တစ်နိုင်ငံလုံးအပစ်ရပ်လက်မှတ်ထိုးရေး ရက်သတ်မှတ်ရန် အစိုးရက တစ်ဖွဲ့ချင်းဖိတ်ကြားမှုအပေါ် သံသယဖြစ်မိဟု NCCT ခေါင်းဆောင်ပြော

တစ်နိုင်ငံလုံးအပစ်ရပ်လက်မှတ်ထိုးရေး ရက်သတ်မှတ်ရန် အစိုးရက တစ်ဖွဲ့ချင်းဖိတ်ကြားမှုအပေါ် သံသယဖြစ်မိဟု NCCT ခေါင်းဆောင်ပြော
by -
မဇ္ဈိမ
တစ်နိုင်ငံလုံုး အပစ်အခတ် ရပ်စဲရေးစာချုပ်မူကြမ်း(NCA) လက်မှတ်ရေးထုုိးရန် အစုုိးရဘက်မှ တုုိင်းရင်းသား လက်နက်ကုုိင် အဖွဲ့အစည်းများကုုိ တစ်ဖွဲ့ချင်းအလုုိက် ဖိတ်ခေါ်စာပုုိ့မှုအပေါ် သံသယ ရှိနေကြောင်း တစ်နိုုင်ငံလုံုး အပစ်အခတ် ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့ (NCCT) ခေါင်းဆောင် နုုိင်ဟံသာက ပြောသည်။

အစုုိးရဘက်မှ NCA လက်မှတ်ရေးထုုိးမည့် ရက်သတ်မှတ်နိုင်ရေးအတွက် စက်တင်ဘာ ၂၀ရက်နေ့ တွင် ဆွေးနွေးရန် တုုိင်းရင်းသား လက်နက်ကုုိင် အဖွဲ့အစည်း ၁၅ ဖွဲ့အား တစ်ဖွဲ့ချင်း ဖိတ်ခေါ်မှုအပေါ် သံသယ ရှိနေခြင်း ဖြစ်သည်။

“သူတုုိ့နဲ့ ဆွေးနွေးနေတာ အက်စ်ဒီအနေနဲ့ ဆွေးနွေးတယ်။ အက်စ်ဒီအနေနဲ့ ဆွေးနွေးနေတဲ့့ အနေအထားမှာ သူတိုု့ အဲဒီကိစ္စဆွေးနွေးချင်တယ်ဆုုိရင် အက်စ်ဒီကို တိုက်ရိုက် (Direct)ပြုလုုပ်ဖုုိ့ သင့်တယ်လုုိ့ မြင်တယ်။ အခုုက အဲဒီလုုိ မဟုုတ်ဘူး။ တဖွဲ့ချင်းဆီကုုိ လုုိက်ပြီး ဖိတ်ခေါ်နေတယ်။ အဲဒီအပေါ်မှာ အမြင်မကောင်းဘူး။ အမှန်ကတော့ အက်စ်ဒီနဲ့ တိုက်ရိုက် စုပေါင်းပြီးတော့ ဆွေးနွေး နေတဲ့ကာလမှ တဖွဲ့ချင်းဆီကို လိုက်ဖိတ်ပြီးတော့ လုပ်နေတဲ့ကိစ္စက တိုင်းရင်းသားတွေကို ခွဲပြီးတော့မှ လုုပ်နေတဲ့သဘောလားလုုိ့”ဟု နုုိင်ဟံသာက မဇ္ဈိမသို့ ပြောသည်။

လက်ရှိ အက်စ်ဒီ(SD)အနေဖြင့် အစုုိးရနှင့် ဆွေးနွေးနေသဖြင့် အဆင့်မြင့်ညှိနှိုင်းရေးကုုိယ်စားလှယ် အဖွဲ့နှင့် တိုက်ရိုက် ညှိနှိုင်းပါရန် ယနေ့ ဆွေးနွေးဆုံုဖြတ်ပြီးနောက် အသိပေးအကြောင်းကြားလုုိက်ပြီ ဖြစ်ကြောင်း နိုင်ဟံသာက ပြောသည်။

စက်တင်ဘာလ ၁၇ ရက်နှင့် ၁၈ ရက် နှစ်ရက်ကြာ ထုုိင်းနုုိင်ငံ ချင်းမုုိင်မြို့တွင် အဆင့်မြင့် ညှိနှိုင်းရေး ကုုိယ်စားလှယ်အဖွဲ့ (အက်စ်ဒီ) အစည်းအဝေးတွင် စက်တင်ဘာလ ၉ ရက်က တိုင်းရင်းသား ထိပ်သီး ခေါင်းဆောင် ၅ ဦးနှင့် အဆင့်မြင့် ညှိနှိုင်းရေး ကုုိယ်စားလှယ်ဖွဲ့ ခေါင်းဆောင် ၃ ဦးတုုိ့ နေပြည်တော်တွင် အစုုိးရနှင့် တွေ့ဆုံုဆွေးနွေးမှုကုုိ ပြန်လည် သုံုးသပ်ခဲ့သည်ဟု သူက ပြောသည်။

ထုုိ့အပြင် သမ္မတ ဦးသိန်းစိန်က ကိုးကန့်တပ်မတော်ကိစ္စအား သီးသန့်ဆက်သွယ်နေသည်ဟု ပြောဆို သော်လည်း မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော်-ကိုးကန့်တပ်ဖွဲ့ (MNDAA)ကို ယခုထိ မည်သုုိ့ ဆက်သွယ်ဆွေးနွေးလာခြင်း မရှိသေးသလုုိ၊ ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)ကုုိလည်း သီးခြား အပစ်အခတ် ရပ်နုုိင်ရန်အတွက် အမြန်ဆုံး ဆွေးနွေးမည်ဟုု ပြောဆုုိမှုနှင့်ပတ်သက်၍လည်း အစုုိးရဘက်မှ ယခုချိန်ထိ ဆက်သွယ်ခြင်း မရှိသဖြင့် ဝန်ကြီး ဦးအောင်မင်း၏ ပြောဆုုိမှုအပေါ် သံသယ ဖြစ်နေသည်ဟုု နုုိင်ဟံသာက ပြောသည်။

“အဲဒါတွေက သဘောက ဦးအောင်မင်းတုု့ိက စကားလှအောင် ပြောနေတာလားလုုိ့ သံသယဖြစ်တယ်။ နောက် အေအေ (AA)အဖွဲ့မှာ ထားတဲ့ သဘောထားကလည်း အေအေဖွဲ့က ဖြစ်နုုိင်ချေမရှိဘူး။ ကောင်းတဲ့အမြင်တော့ မဖြစ်နုုိင်ဘူးဆုုိပြီး အေအေက မြင်နေတယ်”ဟုု သူက ပြောသည်။

တိုုင်းရင်းသား လက်နက်ကုုိင် အဖွဲ့အစည်း ၁၅ ဖွဲ့မှ ရ ဖွဲ့သာ NCA လက်မှတ်ရေးထုုိးနုုိင်ဖွယ်ရှိနေ သည်ဟုု ပြောဆုုိမှုများရှိနေသော်လည်း လာမည့် တုုိင်းရင်းသား ထိပ်သီးခေါင်းဆောင်များ၏ အစည်းအဝေးတွင် ဆွေးနွေးဆုံုးဖြတ်ကြမည် ဖြစ်ကြောင်း နုုိင်ဟံသာက ပြောသည်။

တုုိင်းရင်းသားခေါင်းဆောင်များ၏ ထိပ်သီးအစည်းအဝေးကုုိ ထုုိင်းနုုိင်ငံ ချင်းမုုိမြို့တွင် လာမည့် စက်တင်ဘာလ ၂၈ ရက်တွင် စတင်ကျင်းပရန် ဆွေးနွေးထားသည်ဟုု သူက ဆုုိသည်။

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပုုိင်းတွင် အစုုိးရစစ်တပ်က ထုုိးစစ်ဆင်တိုုက်ခုုိက်နေမှုအပေါ် SD အစည်းအဝေးတွင် ထည့်သွင်း ဆွးနွေးခြင်း မရှိသော်လည်း အစုုိးရအပေါ် ယုံုကြည်မှု ကျဆင်း သွားကြောင်း နိုုင်ဟံသာက ပြောသည်။

Most read this week

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...