မြန်မာနိုင်ငံ၏ စတုတ္ထမြောက် ဆက်သွယ်ရေးအော်ပရေတာ ရွေးချယ်ရန် ၂ လခန့် ကြာအုံးမည်

မြန်မာနိုင်ငံ၏ စတုတ္ထမြောက် ဆက်သွယ်ရေးအော်ပရေတာ ရွေးချယ်ရန် ၂ လခန့် ကြာအုံးမည်
by -
မဇ္ဈိမ
မြန်မာနိုင်ငံ၏ စတုတ္ထမြောက် ဆက်သွယ်ရေးအော်ပရေတာ ရွေးချယ်ရန် အထူးကော်မတီ ဖွဲ့စည်းရေး လုပ်နေပြီ်း ၂ လခန့်ကြာအုံး မည်ဟု တင်ဒါလျှောက်ထားသည့် MAPCO အများပိုင်ကုမ္ပဏီ ဥက္ကဋ္ဌ ဦးရဲမင်းအောင်က မဇ္စျိမသို့ ပြောကြားသည်။

''နိုင်ငံတကာအဖွဲ့အစည်းဖြစ်တဲ့ ရိုလန်ဘာဂျာကုမ္ပဏီကို အကြံပေးခန့်ထားတယ်။ ရိုလန်ဘာဂျာက ကုမ္ပဏီထောင်မယ့်ကိစ္စတို့၊ ဒါရိုက်တာအဖွဲ့ ဖွဲ့မယ့်ကိစ္စတို့၊ နိုင်ငံခြားပါတနာနဲ့ ပူးပေါင်းဆောင်ရွက်မယ့် ကိစ္စတို့ လုပ်နေကြတယ်။ အခုမှ စလုပ်တော့နောက် ၂ လ လောက်ကြာအုံးမယ်။''ဟု သိရကြောင်း ဦးရဲမင်းအောင်က ပြောသည်။

ပုဂ္ဂလိကုမ္ပဏီများကိုမခေါ်ဘဲ အရင်းအနှီးငွေ မြန်မာကျပ်ငွေ ၃ ဘီလီယံနှင့်အထက် ထည့်ထားသော အများပိုင်ကုမ္ပဏီများသာ တင်ဒါလျှောက်လွှာတင်ခွင့်ပြုခဲ့ပြီး ကျပ်ငွေ ၁၄၀၀ ဘီလီယံကျော်ရှိသည့်် MAPCO ကလည်း ဝင်လျှောက်ခဲ့သည်ဟု ဦးရဲမင်းအောင်က ဆိုသည်။

Myanmar Agribusiness Public Corporation (MAPCO) သည် စိုက်ပျိုးရေးလုပ်ငန်းကို အထူးပြုသည့် အစိုးရမဟုတ်သော အများပိုင်ကုမ္ပဏီတစ်ခုအဖြစ် ၂၀၁၂ ခုတွင် ထူထောင်ခဲ့သည်ဟု ၎င်း၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြထား သည်။

စတုတ္ထမြောက်ဆက်သွယ်ရေးအော်ပရေတာအဖြစ် ရွေးချယ်ခံရန ်လျှောက်ထားသည့် မြန်မာ တိုင်းရင်းသား အများပိုင် ကုမ္ပဏီ ၁၇ ခု အနက် ကုမ္ပဏီတစ်ခုကို ပြည်ပပညာရှင်များ ပါဝင်သည့် ရွေးချယ်ရေးကော်မတီက စိစစ်ရွေးချယ်မည်ဖြစ်ပြီး ကော်မတီကိုသမ္မတ၏ စီးပွားရေးအကြံပေး ဒေါက်တာဇော်ဦးက ဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်မည်ဟု မြန်မာ့ဆက်သွယ်ရေး၊ စီးပွားရေးဌာန အထွေထွေမန်နေဂျာ ဦးသိန်းဟုတ်က မဇ္စျိမသို့ ပြောသည်။

ကာတာနိုင်ငံအခြေစိုက် အော်ရီဒူးနှင့် နော်ဝေနိုင်ငံအခြေစိုက် တယ်လီနောကုမ္ပဏီတို့ကို မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းက ၂၀၁၄ ခု ဖေဖော်ဝါရီလအတွင်း ဆက်သွယ်ရေးအော်ပရေတာ လုပ်ကိုင်ခွင့် လိုင်စင်ချထားပေးခဲ့ပြီး၊ ပြည်တွင်းကုမ္ပဏီ များဖြစ်သည့် ရတနာပုံတယ်လီပို့နှင့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း MPT တို့ကိုလည်း လုပ်ကိုင်ခွင့်ပြုထားသည်။

Most read this week

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...