အမတ်လောင်း အတည်ပြုရေး ဆုံးဖြတ်ရန် ၃ဦး ကျန်နေသေး

အမတ်လောင်း အတည်ပြုရေး ဆုံးဖြတ်ရန် ၃ဦး ကျန်နေသေး
by -
မဇ္ဈိမ
အမတ်လောင်းအဖြစ် ပြည်ထောင်စုရွေးကောက်ပွဲကေ်ာမရှင်က အတည်ပြုဆုံးဖြတ်ပေးရန် ၃ဦး ကျန်ရှိ နေသေးသည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှုး ဦးဝင်းဦးခိုင်က စက်တင်ဘာ ၁၇ ရက်နေ့တွင် မဇ္ဈိမသို့ ပြောသည်။

"ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၅၃ အရ အသနားခံစာတင်လာလို့ စိစစ်ပေးတာ မဟုတ်ဘူး။ မှားယွင်း ဆုံးဖြတ်မှုရှိမရှိကို ကြည့်ပေးတာ။ မဲလက်မှတ်ရိုက်ရမယ့် ကိစ္စတွေလည်းရှိတဲ့အတွက် ဒီတစ်ရက် နှစ်ရက်အတွင်းမှာ ဆုံဖြတ်ပေးမှာပါ။"ဟု ၎င်းက ဆိုသည်။

ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၅၃တွင် ကော်မရှင်အဖွဲ့ခွဲ အသီးသီး၏ ရွေးကောက်ပွဲဆိုင်ရာ ဆောင်ရွက်ချက် ဆုံးဖြတ်ချက်များနှင့် ဆက်လျဉ်း၍ ပြည်ထောင်စုကော်မရှင်သည် မိမိဆန္ဒအလျောက် သက်ဆိုင်ရာအမှုတွဲ၊ စာရွက်စာတမ်းများကို တောင်းယူကြည့်ရှု၍ လိုအပ်သလို အဆုံးအဖြတ် ချမှတ်နိုင်သည်။ ယင်းဆုံးဖြတ်ချက်သည် အပြီးအပြတ် ဖြစ်စေရမည်ဟု ပြဌာန်းထားသည်။

လက်ရှိဆုံးဖြတ်ရန် ကျန်ရှိနေသည့် အမတ်လောင်းသုံးဦးမှာ ရန်ကုန်တိုင်းလွှတ်တော်၊ သင်္ကန်းကျွန်း မဲဆန္ဒနယ် အမှတ် ၂ မှ ဒေါ်စန်းစန်းမြင့် (အမျိုးသားဒီမိုကရေစီပါတီသစ်)၊ ပန်းပဲတန်းမြို့နယ် ပြည်သူ့ လွှတ်တော်အမတ်လောင်းများ ဖြစ်သည့် ဦးမောင်မောင်ကြီး (တစ်သီးပုဂ္ဂလ) နှင့် ဦးခင်မောင်ချို (တစ်သီးပုဂ္ဂလ) တို့ဖြစ်ကြသည်။

ခရိုင်အဆင့်ရွေးကောက်ပွဲကော်မရှင်များသည် နိုင်ငံရေးပါတီပေါင်း ၉၂ပါတီမှ တင်သွင်းလာသည့် အမတ််လောင်း ၆၅၀၀ ခန့်ကို သြဂုတ် ၁၈ရက်မှ ၃၁ ရက်နေ့အထိ စိစစ်ပြီး၊ ကိုယ်စားလှယ်လောင်း ၈၈ဦးကို ပယ်ချခဲ့သည်။ ယင်း ၈၈ဦးမှာ ကချင်ပြည်နယ်တွင် ၁ဦး၊ ကယားပြည် ၂ဦး၊ ကရင် ၅ဦး၊ စစ်ကိုင်း ၂ဦး၊ ပဲခူး ၉ဦး၊ မကွေး ၂ ဦး၊ မွန် ၄ဦး၊ ရခိုင် ၂၈ဦး၊ ရန်ကုန် ၂၄ဦးနှင့် ရှမ်း ၁၁ ဦးတို့ဖြစ်သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ခွင့်ပြုထားသည့် မဲဆွယ်စည်းရုံးရေးကာလမှာ စက်တင်ဘာ ၈ရက်မှ နိုဝင်ဘာ ၆ ရက်ထိ ရက်ပေါင်း ၆၀ ဖြစ်ပြီး၊ စက်တင်ဘာ ၁၇ သည် ၁၀ ရက်မြောက်နေ့ ဖြစ်သည်။

May 9, 2026
ပေါ်ထွန်း — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စု၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆)...
May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...
May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...
May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...