ပြည်သူအုပ်ချုပ်တဲ့ ဒီမိုကရေစီစနစ်ကျင့်သုံးရေး အောင်မြင်စေချင်တယ်လို့ ဦးရွှေမန်းပြော

ပြည်သူအုပ်ချုပ်တဲ့ ဒီမိုကရေစီစနစ်ကျင့်သုံးရေး အောင်မြင်စေချင်တယ်လို့ ဦးရွှေမန်းပြော
by -
မဇ္ဈိမ
ဒီမိုကရေစီစနစ်ကျင့်သုံးသည့် ဂျပန်နိုင်ငံကို အားကျပြီး မြန်မာနိုင်ငံတွင်လည်း ပြည်သူလူထုက အုပ်ချုပ်သည့် ဒီမိုကရေစီစနစ် ကျင့်သုံးရေးကို အောင်မြင်စေချင်သည်ဟု ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက ပြောဆိုလိုက်သည်။

“ပြည်သူအုပ်ချုပ်တဲ့ ဒီမိုကရေစီစနစ် ကျင့်သုံးရေးကို အောင်မြင်အောင် ဆောင်ရွက်သွားကြရမှာ ဖြစ်တယ်”ဟု သူရဦးရွှေမန်းက ပြောသည်။

စက်တင်ဘာ ၂၂ ရက်နေ့၊ နံနက်ပိုင်းက နေပြည်တော်လွှတ်တော်တွင်းရှိ ဇဗ္ဗူသီရိခန်းမဆောင်တွင် ဂျပန်နိုင်ငံ၊ နိုင်ငံခြားရေးဒုဝန်ကြီး H.E. Mr. Minoru Kiuchi နှင့် တွေ့ဆုံစဉ် သူရဦးရွှေမန်းက ပြောဆိုလိုက်ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၀ ခုနှစ်၌ ရွေးကောက်ပွဲကျင်းပပြီး ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များ လုပ်ဆောင်ခဲ့ရာတွင် အစိုးရတစ်ရပ်၏ သက်တမ်း ငါးနှစ် ကုန်ဆုံးတော့မည့် အချိန်အထိ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ မျှော်မှန်းသကဲ့သို့ ဖြစ်မလာနိုင်သေးဟုလည်း သူရဦးရွှေမန်းက စက်တင်ဘာ ၂၁ ရက်နေ့က ပြောဆိုထားသည်။

ဒီမိုကရေစီကျင့်သုံးမှုကြောင့် ချမ်းသာကြွယ်ဝသည့် ဂျပန်နိုင်ငံကို အားကျကြောင်းလည်း ဂျပန်နိုင်ငံ ခြားရေး ဒုဝန်ကြီးနှင့်တွေ့ဆုံစဉ် သူရဦးရွှေမန်းက ပြောသည်။

“မိမိတို့ မြန်မာနိုင်ငံအနေနဲ့လည်း ဖွံ့ဖြိုးတိုးတက်ချင်တယ်။ ယခင်ကလို ပြန်လည်ချမ်းသာ ကြွယ်ဝ ချင်တယ်”ဟု ၎င်းက ဆိုသည်။

May 9, 2026
ပေါ်ထွန်း — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စု၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆)...
May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...
May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...
May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...