ကချင် နှင့် ရှမ်းမြောက်တွင် ကေအိုင်အေ နှင့် တပ်မတော် တိုက်ပွဲပြင်းထန်ဟုဆို

ကချင် နှင့် ရှမ်းမြောက်တွင် ကေအိုင်အေ နှင့် တပ်မတော် တိုက်ပွဲပြင်းထန်ဟုဆို
by -
မဇ္ဈိမ
ကချင်ပြည်နယ် ဗန်မော်ခရုုိင်နှင့် ရှမ်းပြည်နယ် မြောက်ပုုိင်းတို့တွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၏ တပ်များ နှင့် အစုုိးရ စစ်တပ်တုုိ့အကြား စက်တင်ဘာလ ၁၈ ရက်တွင် တုုိက်ပွဲ ပြင်းထန်နေသည်ဟု ကေအိုင်အေက ပြောဆိုသည်။

ဗန်းမော်ခရုုိင် မန်စီမြို့နယ် မုုန်ဒိန်းပါကျေးရွာတွင် လေးရက်မြောက်အဖြစ် စက်တင်ဘာလ ၁၈ ရက် နံနက် ၁၁ နာရီခွဲမှ ညနေပုုိင်းထိ တိုုက်ပွဲဖြစ်ပွားနေခြင်း ဖြစ်သည်ဟု သိရသည်။

“၁၁ နာရီခွဲကနေ စပြီး မုုန်ဒိန်းပါမှာ တုုိက်ပွဲဖြစ်တာ။ အစိုးရစစ်တပ်ဘက်က စစ်ကြောင်း ၂ ခု ၃ ခုဆိုတော့ အင်အား ၁၀၀ ကျော်ရှိမယ်။ သူတိုု့က ကျနော်တုုိ့ နေတဲ့ဘက်မှာ လာလှုပ်ရှားနေတယ် ဆိုတော့ ဒီနေ့ဆိုရင် တိုက်ပွဲဖြစ်တာ လေးရက်ရှိသွားပြီ။ ညနေထိ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေကြ တယ်”ဟုု KIA တပ်ရင်း ၁၂ မှ တပ်ရင်းမှူး ဗုုိလ်မှူး ဂျွန်းအောင်က မဇ္ဈိမသို့ ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၅ ရက်မှစတင်၍ ယနေ့ထိ KIA တပ်ရင်း ၁၂ နယ်မြေအတွင်း အစုုိးရ စစ်တပ်များအင်းအား တုုိးမြှင့်၍ လှုပ်ရှားလာသဖြင့် တုုိက်ပွဲများ ၄ ရက်ကြာ နေ့စဉ် ဖြစ်ပွားနေခြင်း ဖြစ်သည်။

အစုုိးရ စစ်တပ်ဘက်မှ နယ်မြေစုုိးမုုိးရေးလုုပ်ဆောင်နေခြင်းဖြစ်ပြီး အစုုိးရဘက်မှ ဆုတ်ခွာသွားခြင်း မရှိပါက တုုိက်ပွဲများ ဆက်လက် ပြင်းထန်လာဖွယ်ရှိနေသည်ဟုု သူက ပြောသည်။

“တုုိက်ပွဲက ပြင်းထန်တယ်လုုိ့ ပြောရမှာပဲ။ ကျနော်တုုိ့က ပျောက်ကြားနည်းနဲ့ ခုခံတိုက်ခိုက်နေတယ်။ ကျနော်တို့ဘက်ကလည်း ထိုးစစ်ဆင်တုုိက်ခိုက်မယ် ဆုုိရင်တော့ တိုက်ပွဲက ပုုိပြင်းထန်လာနုုိင်မယ်”ဟု သူက ပြောသည်။

ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့နယ် ဝင်းဆုုိင် အခြေစုုိက် အစိုးရစစ်တပ်က KIA တပ်မဟာ ၄ လက်အောက်ခံတပ်ရင်း ၃၆ နယ်မြေအတွင်း ထိပ်တုုိက် ရင်ဆုုိင်တုုိက်ပွဲ ဖြစ်ပွားခြင်း မရှိိသော်လည်း အစိုုးရဘက်မ ၁၂၀ မမ လက်နက်ကြီးဖြင့် စက်တင်ဘာလ ၁၈ ရက် နံနက် ၈ နာရီမှ ၁၂ နာရီဝန်းကျင်အထိ ပစ်ခတ် တုုိက်ခုုိက်နေသည်ဟုု တပ်မဟ ၄ မှ ဒုုတပ်မမှှူး ဗိုုလ်မှူးကြီး ဇော်ဂမ်က မဇ္ဈိမသို့ ပြောသည်။

“ရင်ဆိုုင်တုုိက်ပွဲဖြစ်တာတော့ မရှိဘူး။ အစုုိးရဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်တာဘဲ။ ဝင်းဆိုင်ကနေ ၅၊ ၆ မုုိင်လောက်ဝေးတဲ့ ကေအုုိင်အေ တပ်ရင်း ၃၆ ရှိရာ လွိုင်ဂျွန်ဘွမ်ဘက်သုုိ့ လက်နက်ကြီးနဲ့ ပစ်တယ်၊ အဲဒီလုုိ လက်နက်ကြီးနဲ့ ပစ်ပြီးတော့ ကျနော်တိုု့ဘက် တက်လာနေတာ”ဟုု သူက ပြောသည်။

May 9, 2026
ပေါ်ထွန်း — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စု၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆)...
May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...
May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...
May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...