“ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွ့ံွဖြိုးရေးပါတီဝင်ပဲဖြစ်ဖြစ်၊ အခုပရဟိတအသင်းနေနဲ့ လူမှုအကျိုးပြုလုပ် ငန်းတွေ လုပ်နေတဲ့ လူငယ်တွေပဲဖြစ်ဖြစ်၊ သာရေးနာရေး လုပ်ငန်းတွေလုပ်ပေးနေတဲ့ လူငယ်တွေပဲ ဖြစ်ဖြစ် ဒီ ယောကျင်္ားလေး မိန်ကလေး လူငယ်တွေကို ကျွန်တော်တို့အနေနဲ့ ပိုပြီးတော့ စွမ်းရည်ရှိတဲ့ လုပ်နိုင်ကိုင်နိုင်တဲ့ လူငယ်များဖြစ်အောင် ဆောင်ရွက်ပေးရမှာဖြစ်ပါတယ်”ဟု စက်တင်ဘာလ ၁၈ ရက်က ဇေယျာသီရိမြို့နယ် ခေါ်မကျေးရွာတွင် ဒေသခံများအား မဲဆွယ်စည်းရုံးရာ၌ ပြောကြားခဲ့သည်။
တပ်မတော်ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီးဘဝမှ အငြိမ်စားယူ၍ ယခုနှစ် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နေသည့် ဦးလှဌေးဝင်းက စိုက်ပျိုးရေးနှင့် ကုန်ထုန်လုပ်ငန်းများ၊ လူငယ်များဖွံ့ဖြိုးရေးနှင့် ဒေသဖွ့ံဖြိုးရေးလုပ်ငန်း များ ဆောင်ရွက်ရန် ရွေးကောက်ပွဲ ဝင်ရခြင်း ဖြစ်ကြောင်း နှင့် ပြည်ခိုင်ဖြိုးပါတီ နှင့် ၎င်းအား ရွေးချယ်မဲပေးရန် စည်းရုံးခဲ့သည်။
ဦးလှဌေးဝင်းက ပြီးခဲ့သည့် အစိုးရသက်တမ်းအတွင်း နိုင်ငံဖွံ့ဖြိုးတိုးတက်မှုုအတွက် အစိုးရ၏ လုပ်ဆောင်မှုအပေါ် အဆိုးမြင်ဖေန်မှုများကို ငြင်းဆိုလိုက်ပြီး ဇေယျာသီရိမြို့နယ် အပါအဝင် နိုင်ငံအတွင်း တိုးတက်မှု ရှိလာသည်ဟု ပြောဆိုခဲ့သည်။
၎င်းအနေဖြင့် ဒေသဖွ့ံဖြိုးရေးအတွက် စိုက်ပျိုးရေးမွေးမြူရေး အဆင့်တိုးမြှင့်မှုနှင့် အိမ်တွင်းစက်မှု လုပ်ငန်းများ ဖွံ့ဖြိုးရေးများကို လူငယ်များနှင့် ပူးပေါင်း၍ ဆောင်ရွက်သွားနိုင်ကြောင်း မဲဆွယ်ခဲ့သည်။
“ကျွန်တော်တို့ရဲ့ အတွေ့အကြံု ကျွန်တော်ရဲ့ရည်းမှန်းချက် ဒီဟာတွေကို ရှင်းပြရင်းနဲ့ ဒီဟာတွေဟာ ကျွန်တော့်တို့ကိုသာ ရွေးချယ်ခံရရင် ဒါမဖြစ်မနေ ဆောင်ရွက်ပေးနိုင်ပါတယ်ဆိုတဲ့ဟာကို ကျွန်တော့်အနေနဲ့ ကတိပြုပြောကြားလိုပါတယ် ခင်ဗျား”ဟု ပြောကြားခဲ့သည်။
စစ်တပ်မှ အငြိမ်းစားယူ၍ ရွေးကောက်ပွဲဝင်ရခြင်းအကြောင်းအရင်းသည် အမျိုးသားနိုင်ငံရေး တာဝန်ကို ထမ်းဆောင်ချင်၍ တပ်မှကူးပြောင်းလာခြင်းဖြစ်ကြောင်း ဦးလှဌေးဝင်းက စက်တင်ဘာလ (၁၃)ရက်နေ့က မဲဆွယ်ပွဲတစ်ခုအပြီး မီဒီယာများနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော်နေရာအတွက် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားပြု ယှဉ်ပြိုင်မည့် ဦးလှဌေးဝင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဒေါ်ခင်မျိုးသွင်၊ တိုင်းရင်းသားစည်းလုံး ညီညွှတ်ရေးပါတီမှ ဦးလှမြင့်တို့ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။







