အစိုးရ၏ ငြိမ်းချမ်းရေး ကြိုးပမ်းမှုဖြစ်စဉ်အပေါ် သံသယဖြစ်စေသည်ဟု မြန်မာအမျိုးသမီးသမဂ္ဂပြော

အစိုးရ၏ ငြိမ်းချမ်းရေး ကြိုးပမ်းမှုဖြစ်စဉ်အပေါ် သံသယဖြစ်စေသည်ဟု မြန်မာအမျိုးသမီးသမဂ္ဂပြော
by -
မဇ္ဈိမ
တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ်မူကြမ်း (NCA) လက်မှတ်ရေုးထုုိးရန် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အားလုံုး ပါဝင်ခွင့် မရသေးသည့်အတွက် အစုုိးရ၏ ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး ကြိုးပမ်းမှုဖြစ်စဉ်အပေါ် သံသယဖြစ်စေသည်ဟုု မြန်မာအမျိုးသမီးသမဂ္ဂက စက်တင်ဘာလ ၂၁ ရက်နေ့က ပြောဆိုလိုက်သည်။

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်များတွင် အစုုိးရ စစ်တပ်နှင့် တုုိက်ပွဲများ ဆက်လက် ဖြစ်ပွားနေသဖြင့် အပစ်အခတ် ရပ်စဲရေးလုပ်ငန်းစဉ်အား ပြန်လည်သုံုးသပ်သင့်သည်ဟု စက်တင်ဘာ ၂၁ရက်နေ့က ကျရောက်သော အပြည်ပြည်ဆုုိင်ရာ ငြိမ်းချမ်းရေးနေ့တွင် ကြေငြာချက် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

“တစ်နိုုင်ငံလုံး အပစ်အခတ် ရပ်စဲရေး၏ အဓိပ္ပာယ်နှင့် အနှစ်သာရ အပါအဝင် လက်ရှိ အစုုိးရ၏ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေး ကြိုးပမ်းမှု ဖြစ်စဉ်အပေါ် ထားရှိသည့် နုုိင်ငံရေး ဆန္ဒနှင့် စေတနာအား သံသယဖြစ်စေသည်”ဟုု ဖော်ပြထားသည်။

မြန်မာအစုုိးရနှင့် တုုိင်းရင်းသား လက်နက်ကုုိင် အဖွဲ့အစည်းများအနေဖြင့် NCA ကုုိ ၂၀၁၅ ရွေးကောက်ပွဲမတုုိင်မီ စာရွက်ပေါ်တွင် လက်မှတ်ရေးထုုိးနုုိင်ရေးကိုသာ စုုိင်းပြင်းမနေဘဲ လက်ရှိ စစ်ပွဲဒဏ်ကုုိ ခံစားနေရသည့် ပြည်သူလူထုုများ၏ ဆန္ဒနှင့် အသံအား ကုုိယ်စားပြုကာ အပစ်အခတ် ရပ်စဲရေးကုုိ လုုပ်ငန်းစဉ်အား ပြန်လည်သုံုးသပ်သင့်သည်ဟုု ထုုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိတွင် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တွင် တုုိက်ပွဲများ ဆက်လက်ဖြစ်ပွားနေမှုများသဖြင့် လက်ရှိ ငြိမ်းချမ်းရေးလုုပ်ငန်းစဉ်၏ တည်တံ့ခုုိင်မာမှုနှင့် အာမခံချက်ရှိမှုတုုိ့မှာ မေးခွန်းထုုတ်စရာ ဖြစ်နေသည်ဟုုလည်း ထုုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထုုိ့ပြင် အပစ်အခတ် ရပ်စဲရေးလုုပ်ငန်းစဉ် လုုပ်ဆောင်နေချိန်တွင် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၊ မြန်မာအမျိုးသား ဒီမုုိကရေစီ မဟာမိတ်တပ်မတော်(MNDAA)နှင့် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) စသည့် အဖွဲ့အစည်းများအား အစုုိးရ စစ်တပ်မှ တုုိက်လေယာဉ်များ သုံုးကာ အပြင်းအထန် ဆက်လက် ထုုိးစစ်ဆင်မှုများ ရှိခဲ့သည်ဟုုလည်း ဆုုိထားသည်။

လက်ရှိ ငြိမ်းချမ်းရေးလုုပ်ငန်းစဉ်တွင် ပါဝင်နေသော မြန်မာအစုုိးရနှင့် တုုိင်းရင်းသား လက်နက်ကုုိင် တော်လှန်ရေး အဖွဲ့အစည်းများမှ စစ်မှန်သည့် စေတနာဖြင့် ပြည်သူတစ်ရပ်လုံုး၏ အသံကုုိ ထင်ဟပ်စေပြီး အာမခံချက်ရှိသည့် ငြိမ်းချမ်းရေးလုုပ်ငန်းစဉ်ကုုိ သာ ဖော်ဆောင်ရန် မြန်မာ့အမျိုးသမီးသမဂ္ဂမှ တောင်းဆုုိထားသည်။

May 9, 2026
ပေါ်ထွန်း — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စု၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆)...
May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...
May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...
May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...