မြန်မာအလုပ်သမားနှစ်ဦး၏ ဒီအန်အေနှင့် တိုက်ဆိုင်မှုမရှိဟု ထိုင်းမှုခင်းဆရာဝန် နှင့် မှုခင်းရဲမှူးကြီး ထွက်ဆိုဟုဆို

မြန်မာအလုပ်သမားနှစ်ဦး၏ ဒီအန်အေနှင့် တိုက်ဆိုင်မှုမရှိဟု ထိုင်းမှုခင်းဆရာဝန် နှင့် မှုခင်းရဲမှူးကြီး ထွက်ဆိုဟုဆို
by -
မဇ္ဈိမ
ထိုင်းတောင်ပိုင်း၊ ခိုတောင်ကျွန်း (လိပ်ကျွန်း)တွင် ဗြိတိန်နိုင်ငံသားနှစ်ဦး သတ်ခံရမှုတွင် တရားခံ သက်သေ ထိုင်းမှုခင်းဆရာဝန်နှင့် မှုခင်းရဲမှူးကြီးတို့ကို စက်တင်ဘာ ၂၂ရက်က စစ်ဆေးခဲ့ပြီး ၎င်းတို့၏ ထွက်ဆိုချက်တွင် ဒီအန်အေ စစ်ဆေးမှု၌ ဖမ်းဆီးခံ မြန်မာလုပ် သားများ၏ ဒီအန်အေနှင့် တိုက်ဆိုင်မှု မရှိဟု ထွက်ဆိုကြောင်း မြန်မာသံရုံးအဖွဲ့မှ ရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။

စက်တင်ဘာလ ၂၂ ရက် နံနက်ပုုိင်းက ထုုိင်းနုုိင်ငံ ဗဟုုိမူခင်းဆေးပညာသိပ္ဗံဌာန ညွန်ကြားရေးမှူး ဒေါက်တာ ဖွန်းထစ်ရိုကျနာ ဆူလန်၏ ရုံးမှ ဆရာဝန်တစ်ဦးက DNA စစ်ဆေးမှု နည်းလမ်းမှန်ကန်မှု မရှိကြောင်း ထွက်ဆုုိခဲ့သည်ဟုု သူက မဇ္ဈိမသို့ ပြောသည်။

“ဒီနေ့ သက်သေနှစ်ယောက်စစ်ပါတယ်။ ပထမတဦးထွက်ဆုုိချက်က နစ်နာလူတွေရဲ့ တောင်းဆုုိချက် အရ ပြန်လည်ပြီးတော့ စစ်ဆေးတဲ့အခါမှာ ပီနန်အိတ်တိုု့၊ ညှပ်ဖိနပ်၊ ပေါက်တူးတိုု့ စစ်ဆေးတဲ့အခါမှာ ပေါက်တူးရုုိးမှာ ယောကျ်ားနဲ့ မိန်းမ ဒီအန်အေတွေ့တယ်။ အဲဒါကတော့ ဟန်နာနဲ့ ဒေးဗစ်တိုု့ရဲ့ ဒီအန်အေဆုုိတာ ပေါ်လွင်ပါတယ်။ တဖက်က ပြည့်စုံတဲ့ ဒီအန်အေနဲ့ မပြည့်စုံုတဲ့ ဒီအန်အေတွေ့တယ်။ အဲဒီ ဒီအန်အေက တရားခံရဲ့ ဒီအန်အေဖြစ်တယ်။ သုုိ့သော် မြန်မာလုုပ်သား ဝေဖြိုးနဲ့ ဇော်လင်း၊ မောင်မောင်တိုု့နဲ့ တုုိက်ဆုုိင်မှု မတူူဘူးလုုိ့ ပြောချင်တာပါ၊ နောက်ပြီးတော့ ဒီအန်အေ စစ်ဆေးတဲ့ အခါမှာ သာမန်စစ်ဆေးမယ်ဆုုိရင် ရက် ၂၀ လောက်ထိ အချိန်ယူပြီး စစ်ဆေးရမယ်။ အရေးပေါ် ဆုုိရင်လည်း ၁၀ ရက်လောက် အချိန်ယူပြီး စစ်ဆေးမယ်ဆိုရင် အဖြေထွက်ဆုုိတယ် လို့ ပြောထားပါတယ်”ဟုု ရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။

သုုိ့သော် တရားခံ မြန်မာလုုပ်သားနှစ်ဦး၏ အမှုတွင် ၎င်းတုုိ့၏ DNA ကုုိ ၂၀၁၄ ခုုနှစ် အောက်တုုိဘာလ ၂ ရက် စစ်ဆေးပြီး အောက်တုုိဘာလ ၅ ရက်တွင် DNA တူကြောင်းနှင့် DNA စစ်ဆေးရာတွင် အဆင့် ၂၃ ဆင့်ရှိရာမှ အဆင့် ၁၀ ဆင့် တုုိက်ဆုုိင်ပါက တူညီကြောင်း သတ်မှတ်နုုိင်သဖြင့် ကုုိဇော်လင်းနှင့် မောင်မောင်တိုု့ နှစ်ဦးတွင် လုံုးဝ တူညီမှု မရှိကြောင်း သိုု့သော် ကုုိဝင်းဇော်ထွန်း၏ DNA စစ်ဆေးသည့် အခါ အဆင့် ၅ ဆင့် တူညီသည်ကိုု တွေ့ရသော်လည်း မည်သူဖြစ်သည်ကုုိ သတ်မှတ်မရသဖြင့် DNA စစ်ဆေးမှုတွင် မှန်ကန်မှုမရှိဘဲ ဆောင်ရွက်ခဲ့သည်ကုုိ ပေါ်လွင်စေခဲ့သည်ဟုု ၎င်းက ပြောသည်။

ထုုိင်းမူခင်းတပ်ဖွဲ့မှ ရဲမှူးကြီးဟောင်း တစ်ဦးအား စစ်ဆေးခဲ့ရာတွင် သေဆုံုးသူ ဗြိတိန်နုုိင်ငံသား ဟန်နာ၏ ကုုိယ်ပေါ်ရှိ အဝတ်အစားများအား DNA သက်သေခံပစ္စည်းအဖြစ် သိမ်းထားခြင်း သည်လည်း တရားရုံးတွင် စစ်ဆေးနုုိင်ရန်အတွက် ယခုုကဲ့သုုိ့ အမှုတွင် မှန်ကန်တိကျမှု လုုိအပ်ချက်နှင့် အမှုတွဲများတွင် ပျက်ကွက်ခဲ့ခြင်းသည်လည်း စစ်ဆေးသူများအတွက် လုုိအပ်ချက်များ ဖြစ်ကြောင်း ထွက်ဆုုိခဲ့သည်ဟုု သူက ဆက်လက်ပြောသည်။

“အခုုလုုိ မျက်မြင်သက်သေမရှိတဲ့ လူသတ်မှုတွေမှာဆုုိရင် ဖြစ်တဲ့နေရာကုုိ စစ်ဆေးရုံုသာမကဘူး။ သေတဲ့လူတွေကုုိ မဒိန်းကျင့်ပါတယ်ဆိုတဲ့ မိန်းကလေးမျိုးကုုိ ဆေးရုံလိုနေရာမှာ ဆက်လက် စစ်ဆေးသင့်တယ်"ဟု ရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။

"အစဉ်အလာမှာ ဒီလုုိ အမှုကြီးတွေမှာဆုုိရင် ထူးခြားဖြစ်စဉ်အားလုံုးကုုိ ဓါတ်ပုံုတွေနဲ့ တွဲပြီးတော့ တရားခွင်ကုုိ တင်ပါတယ်။ ဒါတွေလည်း တရားခွင်မှာ တင်ဖိုု့ ပျက်ကွက်နေတာကုုိ အမှုမှာ ပေါ်နေပါတယ်”ဟုု ၎င်းက ဆက်ပြောသည်။

ထုုိ့ကြောင့် သေဆုံုးသူ ဟန်၏ တန်ဆာနှင့် မြန်မာလုုပ်သားနှစ်ဦး၏ တံတွေးမှ DNA စစ်ဆေးလုုိ ကြောင်း တရားခံဘက်မှ ရှေ့နေများ တောင်းဆုုိစဉ် ထုုိင်းရဲတပ်ဖွဲ့ဘက်မှ ဒီအန်အေ နှင့်ပတ်သက်၍ မရှိတော့ကြောင်း ပြောဆုုိခဲ့သော်လည်း ထိုင်းနိုင်ငံ ဗဟုုိမူခင်းဆေးပညာသိပ္ဗံဌာန ညွန်ကြားရေးမှူး ဒေါက်တာ ဖွန်းထစ် ရိုကျနာ ဆူလန် တရားခွင်တွင် ထွက်ဆုုိမှုတွင် DNA တစ်ခုုအား နည်းလမ်းတကျ စစ်ဆေးမည်ဆုုိပါက ၎င်း DNA မတူညီမှုတွင် ၃ နှစ်မှ ၄ နှစ်အထိ သိမ်းထားနုုိင်သည်ဟုု ထွက်ဆုုိမှုများ ရှိခဲ့သဖြင့် မြန်မာလုုပ်သားများအား အရေးယူ၍ မရကြောင်း ရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။

“ဥပဒေအရ ပြောမယ်ဆုုိရင် သူတုုိ့ကုုိ အပြစ်ပေးလုုိ့ မရဘူးလုုိ့ပြောမှာပဲ။ ဘာဖြစ်လုုိ့လည်းဆုုိတော့ တရားစွဲအဖွဲ့က ကလေးတွေ ဖြောင့်ချက်ပေးတယ်ဆုုိတဲ့အချက်။ နောက်တချက်က ဒီအန်အေ မတူညီတဲ့အချက်၊ ရဲစခန်းမှာ ဖြောင့်ချက်ပေးတာလည်း တရားမဝင်ဘူး။ နောက်တခါ အကျိုးဆောင် ရှေ့နေမရှိဘူး။ ဒီအန်အေလည်း မတူညီဘူးဆုုိတာ ပေါ်လာတယ်”ဟုု သူက ပြောသည်။

စက်တင်ဘာလ ၂၃ ရက်နေ့တွင် တရားခံဟု စွပ်စွဲဖမ်းဆီးခံထားရသူ ကိုဝေဖြိုး ကော့သောင်းကျွန်းမှ ဆူရတ်ဌာနီသုုိ့ အသွားတွင် သဘောင်္ဆိပ်မှ လာကြိုသည့် မြန်မာလုုပ်သားနှစ်ဦးကုုိ စစ်ဆေးသွားမည် ဖြစ်ကြောင်း သူက ဆုုိသည်။

ထို့အပြင် မြန်မာသံရုံုးအဖွဲ့မှ ဒုတိယ သံအမတ် ဦးထွန်းအေး၊ ဘာသာပြန် ဦးအောင်စုုိး၊ ဆရာမ ဒေါ်သူဇာနွယ်တုုိ့ကုုိလည်း စက်တင်ဘာလ ၂၄ ရက်နှင့် ၂၅ ရက်များတွင် စစ်ဆေးသွားမည် ဖြစ်သည်။

၂၀၁၄ ခုုနှစ် စက်တင်ဘာလ ၁၅ ရက်က ဗြိတိန်နုုိင်ငံသား ဟန်နာ ဝစ်သာရစ်နှင့် ဒေးဗစ်မေလာ တုုိ့သည် လိပ်ကျွန်းကမး်ခြေတွင် အသတ်ခံခဲ့ရမှုတွင် မြန်မာလုုပ်သား ကုုိဇော်လင်းနှင့် ဝင်းဇော်ထွန်း တုုိ့ကုုိ တရားခံများအဖြစ် ဖမ်းဆီးထိန်းသိမ်းထားသည်။

Most read this week

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...