းမြို့စျေးအနီး အင်န်အယ်လ်ဒီပါတီ ဆိုင်းဘုတ် ဖျက်ဆီးခံရ၍ အမှုဖွင့်မည်
by -
မဇ္ဈိမ
စစ်ကိုင်းတိုင်းဒေသကြီး၊ ထန်းကုန်းမြို့စျေးအနီးတွင် ထောင်ထားသည့် ပါတီများ၏ ဆိုင်းဘုတ်များ အနက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အင်န်အယ်လ်ဒီ)ပါတီဆိုင်းဘုတ် စက်တင်ဘာ ၂၃ရက်နေ့က ဖျက်ဆီးခံရသဖြင့် အမှုဖွင့်သွားမည်ဟု အင်န်အယ်လ်ဒီပါတီမှ အမှတ်(၁)မဲဆန္ဒနယ်မြေ ကိုယ်စားလှယ်လောင်း ဒေါ်ခင်မျိုးချစ်က မဇ္ဈိမသို့ ပြောသည်။

“စည်းရုံးရေးဆင်းရာမှာ တခြားဘာအခက်အခဲမှ မရှိခဲ့ဘူး။ ဒါပေမယ့် ထန်းကုန်းစည်ပင်သာယာစျေး အနောက်ဘက်မှာ ကိုယ်စားလှယ်လောင်းတွေ ဓါတ်ပုံပါတဲ့ ဗီနိုင်းဆိုင်းဘုတ်ကို ဖျက်ဆီးခံလိုက်ရ တယ်။ သေချာကို ဓါးနဲ့ ဖျက်ဆီးသွားတယ်လို့ ယူဆတယ်။ ခုလိုလုပ်တာကို ဥပဒေကြောင်းအရ အမှုဖွင့်ဖို့ လုပ်နေပါတယ်။” ဟု ၎င်းက  ပြောသည်။

အဆိုပါနေရာတွင် ပြည်ခိုင်ဖြိုးပါတီ နှင့် NLD ပါတီဆိုင်းဘုတ်နှစ်ခု စိုက်ထူထားခြင်းဖြစ်ပြီး ၎င်းတို့ NLD ပါတီ၏ ၉-ပေ×၅-ပေ ဆိုင်းဘုတ်ကိုသာ ဖျက်ဆီးခံရခြင်းဖြစ်သည်။ ယင်းအပြင် ထန်းကုန်းတွင် ပါတီ ၅ ခုရှိပြီး မဲဆွယ်စည်းရုံးရေး ကာလတွင် ပါတီအသီးသီးက ဗီနိုင်းဆိုင်းဘုတ်များ စိုက်ထူထားကြောင်း သိရသည်။

“အမှုဖွင့်တယ်ဆိုတာ တရားရုံးကို ဦးတိုက်လျှောက်ရမှာဖြစ်ပါတယ်။ တရားရုံးကနေမှ ပြန်ပြီး ရဲကို လွှဲပေးမှာ ဖြစ်တယ်။ အဲဒီကျမှ ဆက်လက်စုံစမ်းစစ်ဆေးမှုတွေ လုပ်ရမှာပါ။ အမှုဖွင့်ရင် ကျွန်တော်တို့ စခန်းမှာ ဖွင့်လို့မရလို့ ဇီးကုန်းရဲစခန်းကို သွားဖို့ပြောထားတယ်။”ဟု ထန်းကုန်းရဲတပ်ဖွဲ့မှ အရာရှိတစ်ဦးက မဇ္ဈိမသို့ ပြောသည်။

အမှုဖွင့်ရာတွင် တရားမကျင့်ထုံး ကျင့်ထုံးဥပဒေ ပုဒ်မ ၂၀၀၊ တရားရုံးလက်စွဲ ၄၂၅ အရ တရားရုံးက ဦးတိုက်လျှောက်ရကြောင်း၊ ကျင့်ထုံးပုဒ်မ ၁၅၅ အရ ရဲစခန်းက ဦးတိုက်လျှောက်ရန် ကဖ ပုံစံကို ပို့ပေး ရကြောင်း ထို့နောက် ကျင့်ထုံးပုဒ်မ ၂၀၂ အရ ရဲကို ပြန်လည် စိစစ်စေကြောင်း ၎င်းက ဆက်လက်ပြောပြသည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲအတွက် ထန်းကုန်းမြို့နယ်မှ ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ (USDP)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အပါအဝင် ပါတီ ငါးခုရှိပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဆိုင်းဘုတ်သာ ဖျက်ဆီးခံခဲ့ရသည်။ အလားတူဖြစ်ရပ်မျိုး စစ်ကိုင်းတိုင်း ကောလင်းမြို့နယ် နှင့် ရှမ်းပြည်နယ် နမ့်ဆန်မြို့တို့တွင်လည်း ဖြစ်ပွားခဲ့သည်။

May 9, 2026
ပေါ်ထွန်း — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စု၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆)...
May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...
May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...
May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...